အညတရနတ်သား၏ လျှောက်ထားချက်အရ ဘုရားရှင်က လမ်းလွဲလမ်းမှား (ခရီးမဟုတ်)ဟူသည် ရာဂ၊ ညဉ့်နေ့တို့၌ ကုန်တတ်သောအရာဟူသည် အရွယ်၊ အကျင့်မြတ် (ဗြဟ္မစရိယ)၏ အညစ်အကြေးဟူသည် မာယာလေးဆယ် ပေါပြည့်ကြွယ်သည် မိန်းမ၊ ဤမိန်းမ၌ သတ္တဝါအပေါင်းသည် ကပ်ငြိတွယ်တာနေကြ၏။ ကိလေသာတို့ကို ပူပန်စေတတ်သောအကျင့် “တပ”နှင့် မေထုန်အမှုမှ ရှောင်ကြဉ်ခြင်း “ဗြဟ္မစရိယ”နှစ်ပါးတို့သည် ဆေးကြောသုဓ်သင်တတ်သော ရေမဟုတ်သော်လည်း ကိလေသာတို့ကို ဆေးကြောသုဓ်သင်တတ်သော ရေ မည်၏-ဟု ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-မိန်းမ၏ ဗြဟ္မစရိယ၏ မလဖြစ်ပုံနှင့် တပ-အကျင့်များကို ဖွင့်ပြထားပါသည်။ [၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၃၅။ သံ၊မြန်၊၁၊၃၅။ သံ၊ဋ္ဌ၊၁၊၈၈။ သံ၊ဋီ၊၁၊၁၃၀။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၆-ဇရာဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ