၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၉၈၅ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့မှ ၁၇ရက်နေ့အထိ ကျင်းပခဲ့သော ၁၃ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖြစ်သည်။
ကျင်းပရာမြို့ | ဘန်ကောက်မြို့ | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၈ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၃၂၆၂ | ||
ဖွင့်ပွဲအခမ်းအနား | ၈ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၇ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဘူမိဗလအတုလျတေဇ ထိုင်းဘုရင့်နိုင်ငံ၏ ဘုရင် | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | ဆူပါလာချိုင်း အားကစားကွင်း | ||
|
ထိုင်းနိုင်ငံသည် ပထမအကြိမ် ၊ စတုတ္ထအကြိမ်နှင့် သတ္တမအကြိမ် အားကစားပွဲတော်များကို သုံးကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု အားကစားပွဲတော်သည် ထိုင်းနိုင်ငံအနေဖြင့် စတုတ္ထမြောက် လက်ခံကျင်းပခြင်းဖြစ်သည်။
ထိုစဉ်က ထိုင်းနိုင်ငံ၏ ဘုရင် ဘူမိဗလအတုလျတေဇက အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
အိမ်ရှင် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့်တတိယတို့ ရရှိခဲ့သည်။ဤအားကစားပွဲတော်သည် အရှေ့တောင်နိုင်ငံများ၏ အားကစားအဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြင့်မားလာစေသော အားကစားပြိုင်ပွဲလည်း ဖြစ်သည်။
လက်ခံကျင်းပခြင်း
ပြင်ဆင်ရန်ကြိုတင်ပြင်ဆင်မှုများ
ပြင်ဆင်ရန်၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။
အားကစားကွင်းများ
ပြင်ဆင်ရန်ဒေသ | ယှဉ်ပြိုင်သည့် နေရာ | အားကစားနည်းများ |
ဘန်ကောက် | အမျိုးသား အားကစား ကွန်းပလတ်စ် | |
Suphachalasai Stadium | ဖွင့်ပွဲ၊ပိတ်ပွဲ၊ပြေးခုန်ပစ်၊ဘောလုံး | |
Nimibutr Gymnasium | လက်ဝှေ့၊ကျွမ်းဘား | |
Chanthanayingyong Gymnasium | ဂျူဒို | |
Sport Authority of Thailand Sport Complex (Hua Mak) | ||
Aquatics Centre | ရေပိုင်းဆိုင်ရာ အားကစားနည်းများ | |
Football Field | မြားပစ် | |
Indoor Stadium | ဘော်လီဘော၊ ပိုက်ကျော်ခြင်း | |
Shooting Range | သေနတ်ပစ် | |
Sport Training Centre | စားပွဲတင် တင်းနစ် | |
Tennis Court | တင်းနစ် | |
Velodrome | စက်ဘီးစီး | |
အခြား | ||
---|---|---|
Bangkok Youth Center Sport Complex | ဘက်စကတ်ဘော၊ ဘောလုံး | |
ချူလာလောင်ကွန်းတက္ကသိုလ် | ကြက်တောင်ရိုက် | |
Kai Siew Treng Hall | အလေးမ | |
ချွန်ဘူရီ | Pattaya Bay | ရွက်လှေ |
Star Bowl | ဘိုလင်း |
ပြိုင်ပွဲအထိမ်းအမှတ်များ
ပြင်ဆင်ရန်အထိမ်းအမှတ်တံဆိပ်
ပြင်ဆင်ရန်၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ထိုင်းနိုင်ငံ၏ နိုင်ငံခြား ခရီးသွား ဆွဲဆောင်မှုတစ်ခုဖြစ်သည့် တော်ဝင်နန်းတော်ပုံဖြစ်သည်။
လာဘ်ကောင်
ပြင်ဆင်ရန်၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ထိုင်းကြောင်ဖြစ်သည်။
ပွဲများနှင့်အားကစား
ပြင်ဆင်ရန်ပါဝင်သည့် နိုင်ငံများ
ပြင်ဆင်ရန်အားကစားနည်းများ
ပြင်ဆင်ရန်- ရေပိုင်းဆိုင်ရာ အားကစားနည်းများ
- မြားပစ်
- ပြေးခုန်ပစ်
- ကြက်တောင်ရိုက်
- ဘက်စကတ်ဘော
- ဘိုလင်း
- လက်ဝှေ့
- စက်ဘီးစီး
- ဘောလုံး
- ကျွမ်းဘား
- ဂျူဒို
- ရွက်လှေ
- ပိုက်ကျော်ခြင်း
- သေနတ်ပစ်
- စားပွဲတင်တင်းနစ်
- တင်းနစ်
- ဘော်လီဘော
- အလေးမ
ဆုတံဆိပ်ဇယား
ပြင်ဆင်ရန်၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၅၂ခု၊ ငွေတံဆိပ် ၂၅၁ခု၊ ကြေးတံဆိပ် ၂၅၉ခု၊ စုစုပေါင်း တံဆိပ် ၇၆၂ခုကို ချီးမြှင့်နိုင်ခဲ့သည်။
- Key
* အိမ်ရှင်နိုင်ငံ
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | ထိုင်း* | ၉၂ | ၆၆ | ၅၉ | ၂၁၇ |
၂ | အင်ဒိုနီးရှား | ၆၂ | ၇၃ | ၇၆ | ၂၁၁ |
၃ | ဖိလစ်ပိုင် | ၄၃ | ၅၄ | ၃၂ | ၁၂၉ |
၄ | မလေးရှား | ၂၆ | ၂၈ | ၃၂ | ၈၆ |
၅ | စင်ကာပူ | ၁၆ | ၁၁ | ၂၃ | ၅၀ |
၆ | မြန်မာ | ၁၃ | ၁၉ | ၃၄ | ၆၆ |
၇ | ဘရူနိုင်း | ၀ | ၀ | ၃ | ၃ |
၈ | ကမ္ဘောဒီးယား | ၀ | ၀ | ၀ | ၀ |
Total | ၂၅၂ | ၂၅၁ | ၂၅၉ | ၇၆၂ |
ကိုးကား
ပြင်ဆင်ရန်ယခင်က ၁၉၉၁ စင်ကာပူ |
၁၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၁၉၈၅ ဘန်ကောက် |
ဆက်ခံသူ ၁၉၈၇ ဂျကာတာ |