ပြည်လုံးကပ်ကျော် ဦးပါရဲစေတီတော် သည် ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့တွင် တည်ရှိသည်။ ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိသည့် စေတီတော် ဖြစ်သည်။[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

ဘိုးတော်ဘုရားလက်ထက်တွင် ဟင်္သာမြို့၏ အကြီးအကဲအဖြစ် ဦးပါရဲအား ခန့်အပ်ခဲ့သည်။ ဦးပါရဲသည် ဥဒိဿစေတီကို တည်ထားကိုးကွယ်လိုသဖြင့် ဧရာဝတီမြစ်နှင့် အတန်ငယ် အကွာတွင် စေတီအရံလေးဆူနှင့် စေတီတော်ကြီးကို တည်ခဲ့သည်။ တည်ခဲ့သည့်အချိန်မှာ သက္ကရာဇ် ၁၁၆၄ ခုနှစ် ဖြစ်သည်။ စေတီတော်၏ ကုန်းတော်သည် လေးတောင်ခန့်သာ ကျယ်ဝန်းသည်။ စေတီတော်၏ ခြေရင်းတွင် ကန္ဓကုဋီတိုက် ၄ ဆောင် ဆောက်လုပ်ခဲ့သည်။[၁]

ပြုပြင်မွမ်းမံမှုများ ပြင်ဆင်ရန်

ဦးပါရဲ၏ အဆက်အနွယ်ဖြစ်သည့် သမာဓိမြို့ဝန် ဦးမောင်မောင်ခနှင့် ဒါယကာများသည် အရံစေတီတော် ၈ ဆူ၊ ဂန္ဓကုဋီ ၈ တောင်တို့ကို တိုးတက်မွမ်းမံခဲ့ကြသည်။

ထို့နောက် ၁၃၁၀ ပြည့်နှစ်တွင် ဒါယကာများသည် ဝေယျာဝစ္စဖွဲ့စည်းကာ ဂန္ဓကုဋီတိုက် ၈ ဆောင်ကို ထပ်မံ ဆောက်လုပ်ခဲ့သည်။ ထို့ကြောင့် စုစုပေါင်း ၁၆ ဆောင် ရှိခဲ့သည်။ စေတီတော်သည်လည်း ၁၆ မျက်နှာ စေတီတော် ဖြစ်ခဲ့သည်။

၁၃၂၀ ပြည့်နှစ်မှ စတင်ကာ ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်ရန် ကမ်းဆည်ခဲ့ကြသည်။[၁]

အတိုင်းအတာများ ပြင်ဆင်ရန်

စေတီတော်၏ ပန်းတင်ခုံ အကျယ်တစ်ဖက်လျှင် ၉၄ တောင် ၂ မိုက်၊ ဖိနပ်တော် အကျယ် ၂၇ တောင်၊ ဉာဏ်တော် ၄၉ တောင် ၂ မိုက် ရှိသည်။[၁]

ဘွဲ့တော် ပြင်ဆင်ရန်

၁၂၉၉ ခုနှစ်တွင် စေတီတော်သို့ မန္တလေးတောင်မှ ရသေ့ကြီး ဦးခန္တီ ကြွရောက်လာခဲ့သည်။ ထို့နောက် စေတီတော်၏ ဘွဲ့တော်ကို “ဦးပါရဲစေတီတော်” ဟု မှည့်ခဲ့သည်။ ကုန်းတော်ကိုလည်း ထပ်မံဖို့ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၉၀၊ ၂၉၁။