၂၀၁၅ အမျိုးသားအားကစားပွဲတော်

၂၀၁၅ အမျိုးသားအားကစားပွဲတော်သည် နေပြည်တော်မြို့တွင် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်မှ ၂၈ရက်နေ့အထိ ကျင်းပခဲ့သော စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ဖြစ်သည်။ ပြည်ထောင်စုနယ်မြေ ၁ ခု၊ ပြည်နယ်နှင့်တိုင်း ၁၄ ခုတို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့၌ တတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပပြီး ၁၈ နှစ်အကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ အမျိုးသားအားကစားပွဲတော်
2015 National Sports Festival
ကျင်းပရာမြို့နေပြည်တော်မြို့
ပါဝင်သောအသင်းများ၁၅
ကစားပွဲအမျိုးအစား၃၄ (၂၇နည်း)
ဖွင့်ပွဲအခမ်းအနား၂၁ ​ဖေ​ဖော်ဝါရီ
ပိတ်ပွဲအခမ်းအနား၂၈ ​ဖေ​ဖော်ဝါရီ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဦးဉာဏ်ထွန်း
ဒုတိယသမ္မတ
တရားဝင်ပိတ်သိမ်းပေးခဲ့သူဦးဉာဏ်ထွန်း
ဒုတိယသမ္မတ
အဓိကအားကစားကွင်း
၁၉၉၇

ဤပွဲတော်သည် ၂၀၁၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မျိုးဆက်သစ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်သည်။[၁]ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့က ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သည်။

ပြိုင်ပွဲကျင်းပခြင်း ပြင်ဆင်ရန်

ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်များမှာ ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇ ခုနှစ်တို့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ထို့နောက် ကျင်းပရန်အခက်အခဲများကြောင့် ဆက်လက်ကျင်းပခြင်းမရှိခဲ့ပေ။[၂]၂၀၁၅ခုနှစ်ရောက်မှသာ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲ၏ပွဲစဉ်အချို့ကို ဇန်နဝါရီ (၈)ရက်​နေ့ကတည်းကပင် စတင်ကျင်းပခဲ့သည်။[၃]

ပွဲများနှင့်အားကစား ပြင်ဆင်ရန်

ဖွင့်ပွဲအခမ်းအနား ပြင်ဆင်ရန်

၂၀၁၅ အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက် (၈) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (ဘီ) ၌ ကျင်းပခဲ့သည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က အားကစာယပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

ပိတ်ပွဲအခမ်းအနား ပြင်ဆင်ရန်

၂၀၁၅ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ညနေ (၆) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပိတ်ပွဲမစမီတွင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပခဲ့သည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။

ပါဝင်သည့်အသင်းများ ပြင်ဆင်ရန်

အားကစားနည်းများ ပြင်ဆင်ရန်

  •  ​ပြေးခုန်ပစ်
  •  ကြက်​တောင်ရိုက်
  •  ဘတ်စကက်ဘော
  •  ဘီလိယက်နှင့် စနူကာ
  •  ကာယကြံ့ခိုင်မှု
  •  လက်​ဝှေ့
  •  စစ်တုရင်
  • ခြင်းလုံး
  •  စက်ဘီးစီး
  •  ​ဘောလုံး
  •  ဖူဆယ်
  •  ​ဂေါက်သီး
  •  ​ဂျူဒို
  •  ​ကရာ​တေး
  •  ပိုက်​ကျော်ခြင်း
  •  ​ရေကူး/ဒိုင်ဗင်
  •  ရိုးရာလက်​ဝှေ့
  •  စားပွဲတင်တင်းနစ်
  •  တိုက်ကွမ်ဒို
  •  တင်းနစ်
  • မြန်မာ့သိုင်း
  •  ​ဘော်လီ​ဘော
  •   အ​လေးမ
  •  ဝူရှုး
  •  ၃မျိုးဆင့် အားကစား
  •  ခရစ်ကတ်

အာရှအားကစားပြိုင်ပွဲတွင် အသုံးပြုခဲ့သော အားကစားကွင်း/ရုံများတွင် ကျင်းပခဲ့သည်။ ထို့အပြင် လယ်ဝေးနှင့် ပျဉ်းမနားမြို့များရှိ အားကစားကွင်းများကိုလည်း အသုံးပြုခဲ့သည်။ အားကစားနည်းပေါင်း (၂၇)နည်းတွင် အမျိုးသား (၂,၈၉၅)ဦး၊ အမျိုးသမီး (၁,၄၆၆)ဦးတို့ ပါဝင်ယီဉ်ပြိုင်ကြသည်။ ထို့အပြင် အားကစားနည်း (၇)နည်းဖြင့် မသန်စွမ်းအားကစားပြိုင်ပွဲလည်း ပါဝင်သည်။[၄]

ကိုးကား ပြင်ဆင်ရန်