မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ

မြန်မာနိုင်ငံ၏အိုလံပစ်ကော်မတီ

မြန်မာ အိုလံပစ်ကော်မတီ(အင်္ဂလိပ်: Myanmar Olympic Committee)သည် မြန်မာနိုင်ငံကို ကိုယ်စားပြု​သော အမျိုးသား အိုလံပစ်​ကော်မတီဖြစ်သည်။ လက်ရှိ ဥက္ကဋ္ဌမှာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဦးမင်းသိန်းဇံဖြစ်သည်။

မြန်မာ အိုလံပစ်ကော်မတီ
မြန်မာ အိုလံပစ်ကော်မတီ logo
မြန်မာ အိုလံပစ်ကော်မတီ ၏အမှတ်တံဆိပ်
နိုင်ငံ/ဒေသ မြန်မာ
ကုဒ်MYA
စတင်တည်ထောင်ခြင်း၁၉၄၆
အသိအမှတ်ပြု၁၉၄၇
Continental
Association
OCA
ဥက္ကဋ္ဌဦးမင်းသိန်းဇံ
(အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး)
အထွေထွေ အတွင်းရေးမှူးချုပ်ဦးမျိုးလှိုင်[၁]
​ကော်မတီရုံး

သမိုင်း​ကြောင်း ပြင်ဆင်ရန်

မြန်မာအိုလံပစ်ကော်မတီကို ၁၉၄၆ခုနှစ် နိုဝင်ဘာ ၂၆ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။၁၉၄၇ခုနှစ် ဇူလိုင် ၉ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။၁၉၉၃ ခုနှစ်၊ဧပြီလ (၁၉)ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၆/၉၃)ဖြင့် အမျိုးသားအိုလံပစ်ကောင်စီဥပဒေကို သတ်မှတ်ပြီး ဥပဒေအခန်း(၅)အရ အိုလံပစ်ကော်မတီကို ဖွဲ့စည်း တာဝန်ပေးခဲ့သည်။၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်၊ အမိန့်ကြော်ငြာစာအမှတ်၁/၉၉)ဖြင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရုံး၏ (၂၆ - ၄ - ၂၀၀၅) ရက်စွဲပါ စာအမှတ်၊ ၁၀၀ / နယက(ဥ)ကစ ခွင့်ပြုချက်အရ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကို ပြင်ဆင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအမျိုးသား အားကစား ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အားကစားလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ၏ (၂၂.၁.၂၀၁၂)ရက်စွဲပါ အမိန့်စာအမှတ် (၁/၂၀၁၂)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။၂၀၁၆ခုနှစ်နှင့် ၂၀၁၈ခုနှစ်နှင့် ၂၀၂၁ခုနှစ်များတွင်လည်း ကော်မတီကို အဆင့်ဆင့်ပြောင်းကာ ဖွဲ့စည်းခဲ့သည်။[၂]

အကြီးအကဲများ ပြင်ဆင်ရန်

ဥက္ကဋ္ဌများ (၂၀၁၁ - လက်ရှိ) ပြင်ဆင်ရန်

ဒုတိယဥက္ကဋ္ဌ ပြင်ဆင်ရန်

  • ဦးအေးမြင့်ကြူ (၃၀ မတ် ၂၀၁၁ - ၇ စက်တင်ဘာ ၂၀၁၂)
  • ဦးသောင်းထိုက် (၂၇ ဩဂုတ် ၂၀၁၂ - ၃၀ မတ် ၂၀၁၆)
  • ဒေါက်တာ မြလေးစိန် (၂ ဇူလိုင် ၂၀၁၈ - ၁ ဖေဖော်ဝါရီ ၂၀၂၁)

အတွင်းရေးမှူး ပြင်ဆင်ရန်

  • ဦးမျိုးလှိုင် (?? - လက်ရှိ)


လက်​အောက်ရှိ အားကစားအဖွဲ့ချုပ်များ ပြင်ဆင်ရန်

[၃]

အဖွဲ့ချုပ် ဥက္ကဋ္ဌ တည်နေရာ
မြားပစ် ဦးဇေသီဟ အ​ရှေ့မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံအားကစားကွင်း၊ ရန်ကုန်မြို့
ပြေးခုန်ပစ်
ရေကူး
ကြက်တောင် အမျိုးသားကြက်တောင်အားကစားခန်းမ၊ အနော်ရထားလမ်း၊ ရန်ကုန်မြို့
ဘတ်စကက်ဘော
ကာယဗလနှင့် ကာယကြံ့ခိုင်မှု ရန်ကုန်မြို့​တော်စည်ပင်အားကစားဝင်း၊ ရန်ကုန်မြို့
ဘိလိယက်/စနူကာ ဒေါက်တာမင်းနိုင် အောင်ဆန်း အားကစားပြိုင်ဝင်း၊ ရန်ကုန်မြို့
ဘိုးလင်
လက်ဝှေ့ သုဝဏ္ဏအားကစားပြိုင်ဝင်း၊ ရန်ကုန်မြို့
စစ်တုရင် အောင်ဆန်းအားကစားပြိုင်ဝင်း၊ ရန်ကုန်မြို့
ခြင်းလုံး
စက်ဘီး
မသန်စွမ်းအဖွဲ့ချုပ် ဗိုလ်ချုပ်လှမိုး[၄] မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း
မြင်းစီး
ဘောလုံး ဦးဇော်ဇော် ဝေဇယန္တာလမ်း၊ ရန်ကုန်မြို့
ကျွမ်းဘား ကျိုက္ကဆံအားကစားကွင်း၊ ရန်ကုန်မြို့
ဂေါက်သီး
ခြေလျင်တောင်တက်
ဟော်ကီ
ဂျူဒို ဦးထွန်းထွန်း ဦးဝိစာရလမ်း၊ ရန်ကုန်မြို့
ကရာတေးဒို
လှေလှော် ဦး​သောင်းထိုက်မင်း အင်းလျားကန်၊ အင်းလျားလမ်း၊ ရန်ကုန်မြို့
ရွက်လှေ အင်းလျားကန်၊ အင်းလျားလမ်း၊ ရန်ကုန်မြို့
ပိုက်ကျော်ခြင်း
သေနတ်ပစ် ဦး​ကျော်မိုးဝင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်
အားကစားကလောင်ရှင်
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
တင်းနစ် သိမ်ဖြူကွင်း၊ ရန်ကုန်မြို့
မြန်မာ့သိုင်း ဦးရဲမြင့် အောင်ဆန်းအားကစားပြိုင်ဝင်း၊ ရန်ကုန်မြို့
ရိုးရာအားကစား အောင်ဆန်းအားကစားပြိုင်ဝင်း၊ ရန်ကုန်မြို့
ဘော်လီဘော
အလေးမ
အမျိုးသမီးအားကစား
ဝူရှူး
ဘေ့စ်ဘော
ခရစ်ကတ်
ဓားခုတ်
နပမ်း ကျိုက္ကဆံအားကစားကွင်း၊ ရန်ကုန်မြို့
အပျော်တမ်းလေထီးခုန်
မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် 

ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်

  1. မြန်မာ့အလင်းသတင်းစာ (၈.၁၂.၂၀၂၁)
  2. မြန်မာနိုင်ငံအိုလံပစ်ကော်မတီအားကစားနှင့်ကာယပညာဦးစီးဌာန။ 16 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2021 တွင် ပြန်စစ်ပြီး။
  3. မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအားကစားနှင့်ကာယပညာဦးစီးဌာန။ 23 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2021 တွင် ပြန်စစ်ပြီး။
  4. (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ