ခရစ်သက္ကရာဇ် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ(၂၄)ရက်၊ ဗုဒ္ဓဟူးနေ့၊ မြန်မာစံတော်ချိန် (၁၇) နာရီ (၀၄) မိနစ် (၅၅) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏အနောက်ဘက် (၁၂)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈) အဆင့်ရှိ အင်အားပြင်းထန်သောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၆ ဩဂုတ် မြန်မာငလျင်
ငလျင်လှုပ်ပြီးနောက် ဖူးတွေ့ရသော စူဠာမဏိဘုရား
၂၀၁၆ ဩဂုတ် မြန်မာငလျင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
၂၀၁၆ ဩဂုတ် မြန်မာငလျင်
UTC အချိန်??
ရက်စွဲ *၂၄ ဩဂုတ် ၂၀၁၆ (၂၀၁၆-၀၈-၂၄)
မူလ အချိန် *5:04 p.m
အတိုင်းအတာ၆.၈ Mw
အနက်၈၄.၁ km (၅၂.၃ mi)
ငလျင်ဗဟို20°55′08″N 94°34′44″E / 20.919°N 94.579°E / 20.919; 94.579ကိုဩဒိနိတ်: 20°55′08″N 94°34′44″E / 20.919°N 94.579°E / 20.919; 94.579[၁]
သက်ရောက်ဧရိယာဘင်္ဂလားဒေ့ရှ်
အိန္ဒိယ
မြန်မာ
ထိုင်း
ထိခိုက်သေကြေမှုများ၃ ဦးသေ
Deprecated See documentation.

အပျက်အစီးများ ပြင်ဆင်ရန်

မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းဘုရားစေတီ (၄၂၅) ဆူ[၂] ထီးတော်ယိုင်ခြင်း၊ စိန်ဖူးတော်မြေခခြင်း၊ ဖောင်းရစ်များ အက်ကွဲခြင်းများ ရှိခဲ့သည်။ ထို့အပြင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မြို့မဈေးကြီးအရှေ့ဘက် ကျမ်းကိုင်ကျွန်းဘုရားဝင်းအတွင်းရှိ စေတီတော်ပြိုကျခြင်း၊ သစ်တပွေရပ်ကွက်တွင်လူ(၂)ဦးသေဆုံးခြင်း၊ ပွင့်ဖြူမြို့နယ်၊ ကျွဲထိကျေးရွာတွင်စေတီ(၁)ဆူပြိုကျခြင်း၊ အဆောက်အဦအချို့ပျက်စီးခြင်း၊ မကွေးတိုင်း စကုမြို့ဝန်းကျင်ရှိ ရှေးဟောင်းစေတီ ပုထိုးများနှင့် ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ပျက်စီးပြိုကျခဲ့ခြင်း၊ စလင်းမြို့ပေါ်ရှိ ရှေးဟောင်း စေတီပုထိုးများ ထီးတော်မြေခခြင်း၊ ဘုရားကိုယ်လုံးတော်များတွင် အက်ကြောင်းများ ဖြစ်ပေါ်ခြင်း၊ စလင်းမြို့နယ် ဖောင်းလင်းကျေးရွာရှိ စောလူးမင်း တည်ထားခဲ့သည့် ရွှေစောလူးဘုရား၏ ကိုယ်လုံးတော်များ တွင်လည်း အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး ပြိုကျခဲ့ခြင်း၊ ပခုက္ကူမြို့နယ်၊ ပုဂ္ဂလိကဆေးပေါင်းရုံပြိုကျ၍ လူ(၁)ဦးသေဆုံးပြီး(၁)ဦးဒဏ်ရာရရှိခြင်း၊ မင်းလှမြို့နယ်ရှိဘုရားစေတီ(၁)ဆူစိန်ဖူးတော်မြေခခြင်း၊ ငဖဲမြို့နယ်တွင် အိမ်အချို့ပြိုကျပျက်စီးခြင်း၊ ချောက်မြို့နယ်တွင် အဆောက်အဦနှင့်နေအိမ်အချို့ပျက်စီးခြင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ရတနာ့မာန်အောင်စေတီတော် ပြိုကျခြင်း၊ စစ်တွေမြို့နယ်တွင် ဓာတ်တိုင်များယိမ်းယိုင်နဲ့ခြင်း၊ နေပြည်တော်လွှတ်တော်အဆောက်အဦတွင် မျက်နှာကျက်များအနည်းငယ်ပျက်စီးခြင်းတို့ ဖြစ်ခဲ့သည်။


စေတီ/ပုထိုး အပျက်အစီးများ
ဓမ္မရံကြီး မုခ်ဦးပြိုကျ
မြစေတီ စိန်ဖူးတော်၊ ခရေသီး ငါးလုံးပြုတ်ကျ
ထီးလိုမင်းလိုဘုရား ငှက်ပျော်ဖူးအောက်သို့ ပြုတ်ကျ
လောကနဒ္ဒ မြောက်ဘက်မုခ်ဦးပြိုကျ
စူဠာမဏိဘုရား ကွမ်းတောင်တစ်ခုလုံး ပြိုကျ
ရွှေသာလျောင်း အတွင်းအင်္ဂတေ ပျက်ဆီးပြိုကျ
ရွှေဆံတောင်ဘုရား ငါးဆင့်အထက် အဝိုင်းပတ်လက်အက်ကွဲ
မြစည်းခုံ ခေါင်းလောင်းအက်ကွဲ

ရွှေမုခ်ဌော အရှေ့ဘက်မုခ်ပြို

[၃]

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကနဦးပျက်ဆီးမှူ စာရင်း
စဉ် ဘေးဖြစ်ဒေသ အိမ်ခြေ သေဆုံး ဆေးရုံး ရုံး ကျောင်း ဘုန်းကြီးကျောင်း
ငါ့သရောက်
ရေနံချောင်း
စလင်း
ပွင့်ဖြူ
ပခုက္ကူ
မင်းလှ
ချောက်
တောင်တွင်းကြီး
ဆိပ်ဖြူ
၁၀ ဆင်ပေါင်ဝဲ
၁၁ မင်းပြား
၁၂ မြေပုံ

[၄]

မီးတောင်ပေါက်ကွဲမှု ပြင်ဆင်ရန်

ငလျင်ဒဏ်ကြောင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စေမော်ကျေးရွာနဲ့ ကြတ္တိန်ကျေးရွာသွားလာလမ်းဘေး တောင်ပေါ်က ဒေသခံ အခေါ်အရ ကြက်သေနဂါးခေါ် မီးတောင်ငယ်သည် ၅နာရီခွဲအချိန်တွင် မိနစ် ၃၀ ခန့်ကြာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ကျောက်ဖြူ ရွံ့မီးတောင်လည်း ငလျင်ဒဏ်ကြောင့် ပေါက်ကွဲထွက်လာခဲ့သည်။ အမြင့်ပေ ၂၀ ထိတက်ကာ ပေ ၄၀ ခန့်အထိ ရွံ့ရည်များ ဖုံးလွှမ်းသွားခဲ့သည်။ ရွှံ့မီးတောင် ပေါက်ကွဲမှုတွင် လူနေအိမ်ခြေထိခိုက်မှု မရှိခဲ့ပေ။ နောက်ထပ် မကွေးတိုင်းဒေသကြီးမင်းဘူးမြို့အနီးရှိ နဂါးပွက်တောင် ခေါ် ရွှံ့မီးတောင်ငယ်သည်လည်း ပေါက်ကွဲခဲ့သည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. M6.8 - 25km W of Chauk, BurmaUSGS။ 24 August 2016 တွင် ပြန်စစ်ပြီး။
  2. ငြိမ်းချမ်း (၂၂ စက်တင်ဘာ ၂၀၁၆)။ ငလျင်ကြောင့် ပုဂံဘုရား ပျက်စီးမှု ၄၂၅ ဆူအထိရှိလာ၇ ရက် နေ့စဉ်သတင်းစာ။ 23 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  3. Eleven Media Group Facebook Page
  4. လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကနဦးပျက်စီးမှူ စာရင်း
  5. ငလျင်လှုပ်ခတ်မှုသတင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ဆောင်ရွက်ချက် | ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန