အဲအိဂျိရိုး

အင်္ဂလိပ်-ဂျပန်ဘာသာပြန် corpus

အဲအိဂျိရိုး (英辞郎, Eijirō) သည် အလွန်ကြီးမားသည့် အင်္ဂလိပ် - ဂျပန်ဘာသာပြန် ဒေတာဘေ့တစ်ခု ဖြစ်သည်။ အီလက်ထရွန်နစ်အဘိဓာန်ပရောဂျက်၏ တည်းဖြတ်သူများက တီထွင်ခဲ့ပြီး ဘာသာပြန်သူများအတွက် ရည်ရွယ်သည်။ အဲအိဂျိရိုးသည် လက်ရှိအချိန်တွင် အင်တာနက်ပေါ်ရှိ အထင်ရှားဆုံးသော အဘိဓာန်တစ်ခုလည်း ဖြစ်သည်။ ပါဝင်သည့်အကြောင်းအရာများသည် နည်းပညာပိုင်းအရ တူညီသော်လည်း အီလက်ထရွန်နစ်အဘိဓာန်စီမံကိန်း (EDP) က အင်္ဂလိပ်-ဂျပန်ဒေတာဘေ့ကို Waeijirō (和英辞郎) အဖြစ် ရည်ညွှန်းသည်။

Eijirō
မူလရေးသူ(များ)Electronic Dictionary Project
ပထမဆုံး ဖြန့်ချိခြင်းbefore April 1998
တည်ငြိမ်သောထုတ်ပြန်မှု
Ver. 159 / ဇန်နဝါရီ ၁၅၊ ၂၀၂၀; ၄ နှစ် အကြာက (၂၀၂၀-၀၁-15)
ပရိုဂရမ်းမင်း
ဘာသာစကား
Plain text (Shift JIS) / PDIC
ဆော့ဖ်ဝဲလ် အမျိုးအစားReference software
လိုင်စင်Proprietary commercial software
ဝက်ဘ်ဆိုဒ်eijiro.jp

သမိုင်းကြောင်း ပြင်ဆင်ရန်

အဲအိဂျိရိုးစီမံကိန်းကို အမည်သိရှိရခြင်းမရှိသည့် ဂျပန်ဘာသာပြန်သူတစ်ဦးက စတင်ခဲ့သည်။ စတင်သည့်အချိန်က သူ၏ မိတ်ဆွေဖြစ်သူများထံမှ မှတ်ချက်ကောင်းများ ရရှိခဲ့သည်။ သူသည် အီလက်ထရွန်နစ်အဘိဓာန်စီမံကိန်းကို စတင်ခဲ့သည်။ ထိုစီမံကိန်းသည် ဝီကီကဲ့သို့ တည်ဆောက်ပုံတူကာ အသုံးပြုသူများအား အဓိဓာန်တွင် ပါဝင်ပူးပေါင်းနိုင်အောင် လုပ်ဆောင်ထားသည်။[ကိုးကားချက်လိုသည်] ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်စေသည့်အချက်ကြောင့်ပင် ဒေတာဘေ့၏ လေးကြိမ်ကြောင့် ထုတ်ဝေမှုတွင် ဒေတာအချက်အလက်ပေါင်း ၁.၆၆ သန်းကျော် ရှိခဲ့သည်။[၁]

အသွင်အပြင်များ ပြင်ဆင်ရန်

အဘိဓာန်ဟု ယေဘုယျအားဖြင့် ခေါ်သော်လည်း အဲအိဂျိရိုးသည် အခြားသောဂျပန်အဘိဓာန်များနှင့် ကွဲပြားသည်။

ရရှိနိုင်မှု ပြင်ဆင်ရန်

အဲအိဂျိရိုးကို အွန်လိုင်မှတဆင့် ဝယ်ယူကာ CD-R သို့မဟုတ် ဒေါင်းလုပ်ဖိုင်အနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်သည်။ SpaceALC မှ အဲအိဂျိရိုကို ၂၀၀၂ ခုနှစ်တွင် ထုတ်ဝေသည်။ SpaceALC ဗားရှင်းသည်၂၀၁၆ ခုနှစ်တွင် ရှစ်ကြိမ်မြောက်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။[၂]

ထို့အပြင် အဲအိဂျိရိုး၏ အွန်လိုင်းဗားရှင်း SpaceALC ဂျပန်ဘာသာစကားဝဘ်ကဆိုက်မှတစ်ဆင့် အခမဲ့ထောက်ပံ့ပေးထားသည်။

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. (in ဂျပန်) 英辞郎 第四版:アルクオンラインショップ Archived 2007-10-11 at the Wayback Machine.
  2. (in ဂျပန်) History Archived 2008-09-27 at the Wayback Machine.