အ​ရှေ့​တောင်အာရှရှိ ဗုဒ္ဓဘာသာ

အ​ရှေ့​တောင်အာရှနိုင်ငံများရှိ ဗုဒ္ဓဘာသာ

အ​ရှေ့​တောင်အာရှ၏ ဗုဒ္ဓဘာသာ တွင် အဓိကအားဖြင့် ​ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ တို့ပါဝင်ကာ အခြားသော ဂိုဏ်းခွဲများလည်း ပါဝင်ကြသည်။။ သမိုင်း​ကြောင်းအရ မဟာယာနဗုဒ္ဓဘာသာမှာ ထင်ရှားခဲ့​သော်လည်း ယ​နေ့အချိန်တွင် ​ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများပြားသည်။ ​ထေရဝါဒကိုးကွယ်​သော အ​ရှေ့​တောင်အာရှနိုင်ငံများမှာ ထိုင်း၊ က​မ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့ဖြစ်သည်။[၁]

ရွှေတိဂုံစေတီတော်

ဗီယက်နမ်နိုင်ငံသည် တရုတ်လူမျိုးများ​ကြောင့် မဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။[၂]အင်ဒိုနီးရှားနိုင်ငံသည် ယခင်က မဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့​သော်လည်း ယခုအချိန်တွင် စင်ကာပူနှင့် တရုတ်နိုင်ငံကဲ့သို့ တရုတ်လူမျိုးများသာ မဟာယာနဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။ မဟာယာနဗုဒ္ဓဘာသာမှာ တရုတ်လူမှုအဖွဲ့အစည်းများအတွင်း ထင်ရှားပြီး စင်ကာပူ၊ မ​လေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့တွင် ထင်ရှား​​သော လူနည်းစုဘာသာအဖြစ် ကျန်ရှိ​နေသည်။

သမိုင်း​ကြောင်း ပြင်ဆင်ရန်

အ​စောပိုင်းနှင့်မူလ ပြင်ဆင်ရန်

 

အ​ရှေ့​တောင်အာရှသို့ ဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံမှတစ်ဆင့် တိုက်ရိုက်​သော်လည်း​ကောင်း၊ အလယ်အာရှနှင့် တရုတ်မှ သွယ်ဝိုက်၍လည်း​ကောင်း ​ရောက်ရှိလာခဲ့သည်။ ဘီစီ ၃ရာစုတွင် မူရင်းကို ထိန်းချင်သောရဟန်းများနှင့် ဝဇ္ဇီရဟန်းများအကြား ဝိနည်းရေးရာ သ​ဘောထားကွဲလွဲလာခဲ့သည်။ ဤမှပင်အစပြု၍ ထေရဝါဒနှင့် မဟာယာန ဂိုဏ်များကွဲသည်ဟု ယူဆကြလေသည်။[၃]

​​ထေရဝါဒဗုဒ္ဓဘာသာသည် ဘီစီ၃ရာစုမှ ​အေဒီ၅ရာစုအတွင်း ထင်ရှားလာပြီး အ​ရှေရ့​တောင်အာရှသို့ ​အေဒီ၁၁ရာစုမတိုင်မီက ​ရောက်ရှိခဲ့ခြင်းမရှိ​ပေ။​နောက်ပိုင်းမှသာ အိန္ဒိယနိုင်ငံ​တောင်ပိုင်းမှတစ်ဆင့် သီရိလင်္ကာ၊ မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံများသို့ ပျံ့နှံ့​ရောက်ရှိခဲ့သည်။ ၁၂ရာစုတွင် မဟာယနဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံ​မြောက်ပိုင်းမှတစ်ဆင့် တိဗက်၊ တရုတ်ကိုဖြတ်ကာ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့်အခြား​ဒေသများသို့ ​ရောက်ရှိသည်။

သို့​သော် ဗုဒ္ဓဘာသာသည် အ​​ရှေ့​တောင်အာရှသို့ အိန္ဒိယ၊ တရုတ်နှင့် သီရိလင်္ကာတို့မှတစ်ဆင့် ၁၊ ၂၊ ၃ ရာစုခန့်များကပင် ​ရောက်ရှိ​နေ​ကြောင်း​တွေ့ရသည်။​ ထေရဝါဒဗုဒ္ဓဘာသာ၏ အ​ရှေ့​တောင်အာရှတွင် အ​စောဆုံး​သော အဖြစ်အပျက်မှာ ဘီစီ ၂၅၀ ခန့်က ယခု​​ခေတ် မြန်မာနိုင်ငံ​ဒေသသို့ အာ​သောက​မင်းကြီးမှ ​စေလွှတ်လိုက်​သောအဖွဲ့၏ ဖြစ်ရပ်ဖြစ်သည်။ ထိုအဖွဲ့မှာ မွန်ဘုရင်ထံ​ရောက်ရှိပြီး ​မြောက်မြားစွာ​သောလူများမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကုန်ကြသည်။ ထို့အပြင် အခြား​သော ​ဒေသများတွင်လည်း ကုန်ကူးသန်း​ရောင်းဝယ်မှု​ကြောင့် ဗုဒ္ဓဘာသာ ထွန်းကားလာသည်။ ယ​နေ့​ခေတ် မြန်မာနိုင်ငံ​ဒေသသို့ ဗုဒ္ဓဘာသာထွန်းကားလာပြီး​နောက် အ​ရှေ့​တောင်အာရှ ပင်မကျွန်းဆွယ်​ဒေသနှင့် ယ​နေ့​ခေတ် အင်ဒိုနီးရှားနှင့် မ​လေးရှား​ဒေသရှိ ကျွန်းများသို့ပါ ထွန်းကားလာသည်။

အ​ရှေ့​တောင်အာရှတွင် အဓိက ဗုဒ္ဓဘာသာလမ်းစဉ် ၂ရပ်ရှိသည်။​ထေရဝါဒနှင့် မဟာယနတို့ဖြစ်သည်။​ထေရဝါဒသည် အထက်တွင်​ဖော်ပြခဲ့သည့်အတိုင်း အိန္ဒိယနိုင်ငံ​တောင်ပိုင်းမှ သီရိလင်္ကာ၊ ထိုမှတစ်ဆင့် ယ​နေ့​ခေတ် မြန်မာ၊ထိုင်း၊ လာအို၊ က​မ္ဘောဒီးယားနှင့် ​တောင်ဗီယက်နမ်တို့တွင် ထွန်းကားသည်။ မဟာယနသည် အိန္ဒိယ​သာမက တရုတ်နိုင်ငံထံမှပါ ၁ရာစု၊၂ရာစုကာလများမှ ဝင်​ရောက်လာပြီး ယခုအခါ ဗီယက်နမ်နိုင်ငံတွင် ထွန်းကား​နေသည်။

သီရိဗီဂျာရာ၊ ဂျာဗားနှင့် ခမာအင်ပါယာ ပြင်ဆင်ရန်

၅ရာစုမှ ၁၃ရာစုအ​တောအတွင်း အ​ရှေ့​တောင်အာရှအင်ပါယာအများစုသည် အိန္ဒိယ၏ တိုက်ရိုက်လွှမ်းမိုးမှု​အောက်တွင်ရှိသည်။ ထို့​ကြောင့် ထိုအင်ပါယာများသည် မဟာယနကိုးကွယ်ခဲ့ကြသည်။ ကျွန်းစုအင်ပါယာဖြစ်​သော သီရိဗီဂျာရာသည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြာူကျွန်းရှိ ပလန်းပင်​ဒေသတွင် အ​ခြေစိုက်သည်။ တရုတ်ခရီးသွားဘုန်း​တော်ကြီး ယီကျင်းက ပလန်းပင်ကို ဗုဒ္ဓဘာသာကို သင်ယူနိုင်ရန် ကြီးကျယ်​သော​နေရာဟု ​ဖော်ပြခဲ့သည်။

ခမာအင်ပါယာ၏လက်​အောက်တွင် ​က​မ္ဘောဒီးယားနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စေတီ​ပေါင်း ၉၀၀​ကျော် တည်ခဲ့သည်။ ထိုအထဲတွင် အန်​ကောဝပ်မှာ ဗဟိုဌာနဖြစ်ပြီး ထိုအနီးတစ်ဝိုက်တွင် ​နေထိုင်သူ တစ်သန်း​ကျော်​နေထိုင်နိုင်ခဲ့သည်။

​ထေရဝါဒဗုဒ္ဓဘာသာ၏ အ​စောပိုင်းထွန်းကားမှု ပြင်ဆင်ရန်

အ​​ရှေ့​တောင်အာရှ​ဒေသသို့ ​ထေရဝါဒဗုဒ္ဓဘာသာ ​ရောက်ရှိခဲ့ခြင်းတွင် နည်းလမ်းများစွာရှိသည်။ ထိုအထဲမှ အဓိကအချက်သုံးချက်မှာ ကုန်သွယ်ခြင်း၊ ထိမ်းမြားခြင်းနှင့် ​သာသနာပြုစေလွှတ်ခြင်းများ​ကြောင့်ဖြစ်သည်။ မြန်မာတိုင်းရင်းသားမျိုးနွယ်စုဖြစ်​သော မွန်လူမျိုးများသည် ​ထေရဝါဒဗုဒ္ဓဘာသာထွန်းကား​ရေးအတွက် စွမ်း​ဆောင်ခဲ့သူများလည်းဖြစ်သည်။ အာ​သောကမင်းကြီးလက်ထက်တွင် မွန်တို့ထံသို့ ဗုဒ္ဓဘာသာ စတင်​ရောက်ရှိလာခဲ့သည်။[၄]အာ​သောကမင်းသည် သူ၏နိုင်ငံကို ဗုဒ္ဓ၏အဆုံးအမများနှင့်အညီ အုပ်ချုပ်ခဲ့သည်။ သူ၏လက်ထက်တွင် ဗုဒ္ဓ၏လမ်းစဉ်များ ပြန့်ပွား​ရေးအတွက်အ​ရှေ့ပိုင်း၊မက်ဆီဒိုနီးယား​ဒေသနှင့် အ​ရှေ့​တောင်အာရှ​​ဒေသမျာယသို့ သာသနာပြုလုပ်ငန်းများ ​​စေလွှတ်ခဲ့သည်။ မွန်တို့သည် အ​စောပိုင်းကျ​သော လူမျိုးနွယ်စုများဖြစ်ကာ မွန်များမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာထွန်းကားလာသည်။

၁၁ရာစုအလယ်ပိုင်းတွင် အ​ရှေ့​နောင်အာရှ​ဒေသ၌ ဗုဒ္ဓဘာသာသည် ကျဆင်းလာသည်။၁၁ရာစုမှ ၁၃ရာစုအတွင်းတွင် ခမာအင်ပါယာသည် အ​ရှေ့​တောင်အာရှကျွန်းဆွယ်ကို ကြီးစိုး​နေခဲ့သည်။ သိန္ဒူမှာ ခမာအင်ပါယာ၏ အဓိက ကိုးကွယ်ရာ ဖြစ်ပြီး အနည်းငယ်မှာ မဟာယနကို ကိုးကွယ်သည်။ ထိုအချိန်က ​ထေရဝါဒဗုဒ္ဓဘာသာသည် မ​လေးရှား၊ ထိုင်းနိုင်ငံအ​နောက်​မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ​အောက်ပိုင်းတို့တွင်သာ ​တွေ့နိုင်သည်။ ​ထေရဝါဒဗုဒ္ဓဘာသာသည် ပုဂံပြည်တွင် အ​နော်ရထာမင်း​စော နန်းတက်ချိန်တွင် နိုးကြားလာခဲ့သည်။[၅] ပုဂံပြည့်ရှင်အ​နော်ရထာသည် ယ​နေ့​ခေတ် မြန်မာနိုင်ငံ၏ထူ​ထောင်သူလည်း ဖြစ်သည်။ ရှင်အရဟံမှတသ်ဆင့် ဗုဒ္ဓဘာသာကို သိရှိခဲ့ပြီး ဘုရား​ကျောင်းကန်​စေတီပုထိုးများစွာ တည်ခဲ့သည်။ ထိုမှတစ်ဆင့် အခြားအိမ်နီးချင်းများဖြစ်​သော ထိုင်း၊လာအိုနှင့် က​မ္ဘောဒီးယားတို့တွင်ပါ ထွန်းကားလာသည်။ ယ​နေ့​ခေတ်တွင် ​ထေရဝါဒဗုဒ္ဓဘာသာဝင် များစွာရှိ​သောတိုင်းပြည်များမှာ မြန်မာ၊ထိုင်း၊လာအိုနှင့် က​မ္ဘောဒီးယားတို့ဖြစ်သည်။

​ထေရဝါဒလမ်းစဉ် ပြင်ဆင်ရန်

 

​ထေရဝါဒဗုဒ္ဓဘာသာသည် အ​ရှေ့​တောင်အာရှရှိ မြန်မာပြည်နှင့် ထိုင်းနိုင်ငံ​အောက်ပိုင်းသို့ သီရိလင်္ကာမှလည်း ပျံ့နှံ့လာခဲ့သည်။[၆]

ဗုဒ္ဓ၊ဓမ္မနှင့် သံဃာမှာ ​ထေရဝါဒဗုဒ္ဓဘာသာ၏ အ​ခြေခံအကျဆုံးအချက်ဖြစ်သည်။ ဗုဒ္ဓသည် လူ၊နတ်၊ဗြဟ္မာတို့၏ ဆရာကဲ့သို့ဖြစ်သည်။ ဓမ္မမှာ ဗုဒ္ဓ၏အဆုံးအမများဖြစ်သည်။ ထိုအထဲတွင် ဗုဒ္ဓ​ဟောကြားဆုံးမခဲ့​သော တရား​တော်များနှင့် လမ်းစဉ်များပါဝင်သည်။ သံဃာမှာ ဗုဒ္ဓ၏ တရား​တော်များ၊အဆုံးအမများကို ပြန့်ပွား​အောင်​ဆောင်ရွက်​နေ​သော ပုဂ္ဂိုလ်များဖြစ်သည်။

မဟာယနလမ်းစဉ် ပြင်ဆင်ရန်

 
ဗီယက်နမ် သီလရှင်

အ​ရှေ့​တောင်အာရှရှိ မဟာယနဗုဒ္ဓဘာသာမှာ အိန္ဒိယနိုင်ငံ​မြောက်ပိုင်းမှ တိဗက်၊တရုတ်​ဒေသများကိုဖြတ်၍ ဗီယက်နမ်၊အင်ဒိုနီးရှား၊ မ​လေးရှားနှင့် အခြာယ​ဒေသများသို့​ရောက်ရှိလာသည်။

မဟာယနတွင် ကျမ်းအမျိုးမျိုးပါဝင်သည်။ အယူအဆများစွာပါဝင်သည်။ အဓိကအ​နေဖြင့် Trikayaဖြစ်သည်။

နိုင်ငံအလိုက် ဗုဒ္ဓဘာသာ ပြင်ဆင်ရန်

လက်ရှိအချိန်တွင် အ​ရှေ့​တောင်အာရှတွင် ဗုဒ္ဓဘာသာကိုးကွယ်သူဦး​ရေ ၁၉၀-၂၀၅ သန်းခန့်ရှိသည်။ဤသည်မှာ ​ဒေသတွင်းတွင် ဒုတိယ​မြောက်အများဆုံး ကိုးကွယ်မှုဖြစ်သည်။ ကမ္ဘာ့ဗုဒ္ဓဘာသာဦး​ရေ၏ ၃၅မှ ၃၈ရာခိုင်နှုန်းမှာ ဤ​ဒေသတွင် ​နေထိုင်ကြသည်။ ​အောက်ပါတို့မှာ အ​ရှေ့​တောင်အာရှ​ဒေသရှိ လူဦး​ရေရာခိုင်နှုန်းအလိုက် ဗုဒ္ဓဘာသာကိုးကွယ်သူ အနည်းအများနိုင်ငံများဖြစ်သည်။

  • ထိုင်းနိုင်ငံတွင် နိုင်ငံလူဦး​ရေ ၆၇သန်း၏ ၉၅ရာခိုင်နှုန်းဖြစ်​သော ၆၃.၇၅သန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။[၇][၈]
  • မြန်မာနိုင်ငံလူဦး​ရေ၏ ၈၉ရာခိုင်နှုန်းဖြစ်​သူ ၄၈သန်းသည် ​ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။ [၉][၁၀]လူဦး​ရေ၏ ၁ရာခိုင်နှုန်းခန့်သည် တရုတ်လူမျိုး မဟာယနကိုးကွယ်သူနှင့် တာအိုဘာသာကိုးကွယ်သူများဖြစ်သည်။ သို့​သော် ​ထေရဝါဒဗုဒ္ဓဘာသာသည် နိုင်ငံအတွင်း ခိုင်မာစွာ ကိုးကွယ်ကြသည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ သည် အဓိကအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်ပြီး နိုင်ငံ၏ လူဦးရေ ၈၉% ခန့် ကိုးကွယ်ကြသည်။[၁၁][၁၂] လူဦးရေနှင့် ဘုန်းတော်ကြီးအချိုး၊ ဘာသာတရားအတွက် အသုံးပြုသည့် ဝင်ငွေအချိုးတို့နှင့် ကြည့်လျှင် မြန်မာနိုင်ငံသည် ယုံကြည်သက်ဝင်မှုအရှိဆုံး ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်။[၁၃] ဗမာလူမျိုးရှမ်းရခိုင်မွန်ကရင်ဇို၊ နှင့် တရုတ်လူမျိုး များ အများဆုံးကိုးကွယ်ကြသည့် ဘာသာ ဖြစ်သည်။ ဘုန်းတော်ကြီးများကို သံဃာ အဖြစ် သတ်မှတ်ထားပြီး မြန်မာလူ့အဖွဲ့အစည်းအနေ၏ အမွန်အမြတ်ထားကာ ကြည်ညိုကိုင်းရှိုင်းကြသည်။ ဗမာနှင့် ရှမ်းလူမျိုးများအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုများအကြားတွင် နတ်ကိုးကွယ်မှုကိုလည်း ဗုဒ္ဓဘာသာနှင့်အတူ တွဲဖက်တွေ့ရှိရသည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ နေ့စဉ်ပြုလုပ်သည့်အရာများတွင် ကောင်းမှုကုသိုလ်ပြုခြင်းနှင့် ဝိပဿနာတရား အားထုတ်ခြင်းသည် အများဆုံးဖြစ်သည်။ ဂန္ဓာရီလမ်းစဉ်နှင့် ဆက်စပ်လျက်ရှိသော ဝိဇ္ဇာလမ်းစဉ်သည်လည်း အနည်းငယ်ပါဝင်သည်။[၁၄] မြန်မာဗုဒ္ဓဘာသာဝင်များအတွက် ကောင်းမှုကုသိုလ်ပြုခြင်းကို အများဆုံးပြုလုပ်လေ့ရှိသည်။ ငါးပါးသီလ စောင့်ထိန်းခြင်းနှင့် ပရဟိတနှင့် ဒါနကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဖြင့် ကောင်းမွန်သည့် ဘုံဘဝသို့ ရောက်ရှိနိုင်ရန် မျှော်မှန်းသည်။

  • ဗီယက်နမ်တွင် ဗုဒ္ဓဘာသာမှာ နိုင်ငံ့လူဦး​ရေ တစ်ဝက်ခန့်ဖြစ်​သော ၄၄သန်းခန့်ရှိသည်။[၁၅][၁၆]ဗီယက်နမ်အများစုမှာ မဟာယနကို ကိုးကွယ်​လေ့ရှိကြသည်။ အ​​ကြောင်းမှာ တရုတ်လွှမ်းမိုးမှုများ​ကြောင့်ဖြစ်သည်။
  • က​မ္ဘောဒီးယားလူဦး​ရေ၏ ၉၅ရာခိုင်နှုန်းဖြစ်​သော လူဦး​ရေ ၁၄သန်းခန့်သည် ​ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သူများဖြစ်သည်။[၁၇]၂၀၁၇အကုန်တွင် က​မ္ဘောဒီးယားတွင် ​စေတီ​ပေါင်း ၄၈၉၂ဆူရှိငါ ဘုန်းကြီး ၆၉၁၉၉ပါး ရှိသည်။
  • မ​လေးရှားနိုင်ငံတွင် လူဦး​ရေ၏ ၂၀ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။
  • လာအိုနိုင်ငံလူဦး​ရေ၏ ၇၀ရာခိုင်နှုန်းဖြစ်​သော ငါးသန်းခန့်သည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။
  • အင်ဒိုနီးရှားနိုင်ငံ လူဦး​ရေ၏ နှစ်ရာခိုင်နှုန်းဖြစ်​သော ၄.၇၅သန်းမှာ ဗုဒ္ဓဘာသာကိုးကွယ်ကြသည်။ အင်ဒိုနီးရှား ဗုဒ္ဓဘာသာဝင်အများစုမှာ ​ထေရဝါဒ ကိုးကွယ်ကြသည်။
  • စင်ကာပူနိုင်ငံလူဦး​ရေ၏ ၃၃ရာခိုင်နှုန်းဖြစ်​သော ၂သန်းခန့်သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ [၁၈]
  • ဖိလစ်ပိုင်နိုင်ငံသည် တိုင်းပြည်လူဦး​ရေ၏ ၀.၁ရာခိုင်နှုန်း​အောက်သာ ဗုဒ္ဓဘာသာဖြစ်သည်။
  • ဘရူနိုင်းနိုင်ငံသည် ​ဒေသတွင်းတွင် လူဦး​ရေအနည်းဆုံးဖြစ်သည့်အတွက် ၁၃ရာခိုင်နှုန်းဖြစ်​သော ၆၅၀၀၀ခန့်သည် ဗုဒ္ဓဘာသာဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Kitiarsa, Pattana (2009-03-01). "Beyond the Weberian Trails: An Essay on the Anthropology of Southeast Asian Buddhism" (in en). Religion Compass 3 (2): 200–224. doi:10.1111/j.1749-8171.2009.00135.x. ISSN 1749-8171. 
  2. CPAmedia: Buddhist Temples of Vietnam Archived 8 July 2008 at the Wayback Machine.
  3. Lester၊ Robert, C (1973)။ Theravada Buddhism in Southeast Asia။ United States: Ann Arbor Paperbacks။ pp. 1–162ISBN 978-0-472-06184-6
  4. Keown၊ Damien (2013)။ Buddhism: A Very Short Introduction။ Oxford: Oxford University Press။ pp. 80
  5. Maraldo၊ John (1976)။ Buddhism in the Modern World။ New York: Macmillan။
  6. Lester၊ Robert C. (1973)။ Theravada Buddhism in Southeast Asia။ USA: Ann Arbor Paperback။ pp. 1–130။ ISBN 978-0-472-06184-6
  7. The CIA World Factbook။ Cia.gov။ 16 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  8. state.gov - Thailand
  9. Crisis in Myanmar Over Buddhist-Muslim ClashThe New York Times
  10. The World Factbook: Burma။ CIA။ 4 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  11. CIA World Factbook - Burma။ 4 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2019 တွင် ပြန်စစ်ပြီး။
  12. Burma—International Religious Freedom Report 2009။ U.S. Department of State (26 October 2009)။
  13. Cone & Gombrich, Perfect Generosity of Prince Vessantara, Oxford University Press, 1977, page xxii
  14. Pranke, Patrick A (2013)၊ Myanmar၊ Encyclopedia of Buddhism, Macmillan Reference USA. ISBN 0-02-865718-7
  15. state.gov – Vietnam 2012 (included over 50% Mahayana + 1.2% Theravada + 3% Hoa Hao Buddhism and other new Vietnamese sects of Buddhism)။ state.gov။
  16. United States Department of State
  17. The World Factbook: CambodiaCIA။ 29 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  18. Singapore Department of Statistics (12 January 2011)။ Census of population 2010: Statistical Release 1 on Demographic Characteristics, Education, Language and Religion။ 3 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။