India birthwort
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Magnoliids
မျိုးစဉ်: Piperales
မျိုးရင်း: Aristolochiaceae
မျိုးရင်းသေး: Aristolochioideae
မျိုးစု: Aristolochia
မျိုးစိတ်:
A. tagala
ဒွိနာမ
Aristolochia tagala
Cham.

ပုံသဏ္ဌာန် ပြင်ဆင်ရန်

အပင် ပင်ပျော့ ပင်နွယ်မျိုး ဖြစ်သည်။ အခေါက် ကြမ်းပြီး ညိုမွဲသော အရောင်ပေါ်တွင် စိမ်းပြာရောင် အကွက်များ ရှိသည်။ အကိုင်း အခက်များ သေးသွယ်သည်။ အရွက် ရွက်လွှဲ ထွက်သည်။ သင်္ဘောသီး ပုံသဏ္ဌာန် ရှိသည်။ ထိပ်ပိုင်းသည် ရွက်ရင်းပိုင်း ထက်ကျယ်သည်။ ရွက်ထိပ် ချွန်သည်။ ရွက်လယ်ကြော ထင်ရှားသည်။ ရွက်နား ချော၍ အနည်းငယ် လှိုင်းတွန့် ရှိ၏။ အပွင့်အပွင့် ပုံသဏ္ဌာန် ဆန်းကြယ်သည်။ ပွင့်ညှာတံသည် အကိုင်းဖျားရှိ အရွက်တို့၏ အရင်းနားမှ ကပ်၍ထွက်သည်။ အပွင့်သည် ရေတကောင်း ပုံသဏ္ဌာန် ဖြစ်ပြီး နှုတ်ခမ်း တဖက် ရှည်ကာ ခရမ်းညိုရောင် ရှိသည်။ အရင်းပိုင်းမှာ စိမ်းဖန့်ဖန့် အရောင်ရှိသည်။ တန်ဆောင်မုန်း၊ နတ်တော်လ များတွင် ပွင့်သည်။ အသီးအစိမ်းရောင် ဖြစ်၍ ကျောက်ဖရုံသီး ပုံရှိပြီး အမြှောင်း ၆ မြှောင်း ပါသည်။ တစ်မြှောင်းလျှင် အစေ့ များစွာ ပါ၍ အစေ့မှာ သုံးထောင့် ပုံဖြစ်ပြီး ပြား၍ အတောင် ရှိသည်။ တပို့တွဲလ၌ အသီးရင့်၏။

မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ ပြင်ဆင်ရန်

  • အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : အမြစ် ၊ အရွက်။
  • မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ မြေပြန့် ဒေသ အပိုင်း များတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံသဘာ၀ အလျောက် ပေါက်ရောက်သည်။
  • အသုံးဝင်ပုံ : အာနိသင်

မြန်မာ ဆေးကျမ်း များအလိုအရ ဣဿရမူလီ သည် ခါး၏။ ဖန်၏။ အဆိပ်အမျိုးမျိုး တို့ကို နိုင်၏။ ချောင်းဆိုး ရောဂါ၊ နှလုံး ရောဂါ၊ ကလေးများ အူတွင်း၌ ဖြစ်တတ်သော ရောဂါ၊ အစာ မကြေ လေရောဂါ နှင့် အဆစ် ကိုက်ခဲ ဖောရောင်ခြင်း တို့ကို ပယ်ဖျောက် တတ်၏။ ဥတု သွေးကိုလည်း မှန်စေ၏။ သွေးလွန်နာ၊ သွေးဖောက်ပြန် သော အနာနှင့် မူးဝေသော ဝေဒနာ တို့ကို ချမ်းသာ စေတတ်၏။

အမြစ် ပြင်ဆင်ရန်

  • အမြစ်ကို သွေးလိမ်းသော် မြွေ၊ ကင်း စသည့် အဆိပ်များ ပြေစေ၏။
  • အမြစ်မှုန့်နှင့် ဂျုံပြာ၊ ဆား ဆတူ ရောစပ်၍ ရေနွေးနှင့် သောက်ခြင်း၊ အဆစ်ရောင်သော နေရာများ၌ လူးပေးခြင်းဖြင့် ကိုယ်လက် ကိုက်ခဲခြင်းနှင့် အဆစ်ရောင်ခြင်း ပျောက်၏။
  • သွေးဝမ်းသွားခြင်း၊ အစာ မကြေ လေရောဂါ နှင့် ဝမ်းကြောများ တင်းရောင်ခြင်း တို့အတွက် အမြစ်မှုန့် ၂ ဆကို ချင်းခြောက်မှုန့် ၁ ဆ နှင့် တစ်နေ့ ၂ ကြိမ်ကျ သောက်သော် ပျောက်၏။
  • အမြစ်ကို သွေး၍ သောက်ခြင်း၊ လျှာကို ပွတ်ပေး ခြင်းဖြင့် ငန်းဖမ်းခြင်း နှင့် နှုတ်ခမ်း၊ မေး၊ ပါး၊ လျှာ၊ အာလေးခြင်း များပျောက်၏။
  • အမြစ်မှုန့်နှင့် ငရုတ်ကောင်းမှုန့် တို့ကို ဆားစိမ်း အနည်းငယ် ရော၍ ရေနွေးနှင့် သောက်သော် ဥတုသွေး ထိန်ချုပ်ခြင်း ပျောက်၍ မှန်စေ၏။
  • ကလေးသူငယ်များ သူငယ်နာ ဝမ်းပျက်၍ အဖျား ဝင်လာသော် အရွက် သို့မဟုတ် အမြစ်ကို သွေး၍ လျှာကို အနည်းငယ်မျှ ပွတ်ပေးသော် ပျောက်၏။
  • ထို့ပြင် ဣဿရ မူလီအမြစ်ကို သားဖွားလွယ်ဆေး၊ မီးယပ် အကွက် ပျောက်ဆေး၊ အဖျား ဖြတ်ဆေး အဖြစ် ဖော်စပ် သုံးနိုင်၏။ ကလေး သူငယ်များ လည်ချောင်း အတွင်း၌ အပူဖု၊ အပူအိတ် များပေါက်လျှင် ဣဿရ ပဉ္စငါးပါး ညှစ်ရည်ကို အရွက်နှင့် မျှ၍ တိုက်ခြင်းဖြင့် ပျောက်ကင်းစေ၏။

အရွက် ပြင်ဆင်ရန်

  • အရွက် ညှစ်ရည်ကို ဆားမီးဖုတ် အနည်းငယ်နှင့် နံနက် ည တစ်ကြိမ်စီ သောက်ပေးပါက ရေဖျဉ်း ရောဂါနှင့် ချောင်းခြောက် ရောဂါ ပျောက်၏။
  • ဣဿရ မူလီ အရွက် ၂ ရွက် ၃ ရွက်ခန့်ကို ငရုတ်ကောင်း ၈ စေ့ ၁၀ စေ့ ခန့်နှင့် ညက်အောင် ကြိတ် ၊ အဝတ်နှင့် စစ်ပြီး ၁၅ မိနစ် တစ်ကြိမ်ကျ သောက်က မြွေဆိပ်နှင့် တကွ အခြားသော တိရစ္ဆာန်ဆိပ်များ ပြေပျောက်စေ၏။ ယင်းဆေးရည်ကို အတွင်းဆေး အပြင်ဆေး အပြင် အအေးမိ အအေးပတ်၍ တကိုယ်လုံး သွေးကြော လေကြောများ အားနည်းပြီး ရေခဲတုံးပမာ အေးစက် သတိလစ်နေသော ရောဂါသည်များကို တိုက်ကျွေး အသုံးပြုက သွေးလေကြောများ လှုပ်ရှား နိုင်ပြီး သတိ ပြန်လည် ရရှိ စေနိုင်၏။ [၁]

ကိုးကား ပြင်ဆင်ရန်