အေးမင်းဟန်

မြန်မာနိုင်ငံသား နိုင်ငံရေးသမား

ဦးအေးမင်းဟန် (၂၀ မေ ၁၉၈၃ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားပြု တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ဦးအေးမင်းဟန်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်မွန်ပြည်နယ် မဲဆန္ဒနယ် ၁
အနိုင်ရမဲ အရေအတွက်၃၈၃၀၉ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1983-05-20) ၂၀ မေ၊ ၁၉၈၃ (အသက် ၄၀)
မော်လမြိုင်မြို့၊ မွန်ပြည်နယ်မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘဦးတင်ဝင်း (ဖခင်)
ဒေါ်ကြင်သန်း (မိခင်)

အစောပိုင်းဘဝ ပြင်ဆင်ရန်

ဦးအေးမင်းဟန်ကို ၁၉၈၃ ခုနှစ် မေလ ၂၀ ရက်နေ့တွင် မွန်ပြည်နယ်မော်လမြိုင်မြို့၌ ဦးတင်ဝင်းနှင့် ဒေါ်ကြင်သန်းတို့က မွေးဖွားခဲ့သည်။[၁][၂]

နိုင်ငံရေး လှုပ်ရှားမှု ပြင်ဆင်ရန်

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ၃၈၃၀၉ မဲဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ သူသည် အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်လည်း ဖြစ်သည်။[၃][၂]

ကိုးကား ပြင်ဆင်ရန်

  1. Mp Profile (in my)။ Amyotha Hluttaw။ 23 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဖေဖော်ဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်း (in my)။ 9 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2018 တွင် ပြန်စစ်ပြီး။
  3. Elections Results – Global New Light Of Myanmar။ Myanmar1329.rssing.com။ 2018-08-29 တွင် ပြန်စစ်ပြီး။