ဥဂ္ဂတသူကြွယ်
ဥဂ္ဂတသူကြွယ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် သံဃာအား စိတ်တူမျှစွာ လုပ်ကျွေးသည့် ဥပါသိကာများတွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ် ရခဲ့သည်။ ဥဂ္ဂတသည် ဟတ္ထိဂါမအရပ် (ဆင်ရွာ) သား ဖြစ်၏။ [၁]
အနာဂါမ် ဖြစ်ခြင်း
ပြင်ဆင်ရန်မြတ်စွာဘုရားသည် နာဂဝနဥယျာဉ်၌ သီတင်းသုံးနေချိန် ဖြစ်၏။ ဥဂ္ဂတသည် ခုနစ်ရက်တိုင် သေရည် ယစ်မူးနေ၏။ ကချေသည်တို့ဖြင့် မြူးထူးကာ ဥယျာဉ်သို့သွား၏။ ထိုအခါ ဘုရားရှင်နှင့် တွေ့လေသည်။ ဥဂ္ဂတသည် ဘုရားရှင်ကို အနီးကပ် ဖူးမြင်ရသောအခါ အမူးပြေသွား၏။ အလွန်လည်း ရှက်သွား၏။ မြတ်စွာဘုရားက တရားရေအေးတိုက်ကျွေးရာ တရားဆုံးသော် အနာဂါမ် ဖြစ်လေသည်။[၁]
အလှူအတန်း ပြုခြင်း
ပြင်ဆင်ရန်ထိုအချိန်မှ စကာ ဥဂ္ဂတသည် ရဟန်းတို့အား လှူဒါန်း၏။ နတ်တို့က ဥဂ္ဂတ၏ သဒ္ဓါတရားကို ပျက်စီးအောင် ပြုသော်လည်း မပျက်ပေ။ အလှူခံပုဂ္ဂိုလ်နှင့် ပတ်သက်၍ သဒ္ဓါတရားသည် မပျက်စီး၊ တူမျှသော သဒ္ဓါဖြင့် လှူ၏။ ဥဂ္ဂတသည် သီလဝန္တပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးကိုသာ ချီးမွမ်း၏။[၁]
ဧတဒဂ်ရခြင်း
ပြင်ဆင်ရန်မြတ်စွာဘုရားသည် သံဃာအား စိတ်မျှတစွာ ပြုလုပ်ကျွေးကြသော ဥပါသိကာများတွင် ဥဂ္ဂတသူကြွယ်သည် အသာဆုံး အမြတ်ဆုံးဟု မိန့်ကာ ဧတဒဂ် ပေးတော်မူ၏။[၁]
ဥဂ္ဂတသူကြွယ်၏ အံ့ဖွယ်ရှစ်ပါး
ပြင်ဆင်ရန်- မြတ်စွာဘုရားကို ဖူးရသည်နှင့် တပြိုင်နက် ဘုရားအပေါ် အကြွင်းမဲ့ ယုံကြည် ကြည်ညိုခြင်း၊ ယစ်မူးမှု ချုပ်ငြိမ်းခြင်း။
- မြတ်စွာဘုရားကို ပထမအကြိမ် ဖူးတွေ့ရပြီး တရားနာကာ အနာဂါမ် ဖြစ်ခြင်း၊ လောကုတ္တရာသရဏဂုံနှင့်တကွ ဗြဟ္မစရိယပဉ္စမကသီလ ခံယူဆောက်တည်ခြင်း။
- မိမိ၏ မယားကို တပါးသော ယောက်ျားအား စွန့်လှူပေးကမ်းလိုက်ရသော်လည်း စိတ်ထဲတွင် ဖောက်လွဲဖောက်ပြန်မှု မရှိခြင်း။
- မိမိ၏ စည်းစိမ်ဥစ္စာရှိသမျှတို့သည် သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားဘဲ ဆက်ဆံကုန်၏၊ သက်ဆိုင်ကုန်၏ဟူ၍ စိတ်ထားခြင်း။
- ရဟန်းသူမြတ်တို့ကို ရိုသေစွာ ချဉ်းကပ်ပြုစုခြင်း။ ရဟန်းသူမြတ်က တရားဟောလျှင် ရိုသေစွာ နာယူခြင်း။ မဟောလျှင် မိမိက ဟောခြင်း။
- သီလဝန္တပုဂ္ဂိုလ်၊ ဒုဿီလပုဂ္ဂိုလ် နှစ်မျိုးလုံး၌ ညီမျှသောစိတ်ဖြင့် ပေးကမ်းပြုစုခြင်း။
- ငါ့ထံ နတ်တို့သည် ချဉ်းကပ်၏။ ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏ဟု စိတ်မတက်ကြွခြင်း။
- နောက်ထပ်တဖန် ဤကာမဘုံသို့ ပြန်လာရောက်ကြောင်း သံယောဇဉ်အာရုံ မရှိခြင်း။[၁]