ဥပ္ပါတသန္တိ စေတီတော် (အင်္ဂလိပ်: Uppatasanti Pagoda, pronounced [ʔoʊʔpàta̰ θàɴdḭ zèdìdɔ̀])သည် နေပြည်တော်တွင် တည်ရှိသော ထင်ရှားသည့်တန်ခိုးကြီး စေတီတစ်ဆူဖြစ်သည်။ တရုတ်ပြည်မှ ဗုဒ္ဂစွယ်တော်ရုပ်ပွားတော်ကို ဌာပနာထားရှိသည်။[၁] ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၏ ပုံစံကို နမူနာယူကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ဉာဏ်တော်အမြင့်မှာ ၉၉ မီတာ (၃၂၅ ပေ) ရှိသည်။[၂]

ထီးတော်တင်လှူပူဇော်ပွဲကို ၂၀၀၉ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည်။​[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

စေတီတော်တည်ဆောက်ရေးလုပ်ငန်းများနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်မှုဖြင့် ၂၀၀၆ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင်စတင်ခဲ့ပြီး ၂၀၀၉ခုနှစ် မတ်လတွင် ပြီးစီးခဲ့သည်။​ စေတီတော်၏ ပန္နက်တင် မင်္ဂလာအခမ်းအနားကို ၂၀⁠၀၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားအတွက် ဖိတ်စာတွင် 'ရာဇဌာနီ နေပြည်တော် (ဘုရင်နန်းစံသည့် မင်းနေပြည်)' စာပိုဒ်ဖြင့် ဖွင့်ထားသည်။ [၃] စေတီ၏ဉာဏ်တော်သည် ရွှေတိဂုံဘုရားအောက် ၃၀ စင်တီမီတာနိမ့်သည်။[၄] ဥပ္ပါတသန္တိကို အကြမ်းဖျင်းဘာသာပြန်ဆိုရလျှင် 'ဘေးဒုက္ခ ကပ်ဆိုးကြီးမှ အကာအကွယ်ပေးခြင်း' ဖြစ်သည်။ ဤအမည်သည် ၁၆ ရာစုအစောပိုင်းလောက်တွင် ဘုန်းတော်ကြီးတစ်ပါးမှ ရေးသားရွတ်ဆိုခဲ့သည့် ပရိတ်ဂါထာ ဖြစ်သည်။ ဤ ပရိတ်ဂါထာကို ဘေးဒုက္ခ များကြုံသည့်အချိန်၊ အထူးသဖြင့် တိုင်းတစ်ပါးမှ ဝင်ရောက်တိုက်ခိုက်လာသည့်အခါ တွင် ရွတ်ဆိုကြသည်။[၅]

တည်ဆောက်ပုံ ပြင်ဆင်ရန်

စေတီတော်ကို လူလုပ်ကုန်းမြင့်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

စေတီတော်တွင်

  • မဟာဆုတောင်းပြည့်ဘုရား
  • ကျောက်စိမ်းဘုရား ၃ ဆူ
  • ၁၀၈ပေ မြင့်သော တံခွန်တိုင်
  • မဟာဗောဓိညောင်ပင်နှင့် ဘုရား ၂၈ ဆူ
  • ညောင်ပင် ၁၀၈ ပင် နှင့် ဥယျာဉ်တော်
  • ​ ရှင်ဥပဂုတ္တ နှင့် ရေကန်တော်
  • သိမ်ကျောင်းဆောင် အစရှိသည်တို့ ထည့်သွင်းတည်ဆောက်ထားသည်။

၂၀၀၉ခုနှစ် မတ်လတွင် ဘုရားပွဲကျင်းပစဉ်အတွင်း ရဟတ်မတော်တဆဖြစ်ပွားမှုကြောင့် လူ (၂၀) ဦးသေဆုံးခဲ့သည်။[၆]

ဓာတ်ပုံများ

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "Than Shwe's New Pagoda Hides More than a Buddha Relic"၊ The Irrawaddy၊ March 10, 2009။ 9 January 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 11 August 2010။ 
  2. Signs of rapid development in Nay Pyi TawMRTV-3။ 28 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2020 တွင် ပြန်စစ်ပြီး။
  3. Steinberg၊ David (2009)။ Burma/Myanmar: What Everyone Needs to Know။ Oxford University Press။ p. 133။ ISBN 978-0-19-539068-1
  4. "Naypyidaw's Version of Shwedagon Pagoda Nears Completion"၊ The Irrawaddy၊ March 6, 2009။ 9 January 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 11 August 2010။ 
  5. "{{{title}}}" (16 August 2006). Weekly Eleven News Journal 1. 
  6. "20 Reported Dead in Naypyidaw Funfair Disaster"၊ March 10, 2009။ 9 January 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 11 August 2010။ 

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်