၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြန်မာနိုင်ငံအသင်း

မြန်မာနိုင်ငံအသင်းသည် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပွဲသည် ၁၉၈၈ခုနှစ် စက်တင်ဘာ ၁၇ရက်နေ့မှ အောက်တိုဘာ ၂ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တွင် ကျင်းပခြင်းဖြစ်သည်။မြန်မာနိုင်ငံအိုလံပစ်ကော်မတီအနေဖြင့် အမျိုးသမီး ၂ဦးသာပါဝင်သော မြန်မာအားကစားအဖွဲ့ကိုစေလွှတ်ကာ အားကစားနည်း ၁မျိုးတွင် ယှဉ်ပြိုင်စေခဲ့သည်။ သို့သော်လည်း ဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပေ။ဤအားကစားပွဲမှာ နိုင်ငံ၏ အင်္ဂလိပ်အမည်ကို Burmaအနေဖြင့် နောက်ဆုံးယှဉ်ပြိုင်ခြင်းဖြစ်ကာ နိုင်ငံကုဒ် BIRကိုလည်း နောက်ဆုံးအသုံးပြုခြင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပ​နေသည့်ကာလတွင် မြန်မာနိုင်ငံ၌ နိုင်ငံ​ရေးအ​ခြေအ​နေမတည်မငြိမ် ဖြစ်​နေကာ ဖွင့်ပွဲအခမ်းအနားကျင်းပပြီး နောက်တစ်နေ့ဖြစ်သော စက်တင်ဘာလ ၁၈ရက်နေ့တွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။ သို့သော် အားကစားသမားများမှာ ရောက်နှင့်ပြီးသားဖြစ်၍ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။ နွေရာသီအိုလံပစ်အပြီးကျင်းပသော နွေရာသီ ပါရာလမ်းပစ်ပြိုင်ပွဲကိုမူ ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။

1988 နွေရာသီ အိုလံပစ်ပြိုင်ပွဲ မှ မြန်မာနိုင်ငံ အသင်း
IOC ကုဒ်BIR
NOCမြန်မာနိုင်ငံ အိုလံပစ်ကော်မတီ
ဝဘ်ဆိုဒ်myasoc.org
တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ တွင်
ယှဉ်ပြိုင်သူများအားကစားနည်း ၁ မျိုးတွင် ၂ ဦး
ဆုတံဆိပ်များ
ရွှေ
ငွေ
ကြေး
စုစုပေါင်း
နွေရာသီ ပြိုင်ပွဲများ
မြန်မာနိုင်ငံBurma (BIR) (၁၉၄၈ - ၁၉၅၂ - ၁၉၅၆ - ၁၉၆၀ - ၁၉၆၄ - ၁၉၆၈ - ၁၉၇၂)
အခြား ဆက်စပ် ပါဝင်မှုများ
မြန်မာနိုင်ငံMyanmar (MYA)(၁၉၉၂- လက်ရှိ)

​ပြေးခုန်ပစ် ပြင်ဆင်ရန်

ကစားသမား ပွဲစဉ် Heat Quarterfinal Semifinal Final
Result Rank Result Rank Result Rank Result Rank
ခင်ခင်ထွေး အမျိုးသမီး မီတာ ၁၅၀၀ 4:20.92 23 ဤအဆင့်သို့ တက်နိုင်ခြင်းမရှိခဲ့
အမျိုးသမီး မီတာ ၃၀၀၀ 9:26.57 29 ဤအဆင့်သို့ တက်နိုင်ခြင်းမရှိခဲ့
မာမာမင်း အမျိုးသမီး မီတာ ၁၀၀၀၀ DNS ဤအဆင့်သို့ တက်နိုင်ခြင်းမရှိခဲ့
အမျိုးသမီး မာရသွန် N/A DNF

ကိုးကား ပြင်ဆင်ရန်

  • (ed.) Lee Kyong-hee (September 1989)။ Games of the XXIVth Olympiad Seoul 1988 Official Report, Volume 2: Competition Summary and Results (PDF)။ Seoul Olympic Organizing Committee။ 2007-09-30 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။CS1 maint: extra text: authors list (link)