ဥပါသကာ အင်္ဂါ ၅-ပါး။ ဥပါသကာသည် ၎င်းအင်္ဂါ ၅-ပါး နှင့် ပြည့်စုံရမည်။ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တတ်သော ဒါယကာ ယောက်ျားကို ဥပါသကာ၊ မိန်းမကို ဥပါသိကာ ခေါ်သည်။

  • (၁) ရတနာသုံးပါး ကံ ကံ၏အကျိုးကိုသာ ယုံကြည်ခြင်း။
  • (၂) ငါးပါး ရှစ်ပါး ဆယ်ပါးစသော အကျင့်သီလနှင့် ပြည့်စုံခြင်း။
  • (၃) ကာမဂုဏ်နှင့်စပ်သော အာရုံခေါ် မြင် ကြား နံ့ တွေ့ထိမှုတို့ကို စွဲသိ၍ လောကမင်္ဂလာအယူကိုမစွဲမယူခြင်း။
  • (၄) မြင် ကြား နံ တွေ့ထိသော မင်္ဂလာမှုကို မယုံကြည်မူ၍ အကြောင်းဖြစ်သောကံတရားကိုသာ ယုံကြည်ခြင်း။
  • (၅) ဗုဒ္ဓဘုရား၏အဆုံးအမခေါ် သာသနာတော်အတွင်းကသာ ကုသိုလ်ကောင်းမှုကိုပြုလုပ်ရှာမှီးခြင်း။[၁]


ကိုးကား ပြင်ဆင်ရန်

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း