အမျိုးသားအားကစားပွဲတော် (မြန်မာနိုင်ငံ)
အမျိုးသားအားကစားပွဲတော်သည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများမှ အားကစားအသင်းများ၊ တိုင်းနှင့် ပြည်နယ်များမှ အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည့် အမျိုးသားအဆင့် အားကစားပွဲတော်ဖြစ်သည်။၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇နှင့် ၂၀၁၅ခုနှစ်များတွင် ကျင်းပနိုင်ခဲ့သည်။ အမျိုးသားအားကစားပွဲတော်နှင့်အတူ အမျိုးသားအဆင့် ကျောင်းသားအားကစားပွဲတော်များကိုလည်း ကျင်းပခဲ့သည်။[၁]
ပထမအကြိမ် | ၁၉၉၂ အမျိုးသားအားကစားပွဲတော် |
---|---|
Occur every | အတိအကျမရှိ |
နောက်ဆုံးတစ်ခေါက် ကျင်းပခဲ့သည့် ပြိုင်ပွဲ | ၂၀၁၅ အမျိုးသားအားကစားပွဲတော် |
ဦးဆောင်ကျင်းပသူ | မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ |
သမိုင်းကြောင်း
ပြင်ဆင်ရန်ပထမဆုံးသော အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ မူလက ၂နှစ်လျှင်တစ်ကြိမ် ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း အခက်အခဲများကြောင့် မကျင်းပနိုင်ခဲ့ပေ။၁၉၉၇ခုနှစ် နဝတအစိုးရလက်ထက်တွင် တတိယအကြိမ်ကျင်းပခဲ့ပြီး ၂၀၁၅ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင်မှ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင် ပြန်လည်ကျင်းပနိုင်ခြင်းမရှိသေးပေ။
ရည်ရွယ်ချက်များ
ပြင်ဆင်ရန်- မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်ဟူသော ရည်ရွယ်ချက်ကို အမျိုးသားရေးလှုပ်ရှားမှုဖြင့် ဆောင်ရွက်နိုင်ရန်၊
- အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်ဟု ခံယူတတ်လာစေရန်၊
- အားကစားဆောင်ရွက်ရာတွင် မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေးဇာတိမာန် ရှင်သန်လာစေရေးအတွက် ဦးတည်လာစေရန်၊
- ထက်မြက်ထူးချွန်သော အားကစားသမားမျိုးဆက်သစ်များ ပေါ်ထွက်လာပြီး ကမ္ဘာ့အဆင့်အထိ တက်လှမ်းလာစေရန်၊
- မြန်မာ့အားကစားအဆင့်အတန်း မြင့်မားစေရေးအတွက် တစ်နိုင်ငံလုံးမှ ပါဝင်လှုပ်ရှားပြီး တက်ကြွစွာ အားပေးချီးမြှောက်မှုများ ပြုလုပ်လာစေရန်၊
- ခေတ်မီတိုးတက်သော အားကစားနည်းစနစ်သစ်များဖြင့် လေ့ကျင့်ပျိုးထောင်ထားသော အားကစားထူးချွန်သူများ ပေါ်ထွန်းရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရန်၊
- အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသည့် ထူးချွန်သောအားကစားသမားအချင်းချင်း ပိုမိုရင်းနှီးမှုရရှိကာ ပြည်ထောင်စုစိတ်ဓာတ် ပြင်းထန်လာစေရန်၊
ပွဲတော်များ
ပြင်ဆင်ရန်ပွဲတော် | ခုနှစ် | ကျင်းပသည့်မြို့ | ဖွင့်လှစ်ပေးသူ | ရက်စွဲ | အားကစားနည်းပေါင်း | ယှဉ်ပြိုင်သည့်အသင်းပေါင်း | အားကစားသမားပေါင်း | ပထမရသည့်အသင်း | ဒုတိယရသည့်အသင်း | ကိုးကား |
---|---|---|---|---|---|---|---|---|---|---|
I | ၁၉၉၂ | ရန်ကုန်မြို့ | ဒုတိယဗိုလ်ချုပ်ကြီး အောင်ရဲကျော် ယဉ်ကျေးမှုဝန်ကြီး |
၃ - ၁၄ မေ | ၂၂ |
|
၁၀၀၅၄ | စက်မှု (၁) | [၂] | |
II | ၁၉၉၄ | ရန်ကုန်မြို့ | ဗိုလ်ချုပ် ခင်ညွန့် အတွင်းရေးမှူး (၁) |
၂၅ ဇန်နဝါရီ - ၆ ဖေဖော်ဝါရီ | ၂၄ |
|
၈၇၀၄ | [၃] | ||
III | ၁၉၉၇ | ရန်ကုန်မြို့ | ||||||||
IV | ၂၀၁၅ | နေပြည်တော်မြို့ | ဦးဉာဏ်ထွန်း ဒုတိယသမ္မတ |
၁၃ -၂၈ ဖေဖော်ဝါရီ | ၂၇ | ၁၅ (ပြည်နယ်/တိုင်းဒေသကြီး/ပြည်ထောင်စုနယ်မြေ) | ၄၃၆၁ | ရန်ကုန်တိုင်းဒေသကြီး | မန္တလေးတိုင်းဒေသကြီး | [၄] |
V | ၂၀၂၄ | နေပြည်တော်မြို့ | ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် (ခန့်မှန်း) | ၉-၂၀ ဒီဇင်ဘာ |
|
|
ကိုးကား
ပြင်ဆင်ရန်- ↑ Sports Fest Attracts nearly 4500 Athletes။ 21 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 September 2021 တွင် ပြန်စစ်ပြီး။
- ↑ စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၉၃။
- ↑ စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၉၅။
- ↑ အမျိုးသားအားကစားပွဲတော် ရန်ကုန်တိုင်းဦးဆောင်။ 21 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 September 2021 တွင် ပြန်စစ်ပြီး။