"ဣသျှံဂူ" ဟူသော ဝေါဟာရသည် သက္ကတဘာသာဖြင့် "ဣက္ခာကု" ဖြစ်သည်။ ဣက္ခာကုကိုပင် ဣသွာကုဟု မှားယွင်းဖတ်ရာမှ ဣသျှံဂူ ဖြစ်သွားခြင်းဖြစ်သည်။ ဣက္ခာကုဆိုသည်မှာ နေမှဆင်းသက်သည်ဟုဆိုသော အာဒိစ္စဝံသမင်းမျိုးကို ဆိုလိုသည်။