အဲမန္တလေးသည် ရန်ကုန်မြို့ အခြေစိုက် လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင်း ခရီးစဉ်များကို ပြေးဆွဲပျံသန်းလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများသို့လည်း လေယာဉ်စင်းလုံးငှားဝန်ဆောင်မှုများလည်း ပေးနေသည်။ အဓိကအခြေစိုက်ရာကွင်းမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်သည်။ ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးခရီးစဉ်အဖြစ် ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ စတင်ပျံသန်းခဲ့သည်။ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ၁၉၉၅ ခုနှစ် ဩဂုတ် ၂၇ ရက်နေ့တွင် ပျံသန်းခဲ့သည်။

Air Mandalay
IATA ICAO Callsign
6T AMY AIR MANDALAY
တည်ထောင်၆ အောက်တိုဘာ ၁၉၉၄
စတင်ပျံသန်း၁၈ အောက်တိုဘာ ၁၉၉၄
ရပ်နား၄ စက်တင်ဘာ ၂၀၁၈
အခြေစိုက် ဌာနရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
မန္တလေးချမ်းမြသာစည်လေဆိပ်
လေယာဉ်ပေါင်း
ပျံသန်းဌာနေပေါင်း၁၂
ဆောင်ပုဒ်Safety, Reliability & Comfort
မိခင်ကုမ္ပဏီAir Mandalay Ltd.
မြန်မာ့လေကြောင်း
ဌာနချုပ်ရန်ကုန်မြို့မြန်မာနိုင်ငံ
ဝက်ဘ်ဆိုဒ်www.airmandalay.com

ပျံသန်းမှုများ ပြင်ဆင်ရန်

 
အဲမန္တလေး၏ TR 72 လေယာဉ်တစ်စင်းကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
 
အဲမန္တလေး၏ ATR 42 လေယာဉ်တစ်စင်းကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်

၂၀၁၁ ဧပြီလအထိ အဲမန္တလေးမှ ပျံသန်းလျက်ရှိသော ခရီးစဉ်များ :[၁]

မြန်မာနိုင်ငံ
ထိုင်းနိုင်ငံ
စင်ကာပူနိုင်ငံ

ပျံသန်းမှုရပ်နားခြင်း ပြင်ဆင်ရန်

၂၀၁၈ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှ စတင်၍ လေကြောင်းခရီးစဉ်များအားလုံးကို ရပ်နားကာ လေကြောင်းပျံသန်းခွင့်လိုင်စင်ကို ပြန်လည်အပ်နှံခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Air Mandalay Route Map။ 8 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2014 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်