၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ

၂၀၀၉ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် ဩဂုတ်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သော ပဉ္စမအကြိမ် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ မလေးရှားနိုင်ငံအနေဖြင့် ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမိုင်းတွင်ဆီးဂိမ်းနှင့် ပါရာဂိမ်းကို အိမ်ရှင်မတူဘဲ ကျင်းပသည့် တစ်ခုထဲသောပွဲတော် ဖြစ်သည်။

ပဉ္စမအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
V ASEAN Para Games
ကျင်းပရာမြို့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့
ဆောင်ပုဒ်Asean Moving Together
ပါဝင်သော နိုင်ငံများ၁၀
ပါဝင်ဆင်နွဲသော အားကစားသမားများ၉၈၀
ကစားပွဲအမျိုးအစား၄၀၉ (၁၁မျိုး)
ဖွင့်ပွဲအခမ်းအနား၁၅ ဩဂုတ်
ပိတ်ပွဲအခမ်းအနား၁၉ ဩဂုတ်
တရားဝင်ဖွင့်လှစ်ပေးခဲ့သူအဒူလတ်အမတ်ဘယ်ဒါဝီ
Athlete's Oathလီဆန်ချော
အခမ်းအနားကျင်းပရာ အားကစားကွင်းပူထရာမိုးလုံလေလုံအားကစားကွင်း
ဝက်ဘ်ဆိုဒ်2009 ASEAN Para Games
၂၀၀၈ ၂၀၁၁  >

အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ အားကစားသမားပေါင်း ၉၈၀ ခန့်က အားကစားနည်းပေါင်း ၁၁ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့မှ ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

လက်ခံကျင်းပခြင်း

ပြင်ဆင်ရန်

ပဉ္စမအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲသည် မူလက လာအိုနိုင်ငံတွင် ၂၀၁၀ ဇန်နဝါရီလတွင် ကျင်းပရန်ဖြစ်သည်။ သို့သော် ဘဏ္ဍာရေးအခြေအနေအရ ဆီးဂိမ်းနှင့် ပါရာဂိမ်း ၂ ခုလုံး မတတ်နိုင်၍ ၂၀၀၉ ဗီယက်ကျင်းဆီးဂိမ်းကိုသာ ကျင်းပနိုင်ခဲ့သည်။ ထို့ကြောင့် မလေးရှားနိုင်ငံမှ ကြားဖြတ်၍ လက်ခံကျင်းပပေးလိုက်ရသည်။

ကွာလာလမ်ပူ အာဆီယံပါရာဂိမ်းကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ကွင်းများ

ပြင်ဆင်ရန်

၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ကွာလာလမ်ပူတွင် ၉ နေရာ၊ ဆီလမ်ဂေါနှင့် နီဂျီရီဆမ်ဘီယံတွင် ၁ နေရာစီ စုစုပေါင်း ၁၁ နေရာတွင် ကျင်းပခဲ့သည်။

State Competition Venue Sports
ကွာလာလမ်ပူမြို့ National Sports Complex
Bukit Jalil National Stadium Athletics
Axiata Arena Badminton, Opening and Closing ceremony
Sri Putra Hall Powerlifting
Commonwealth Hall Chess
National Aquatics Centre Swimming
Other
Mega Lanes Endah Parade, Sri Petaling Bowling
OCM Indoor Sports Arena, Jalan Hang Jebat Table Tennis
National Tennis Complex, Jalan Duta Wheelchair Tennis
Titiwangsa Stadium, Titiwangsa Lake Sitting Volleyball
Selangor MPSJ Indoor Stadium, Serdang Wheelchair Basketball
Negeri Sembilan Admiral Marina and Leisure Club, Port Dickson Sailing

ပြိုင်ပွဲအထိမ်းအမှတ်များ

ပြင်ဆင်ရန်

အထိမ်းအမှတ်တံဆိပ်

ပြင်ဆင်ရန်

၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ နှလုံးသားပုံစံကို အာဆီယံ ၁၀ နိုင်ငံကို ကိုယ်စားပြုသော ချိုးငှက် ၁၀ ကောင်မှ ဝန်းရံထားသည်။ KLဆိုသောစာသားမှာ အဓိကကျင်းပရာ ကွာလာလမ်ပူမြို့ဖြစ်ပြီး၊ 09 မှာ ၂၀၀၉ ကို ဆိုလိုသည်။ 0 မှ အသည်းပုံမှာ မလေးရှားတို့၏ ချစ်ကြည်မှု၊ ဂရုစိုက်မှု၊ ဧည့်ဝတ်ကျေမှု ကို ဖော်ပြသည်။ ဤတံဆိပ်မှာ 2006 FESPIC Games အားကစားပွဲ၏တံဆိပ်ကို ပြန်လည်ဆန်းသစ်ထားခြင်း ဖြစ်သည်။ ၂၀၀၆ခုနှစ်က ကွာလာလမ်ပူတွင် နောက်ဆုံးကျင်းပခဲ့သောထို အာရှ-ပစိဖိတ်အားကစားပွဲတွင် မလေးရှားတို့အနေဖြင့် အောင်မြင်မှုများစွာ ရရှိခဲ့သည်။ ထိုအောင်မြင်မှုများကို ၂၀၀၉ ပါရာဂိမ်းတွင် ပြန်လည်ထင်ဟပ်စေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

လာဘ်ကောင်

ပြင်ဆင်ရန်

၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ၂၀၀၁ပွဲတော်မှ လာဘ်ကောင်ကိုပင် ပြန်လည်ဆန်းသစ်ထားသည်။ လာဘ်ကောင်မှာ ယူဂျန်းဟုခေါ်သော သမင်ကြွက် (mousedeer) ဖြစ်သည်။ ထိုသတ္တဝါမှာ မလေးရှားနိုင်ငံတွင်ရှိပြီး ပီလမ်ဒက် (pelanduk) သို့ ကန်စီ (kancil) ဟု ခေါ်ကြသည်။ ထိုသတ္တဝါမှာ ရိုးရာပုံပြင်များတွင် ထင်ရှားသော ဇာတ်လိုက်ဖြစ်ပြီး အန္တရာယ်များမှ လွတ်မြောက်ရန် ဖြတ်ထိုးဉာဏ်ကောင်းခြင်း၊ လျင်မြန်ခြင်း တို့ဖြင့် လုပ်ဆောင်တတ်သည်။ ၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအတွက် ရွေးချယ်ရခြင်းမှာ မသန်စွမ်းအားကစားသမား၏ စိတ်ဓာတ်ခွန်အားတို့ကို ကိုယ်စားပြုရန်ဖြစ်သည်။ ယူဂျန်းဟူသည့် အမည်မှာ မလေးရှားလူငယ်များကို အများစုခေါ်သောအမည် ဖြစ်သည်။

ပွဲများနှင့်အားကစား

ပြင်ဆင်ရန်

ဖွင့်ပွဲ

ပြင်ဆင်ရန်

၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့တွင် ပူထရာမိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပခဲ့သည်။ မလေးရှားနိုင်ငံ၏ ယခင်ဝန်ကြီးချုပ် အဒူလတ်အယ်မတ် ဘယ်ဒါဝီမှ ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ပိတ်ပွဲကို ဩဂုတ် ၁၉ ရက်နေ့က ပူထရာမိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထို့နောက် ၂၀၁၁ဆူရတ်ခါတာပွဲတော်ကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံကို အားကစားရေးရာများ လွှဲပြောင်းခဲ့သည်။

ပါဝင်သောနိုင်ငံများ

ပြင်ဆင်ရန်

မပါဝင်ခြင်း

အားကစားနည်းများ

ပြင်ဆင်ရန်

[][][][][] ၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၁၁ မျိုး ကျင်းပနိုင်ခဲ့သည်။

  • ပြေးခုန်ပစ်
  • အလေးမ
  • စစ်တုရင်
  • ရွက်လှေ
  • ရေကူး
  • ကြက်တောင်ရိုက်
  • ဘိုလင်း
  • အထိုင်ဘော်လီဘော
  • စားပွဲတင် တင်းနစ်
  • ဝှီးချဲ ဘတ်စကတ်ဘော
  • ဝှီးချဲ တင်းနစ်

ဆုတံဆိပ်ဇယား

ပြင်ဆင်ရန်

၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၄၀၉ ခု၊ ငွေတံဆိပ် ၂၈၈ ခု၊ ကြေးတံဆိပ် ၂၃၉ ခု စုစုပေါင်း ဆုတံဆိပ် ၉၃၆ ခု ချီးမြှင့်နိုင်ခဲ့သည်။

Key

  *   Host nation (Malaysia)

2009 ASEAN Para Games medal table
 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
  ထိုင်း ၁၅၇ ၇၅ ၅၇ ၂၈၉
  မလေးရှား* ၉၄ ၈၁ ၇၁ ၂၄၆
  ဗီယက်နမ် ၇၃ ၅၇ ၄၅ ၇၅
  အင်ဒိုနီးရှား ၂၉ ၂၅ ၁၉ ၇၃
  ဖိလစ်ပိုင် ၂၄ ၂၄ ၂၆ ၇၄
  စင်ကာပူ ၁၄ ၂၂
  ဘရူနိုင်း ၂၂
  မြန်မာ ၁၃ ၂၆
  ကမ္ဘောဒီးယား
၁၀   လာအို
Total (10 NPCs) ၄၀၉ ၂၈၈ ၂၃၉ ၉၃၆

ဆက်စပ်ကြည့်ရှုရန်

ပြင်ဆင်ရန်
  1. Malaysia hoping to emulate success of 2001။ 11 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 May 2009 တွင် ပြန်စစ်ပြီး။
  2. KL ASEAN Para Games need more sponsors။ 2 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 June 2018 တွင် ပြန်စစ်ပြီး။
  3. MPM Short Of RM6 Million။ 11 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 May 2009 တွင် ပြန်စစ်ပြီး။
  4. Cabinet Approves RM4 Million For Asean Para Games။ 4 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 June 2018 တွင် ပြန်စစ်ပြီး။
  5. Asean Para Games To Feature 11 Sports, 1,500 Medals