တိုး၊ ဦး
ဆင်မြင်းခြေသည်-ချီ ရခိုင်ချီမောင်ဖွဲ့ ရတုရေးသူ ဦးတိုးမှာ ရွှေဘိုအနောက် ခရီးတစ်တိုင်ကွာ ဆီးတောရွာ၌ ၁၁၁၃-ခုနှစ်(ခရစ်နှစ် ၁၇၅၁)တွင်ဖွားမြင်၍ ကျောင်းသား၊ သာမဏေ၊ ရဟန်းဖြစ်သည်အထိ စာပေကျမ်းဂန် တတ်မြောက်အောင် သင်ကြားခဲ့ပြီးနောက် ၁၁၂၅-ခုနှစ်တွင် နန်းတတ်သော ဆင်ဖြူရှင်မင်းတရားကြီးနှင့် ၁၁၃၈-ခုနှစ်တွင် နန်းတတ်သော စဉ့်ကူးမင်းလက်ထက်တို့၌ ရတု၊ ကဗျာ၊ သီချင်းများ အပြင်ဆောင်းပါးများကိုလည်း ရေးသားသောကြောင့် ဆောင်းပါးမောင်တိုးဟု ခေါ်တွင်သည်။
၁၁၄၃-ခုနှစ်တွင်နန်းတတ်သော ဘိုးတော်မင်းတရားကြီးလက်ထက်တွင် သားတော် အိမ်ရှေ့မင်းလက်သုံး ကျွန်ယုံတော်အဖြစ်နှင့် ထမ်းရွက်ရသည်။ ၁၁၄၆-ခုနှစ် အိမ်ရှေ့မင်း ဓညဝတီရခိုင်ပြည်ကို တိုက်ခိုက်အောင်မြင်သောအခါနှင့် ဦးတိုးရေးသားသော ရာမရကန် ပြီးဆုံးအောင်မြင်သောအခါ တိုက်ဆိုင်နေသဖြင့် အိမ်ရှေ့မင်း အလွန်နှစ်လိုခြင်းဖြစ်ရကား ဦးတိုးအား ဇေယျကျော်သူဘွဲ့နှင့် အိမ်ရှေ့သံတော်ဆင့်အရာ၊ အိမ်ရှေ့ရွှေတိုက်စိုး အရာဖြင့် ချီးမြှင့်မြှောက်စားခြင်းကို ခံရသည်။ ထိုအခါမှစ၍ သံတော်ဆင့်ဦးတိုး၊ ရွှေတိုက်စိုးဦးတိုး၊ ရကန်ဦးတိုး ဟုခေါ်တွင်လာပြန်သည်။ ၁၁၅၈-ခုနှစ်(ခရစ်နှစ် ၁၇၉၆)အသက် ၄၅-နှစ်တွင် ဦးတိုး အနိစ္စရောက်သတည်း။[၁]
အမည်ကွဲများ
ပြင်ဆင်ရန်ရာမရကန် ဆရာကြီးဦးတိုး
ရွှေတိုက်စိုးဦးတိုး
ဆောင်းပါးဆရာကြီးဦးတိုး
ဆောင်းပါးမောင်တိုး
စာပေလက်ရာများ
ပြင်ဆင်ရန်- "မင်္ဂလာမှောင်ခြွေ"ချီ မြေးတော်စစ်ကိုင်းမင်း ဧချင်း
- ကျေးစေရတုပိုဒ်စုံ
- ရာမရကန်
- "ဆွတ်ပျံ့ဖွယ်အောင်"ချီ ရတုအဖြေ ရတုများ
- ကဗျာများနှင့်
- ဆောင်းပါးစာများ
- ရိုးတော်ယူဧချင်း
ကိုးကား
ပြင်ဆင်ရန်