၂၀၁၆ အာရှပေါင်းစည်းရေးဖလားဘောလုံးပြိုင်ပွဲ

၂၀၁၆ အာရှပေါင်းစည်းရေးဖလားဘောလုံးပြိုင်ပွဲ သည် အာရှ ဘောလုံးအဖွဲ့ချုပ်မှ ပထမဆုံးအကြိမ်ကျင်းပသော အာရှပေါင်းစည်းရေးဖလားပြိုင်ပွဲ ဖြစ်သည်။ ၎င်းပြိုင်ပွဲသည် အာရှစိန်ခေါ်ခြင်းဖလား ဖျက်သိမ်းပြီးနောက် အစားထိုးကျင်းပသောပြိုင်ပွဲလည်းဖြစ်သည်။

၂၀၁၆ အာရှပေါင်းစည်းရေးဖလားဘောလုံးပြိုင်ပွဲ
ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ
အိမ်ရှင်နိုင်ငံမလေးရှား
မြို့ကူချင်းမြို့
ကျင်းပသည့်နေ့၂–၁၅ နိုဝင်ဘာ ၂၀၁၆
ယှဉ်ပြိုင်သည့်အသင်း၇ (အဖွဲ့ချုပ် ၁ ခုမှ)
အားကစားကွင်း၂ (အိမ်ရှင်မြို့ ၁ မြို့တွင်)
နောက်ဆုံး ရပ်တည်မှုများ
ချန်ပီယံ နီပေါ (ပထမအကြိမ်)
ဒုတိယ မကာအို
တတိယ လာအို
စတုတ္ထ ဘရူနိုင်း
ပြိုင်ပွဲဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ
ပွဲစဉ်၁၃
ဂိုးအရေအတွက်၃၇ (တစ်ပွဲလျှင် ၂.၈၅ ဂိုးနှုန်း)
ပရိသတ်ဦးရေ၂၃၈၄ (တစ်ပွဲလျှင် ၁၈၃ ဦးနှုန်း)
ဂိုးအများဆုံး
သွင်းသူ
ဘရူနိုင်းနိုင်ငံ Shahrazen Said
လာအိုနိုင်ငံ Xaisongkham Champathong
မကာအို Niki Torrão
(၄ ဂိုးစီ)
အကောင်းဆုံး
အားကစားသမား
မကာအို Leong Ka Hang
အသန့်ရှင်းဆုံးဆု လာအို

အသင်းပေါင်း ကိုးသင်း သည် ထိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ ခြောက်သင်းမှာ ၂၀၁၉ အာရှဖလား နှင့် ၂၀၁၈ ကမ္ဘာ့ဖလားအာရှဇုန် ပူးတွဲခြေစစ်ပွဲပထမအဆင့်တွင် ရှုံးနိမ့်ခဲ့သောအသင်းများဖြစ်ပြီး ကျန်သုံးသင်းမှာ ၂၀၁၉ အာရှဖလား ဒုတိယအဆင့် သီးသန့်ခြေစစ်ပွဲများတွင် ရှုံးနိမ့်ခဲ့သောအသင်းများဖြစ်သည်။ ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ် တို့ နုတ်ထွက်မှုကြောင့် အသင်း ၇ သင်းဖြင့်သာ ယှဉ်ပြိုင်ခဲ့သည်။

ခြေစစ်ပွဲအောင်အသင်းများ ပြင်ဆင်ရန်

အောက်ဖော်ပြပါ ခြောက်သင်းမှာ ၂၀၁၉ အာရှဖလား နှင့် ၂၀၁၈ ကမ္ဘာ့ဖလားအာရှဇုန် ပူးတွဲပထမအဆင့်ခြေစစ်ပွဲများတွင် ရှုံးနိမ့်ခဲ့ပြီး ယခုပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရသောအသင်းများဖြစ်သည်။

အောက်ဖော်ပြပါ သုံးသင်းမှာ ၂၀၁၉ အာရှဖလား ဒုတိယအဆင့် သီးသန့်ခြေစစ်ပွဲများတွင် ရှုံးနိမ့်ခဲ့ပြီး ယခုပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရသောအသင်းများဖြစ်သည်။

ကွင်းများ ပြင်ဆင်ရန်

ပြိုင်ပွဲကို မလေးရှားနိုင်ငံကူချင်းမြို့ ရှိ သာရာဝပ်အားကစားကွင်း နှင့် သာရာဝပ်ပြည်နယ်အားကစားကွင်း များတွင် ကျင်းပခဲ့သည်။

မဲခွဲပွဲ ပြင်ဆင်ရန်

မဲခွဲပွဲကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့၊ ဒေသစံတော်ချိန် ၁၅:၀၀ နာရီ(UTC+08:00) တွင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ ရှိ အာရှ ဘောလုံးအဖွဲ့ချုပ် ၏ရုံးချုပ်၌ကျင်းပခဲ့သည်။

မဲခွဲပွဲတွင် အသင်းများ၏အဆင့်သတ်မှတ်ချက်များကို ၂၀၁၆ ခုနှစ် ဩဂုတ်လက ထွက်ရှိခဲ့သော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ အမျိုးသားလက်ရွေးစင်အသင်းများအဆင့်သတ်မှတ်ချက်ဖြင့် ဆုံးဖြတ်ခဲ့သည်။

ပြိုင်ပွဲပုံစံ ပြင်ဆင်ရန်

ပြိုင်ပွဲကျင်းပမည့်ပုံစံသည် အသင်းအရေအတွက်ပေါ်မူတည်၍ အပြောင်းအလဲပြုလုပ်ရန် အာရှ ဘောလုံးအဖွဲ့ချုပ် က ဆုံးဖြတ်ခဲ့သည်။ အကယ်၍ အသင်းကိုးသင်း ပါဝင်ခဲ့လျှင် လေးသင်း တစ်အုပ်စု၊ ငါးသင်းတစ်အုပ်စု ဟူ၍ အုပ်စု ၂ ခုခွဲပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးအသင်းများသည် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်။ အကယ်၍ ရှစ်သင်းသာ ပါဝင်ခဲ့ပါက လေးသင်း ၂ အုပ်စု ခွဲ၍ အုပ်စုတစ်ခုစီမှထိပ်ဆုံး အသင်း ၂ သင်းစီသည် အကြိုဗိုလ်လုပွဲသို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်ပြိုင်ပွဲတွင်မူ ခုနစ်သင်းသာပါဝင်ခဲ့ရာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၂ သင်းစီသည် အကြိုဗိုလ်လုပွဲသို့ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

အုပ်စုအဆင့် ပြင်ဆင်ရန်

ပွဲချိန်များမှာ မလေးရှားစံတော်ချိန် (UTC+08:00) ဖြစ်သည်။

အုပ်စု (က) ပြင်ဆင်ရန်

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
  နီပေါ +၃
  ဘရူနိုင်း +၁
  အရှေ့တီမော −၄
  ဘင်္ဂလားဒေ့ရှ်
  ပါကစ္စတန်
၂၀၁၆ နိုဝင်ဘာလ ၂
၁၉:၃၀
ဘရူနိုင်း   ၄–၀   အရှေ့တီမော သာရာဝပ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၁၀၀ ဦး
၂၀၁၆ နိုဝင်ဘာလ ၅
၁၉:၃၀
အရှေ့တီမော   ၀–၀   နီပေါ သာရာဝပ်ပြည်နယ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၃၁၅ ဦး
၂၀၁၆ နိုဝင်ဘာလ ၈
၁၉:၃၀
နီပေါ   ၃–၀   ဘရူနိုင်း သာရာဝပ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၂၁၀ ဦး

အုပ်စု (ခ) ပြင်ဆင်ရန်

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
  မကာအို +၄
  လာအို +၁
  မွန်ဂိုးလီးယား −၂
  သီရိလင်္ကာ −၃
၂၀၁၆ နိုဝင်ဘာလ ၃
၁၆:၃၀
လာအို   ၂–၁   သီရိလင်္ကာ သာရာဝပ်ပြည်နယ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၁၀၀ ဦး
၂၀၁၆ နိုဝင်ဘာလ ၃
၁၉:၃၀
မကာအို   ၂–၁   မွန်ဂိုးလီးယား သာရာဝပ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၉၀ ဦး

၂၀၁၆ နိုဝင်ဘာလ ၆
၁၆:၃၀
လာအို   ၁–၄   မကာအို သာရာဝပ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၆၇ ဦး
၂၀၁၆ နိုဝင်ဘာလ ၆
၁၉:၃၀
မွန်ဂိုးလီးယား   ၂–၀   သီရိလင်္ကာ သာရာဝပ်ပြည်နယ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၂၂၆ ဦး

၂၀၁၆ နိုဝင်ဘာလ ၉
၁၉:၃၀
သီရိလင်္ကာ   ၁–၁   မကာအို သာရာဝပ်ပြည်နယ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၉၃ ဦး
၂၀၁၆ နိုဝင်ဘာလ ၉
၁၉:၃၀
လာအို   ၃–၀   မွန်ဂိုးလီးယား သာရာဝပ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၃၂၁ ဦး

ရှုံးထွက်အဆင့် ပြင်ဆင်ရန်

ရှုံးထွက်အဆင့်တွင် သာမန်ပွဲကစားချိန်အတွင်း သရေကျနေပါက အချိန်ပို သို့မဟုတ် ပင်နယ်တီ ဖြင့် အနိုင်၊အရှုံးဆုံးဖြတ်သည်။ ပွဲချိန်များအားလုံးသည် မလေးရှားစံတော်ချိန် (UTC+08:00) ဖြစ်သည်။

အကြိုဗိုလ်လုပွဲရလဒ်များ ပြင်ဆင်ရန်

၂၀၁၆ နိုဝင်ဘာလ ၁၂
၁၆:၄၅
နီပေါ   ၂–၂
(a.e.t.)
  လာအို သာရာဝပ်ပြည်နယ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၁၁၇ ဦး
  Penalties  
Heman Gurung  
Bikram Lama  
Sujal Shrestha  
၃–၀   Bounlien Bounpachack
  Sitthideth Khanthavong
  Chanthaphone Waenvongsoth

၂၀၁၆ နိုဝင်ဘာလ ၁၂
၁၉:၃၀
မကာအို   ၁–၁
(a.e.t.)
  ဘရူနိုင်း သာရာဝပ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၃၃၁ ဦး
  Penalties  
Niki Torrão  
Leong Ka Hang  
Chan Man  
Sio Ka Un  
၄–၃   Faiq Bolkiah
  Shahrazen Said
  Rosmin Kamis
  Azwan Saleh
  Maududi Hilmi Kasmi

တတိယနေရာလုပွဲ ပြင်ဆင်ရန်

၂၀၁၆ နိုဝင်ဘာလ ၁၄
၁၉:၃၀
လာအို   ၃–၂   ဘရူနိုင်း သာရာဝပ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၂၅၇ ဦး

ဗိုလ်လုပွဲ ပြင်ဆင်ရန်

၂၀၁၆ နိုဝင်ဘာလ ၁၅
၁၉:၃၀
မကာအို   ၀–၁   နီပေါ သာရာဝပ်အားကစားကွင်းကူချင်းမြို့
ပွဲကြည့်ပရိသတ်: ၁၅၇ ဦး

ကိုးကား ပြင်ဆင်ရန်