မင်းဘူးမြို့
မင်းဘူးမြို့ သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မင်းဘူးနှင့် ဓားလွယ်ခုတ် မြစ်ကမ်းပါး စောက်ပေါ်တွင် မကွေးမြို့တည်ရှိပေသည်။ မြန်မာနိူင်ငံတွင် ရွှံ့မီးတောင်များ ရှိရာ အရပ်လည်းဖြစ်သည်။မင်းဘူးမြို့နယ်တွင် မင်းဘူးမြို့နှင့်စကုမြို့တို့ပါဝင်သဖြင့် မင်းဘူး(စကု)မြို့နယ်ဟူ၍ ခေါ်ဆိုကြသည်။မိုးအလွန်နည်းသောဒေသတွင် တည်ရှိ၍ ဆည်ရေကို အားထားရသည်။မင်းဘူး မြို့သည်ကုန်းဘောင်ခေတ်]]လောက်အထိ မင်းဘူးသည် ရွာကြီးတစ်ရွာ အဖြစ်တည်ရှိခဲ့ဟန် တူသည်။ ဇာတ်ကြီးဆယ်ဘွဲ့ မှ ၈-ဘွဲ့ကို စကားပြေဖြင့် ရေးသားသော မင်းဘူး ဦးဩဘာသ၏ ဇာတိလည်း ဖြစ်သည်။မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးနှင့်နဂါးပွတ်တောင်တော်တို့မှာ အထူးထင်ရှားသည့်မြို့ကျက်သရေဆောင်ဖြစ်ပေသည်။
မင်းဘူးမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 20°10′N 94°52′E / 20.167°N 94.867°E | |
နိုင်ငံအမည် | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | မင်းဘူး |
လတ္တီကျု | (၂၀)ဒီဂရီ၊ (၁၀)မိနစ် |
လောင်ဂျီကျု | (၉၄)ဒီဂရီ၊ (၅၂)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | မင်းဘူးမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၈၈,၆၈၈[၁] |
အချိန်ဇုန် | မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ခေါ်တွင်ပုံ
ပြင်ဆင်ရန်- မင်္ဂလာပူရ ခေါ် မင်းဘူးသည် မန်းချောင်းနှင့် ဧရာဝတီမြစ်တို့ ပူးဆုံရာဖြစ်၍ မန်းပူး ခေါ်ဆိုရာမှ မင်းပူးဟု တွင်လာသည်။
- မိုးညှင်းမင်းတရားနှင့် ရှင်ဘို့မယ်တို့ တွေ့ဆုံရာအရပ် ဖြစ်သည်ကို အစွဲပြု၍ ခေါ်သော မင်းပူးဟု တွင်လာသည်။ [၂]
စီးပွားရေး
ပြင်ဆင်ရန်တောင်ယာလုပ်ကိုင်ခြင်း၊ပဲအမျိုးမျိုး၊နှမ်းနှင့်စပါးစိုက်ပျိုးခြင်းအားအဓိကထားလုပ်ကိုင်ကြသည်။ရေနံတူးဖော်ရေးလုပ်ငန်းနှင့် အစိုးရမဟုတ်သော လက်ရပ်တွင်းတူးဖော်ရေးလည်း အနည်းငယ်လုပ်ကိုင်သည်။
ထင်ရှားသည့်နေရာများ
ပြင်ဆင်ရန်- မန်းရွှေစက်တော်ရာဘုရား
- နဂါးပွက်တောင်
- ရှင်ပင်စက္ကိန်းတဲဘုရား
- ရှင်မင်းပူးဘုရား
- ဓာတ်တော်ကုန်းဘုရား
ကိုးကား
ပြင်ဆင်ရန်- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ January 21, 2015 တွင် ပြန်စစ်ပြီး
- ↑ ဦးဖေမောင်တင်၏ မြန်မာစာပေ သမိုင်း