အရှင်ဧကပသာဒနိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

အတ္တဒဿီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

အတ္တဒဿီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်ဧကပသာဒနိယထေရ် ၏ အမည်သည် “နာရဒ” ဖြစ်၏။ “ကေသဝ” ဟုလည်း ခေါ်၏။ နာရဒသည် မြတ်စွာဘုရားထံသို့ သွားရောက်ရာ မြတ်စွာဘုရားသည် တရားဟောတော်မူ၏။ တရားနာကြားပြီးနောက် မြတ်စွာဘုရားအား လက်အုပ်ချီ၍ ရှိခိုးကာ အရှေ့အရပ်သို့ ထွက်ခွာလာခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ တစ်ထောင့်ခုနစ်ရာထက် “အမိတ္တတာပန” အမည်ဖြင့် စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဧကပသာဒနိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သောဘိဝဝဂ်၊ ဧကပသာဒနိယတ္ထေရအပဒါန်