ဦးယမ် (မိုင်းခိုင်းဝန်)
မင်းကြီးမဟာဇေယျသူ (၁၁၇၇ - ၁၂၅၄) သည် မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်တွင် မိုင်းခိုင်းဝန်ဟု ထင်ရှားခဲ့သည့် ပညာရှိတစ်ဦး ဖြစ်သည်။[၁]
ဘဝ
ပြင်ဆင်ရန်ဦးယမ်ကို ၁၁၇၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်နေ့တွင် တနင်္ဂနွေနေ့တွင် စလင်းမြို့တော်ငဖက် သမန်းရင်းရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးကျော်စံအိ - ဒေါ်လုံလေးတို့ ဖြစ်သည်။ မိုင်းခိုင်းမြို့ကို စားရသောကြောင့် မိုင်းခိုင်းဝန်ဟု တွင်ခဲ့သည်။ ငယ်မည်မှာ ဦးယမ် ဖြစ်သည်။
မိုင်းခိုင်းဝန်သည် ဗြဲတိုက်သံဆင်၊ ခင်မမင်းဝန်၊ စစ်ကိုင်း၊ အမြင့်၊ အလုံ၊ တပယင်းမြို့များ ခရိုင်ဝန်၊ ရှေ့တော်ပြေးမှူး၊ မကွေးမြို့စား၊ သံတော်လွှတ်ဆင့်၊ ဥယျာဉ်တော်မှူး၊ လက်ရွေးကြီးလှော်ကားတော်အုပ်၊ ရန်လွှင့်တော်အုပ်၊ အတွင်းဝန်မဟာသေနာပတိစသည့် အရာထူးများစွာတို့တွင် ထမ်းရွာခဲ့သူ ဖြစ်သည်။
ဦးယမ်သည် ရဟန်းဝါ ၂ ဝါရဖူး၍ ဘွဲ့တော်မှာ ဦးကေလာသဘ ဖြစ်သည်။ မင်းတုန်းမင်းလက်ထက်တွင် ပဉ္စမသင်္ဂါယနာတင်ရာ၌ ပိဋကတ်တော်များ ရေးကူးရာတွင် ပိဋကတ်တော်အုပ်အဖြစ် ကြပ်မတ်ဆောင်ရွက်ခဲ့ရသည်။
ကွယ်လွန်ခြင်း
ပြင်ဆင်ရန်မိုင်းခိုင်းဝန်သည် သက္ကရာဇ် ၁၂၅၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် သောကြာနေ့တွင် ကွယ်လွန်ခဲ့သည်။[၁]
ကျမ်းများ ပြုစုခြင်း
ပြင်ဆင်ရန်မိုင်းခိုင်းဝန်သည် အောက်ပါကျမ်းများကို ရေးသားပြုစုခဲ့သည်။
- ကမ္မဘေဒဝိဘာဂနီ
- ဆန္နဝုတိပါသဏ္ဍဝိသဇ္ဇနာ
- ဒွါသရာသီဒီပနီ
- ရာဇသေဝကဒီပနီ
- လောကီလောကုတ္တရာကျမ်းလာစစ်ဆင်နည်း
- ရှင်ဥက္ကံသမာလာကျောက်စာ
- မဓုရသဝါဟိနီသန္ဒေသကထာပါဌ်အနက်
- သေနာပတိဝိနိစ္ဆယ
- ဓမ္မပဏ္ဏာကာရကထာမေတ္တာစာ
- မိဝိုင်းနှင့် ဝလာသဖြတ်စာ
- အတိဝိစိတြသန္ဒေသကထာပါဌ်အနက်
- သုသန္ဒေသကထာအနက်
- မေတ္တောဒကသေစနဒီပနီ
- မုခမင်္ဂလာမဟာမေတ္တာစာကြီး
- သုဂန္ဓကထာမေတ္တာစာ
- မဟာရဋ္ဌသာရုပတ္တိကထာကျမ်း
- အတိသုခုမတ္တသန္ဒေသကထာမေတ္တာစာ
- ဝိသုဒ္ဓိမဂ်ဋီကာနိသျ
- မဟာဝင်စာကိုယ်နိသျ
- အနာဂတဝင်ပါဠိတော်နိသျ
- သဒ္ဒါရှစ်စောင်နိသျသစ်
- ဒုတိယမဟာဝင်ရာဇဝင်တော်
- ဓမ္မပဒပါဠိတော်နိသျသစ်
- ပိဋကတ်သမိုင်း
- ဒါဌာဓာတုဝင်စာကိုယ်နိသျ
- သင်္ဂြိုဟ်နိသျသစ်
- ဓမ္မသံဟဟိတဒီပနီ
- ရာဇဝင်ချပ်[၁]