၂၀၂၁ ဟေတီငလျင်
၂၀၂၁ ဟေတီငလျင် သည် ဟစ်ပန်ယိုလာကျွန်းရှိ ကာရစ်ဘီယံနိုင်ငံတစ်ခုဖြစ်သော ဟေတီနိုင်ငံ၏ တီဘာရွန်ကျွန်းဆွယ်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်၍ ပြင်းအားမှာ ၇.၂ မဂ္ဂနီကျူရှိကာ ၂၀၂၁ ဩဂုတ် ၁၄ တွင် လှုပ်ခတ်ခဲ့သည်။[၁] မြို့တော် ပေါ့တ်-အို-ပရင့်စ် ၏ အနောက်ဘက် ၁၅၀ ကီလိုမီတာ (၉၃ မိုင်) ခန့်၊ ပဲတစ်တ်-ထရို-ဒီ-နစ်ပဲဇ် ဒေသအပိုင်းအနီးတွင် မြေအောက်အနက် ၁၀-ကီလိုမီတာ-deep (၆.၂-မိုင်) ၌ ဗဟိုချက်ပြု၍ လှုပ်ခတ်ခဲ့သည်။[၄][၅] အစောပိုင်းတွင် ဟေတီကမ်းရိုးတန်းတစ်လျှောက် ဆူနာမီဖြစ်နိုင်ချေရှိသည်ဟု သတိပေးခဲ့သော်လည်း မကြာမီ ထိုသတိပေးထုတ်ပြန်လျက်ကို ရုပ်သိမ်းခဲ့သည်။[၅] အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့၏ "တုံ့ပြန်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ငလျင်များကို ချက်ချင်းအကဲဖြတ်မှု"ဝန်ဆောင်အဖွဲ့ (PAGER) က သေကျေမှုနှုန်းမြင့်မား၍ ကျယ်ပြန့်သည့် ကပ်ဆိုးဖြစ်မည်ဟု ခန့်မှန်းတွက်ချက်ခဲ့ကြသည်။[၆] ၂၀၂၁ ဩဂုတ် ၁၅ အထိ အနည်းဆုံး အဆောက်အအုံ ၈၃,၀၀၀ (သို့) ယင်းထက်ပို၍ ပျက်စီးထိခိုက်ခဲ့ကာ[၇] သေဆုံးမှု အရေအတွက်မှာ ၁၉၄၁ ဦးအထိရှိပြီဖြစ်သည်။[၈][၉] ၂၀၂၁ တွင် ဖြစ်ပွားသော သေကျေမှုအများဆုံး သဘာဝကပ်ဆိုး၊ သေကျေမှုအများဆုံး ငလျင်တစ်ခုလည်း ဖြစ်လေသည်။
UTC အချိန် | 2021-08-14 12:29:09 |
---|---|
ISC ဖြစ်ရပ် | 620986707 |
USGS-ANSS | ComCat |
ဒေသ ရက်စွဲ | ၂၀၂၁ ဩဂုတ် ၁၄ |
ဒေသ အချိန် | ၀၈:၂၉:၀၈ |
အတိုင်းအတာ | 7.2 Mw |
အနက် | ၁၀ ကီလိုမီတာ (၆.၂ မိုင်) |
ငလျင်ဗဟို | 18°24′29″N 73°28′30″W / 18.408°N 73.475°Wကိုဩဒိနိတ်: 18°24′29″N 73°28′30″W / 18.408°N 73.475°W[၁] |
အက်ကွဲကြောင်း | အန်းရစ်ကွီလို-ပလန်တင် ဂါးဒန်း ပြတ်ရွေ့ဇုံ |
အမျိုးအစား | ထက်အောက်ဘေးစောင်းပွတ်တိုက်ခြင်း (Oblique-reverse) |
အများဆုံးပြင်းအား | VIII (Severe)[၁] |
ထိခိုက်သေကြေမှုများ | အနည်းဆုံး ၁,၉၄၁ (သေဆုံး) ၊ ၉,၉၁၅ (ဒဏ်ရာရသူ) [၂][၃] |
ငလျင်အကြောင်းအရာ
ပြင်ဆင်ရန်အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့အရ ငလျင်သည် အန်းရစ်ကွီလို-ပလန်တင် ဂါးဒန်း ပြတ်ရွေ့ဇုံ (Enriquillo–Plantain Garden fault zone) တွင် ကျောက်လွှာနှစ်ချပ် ထက်အောက်စောင်း၍ ဆန့်ကျင်ဘက်သို့ရွေ့လျားခြင်း (oblique-reverse) ၏ ရလဒ်ကြောင့် ဖြစ်သည်။ ပြတ်ရွေ့ကြောသည် ဘေးတိုက်ရေပြင်ညီပြတ်ရွေ့ဖြစ်၍ ထိုပြတ်ရွေ့သည် ဂိုနေ့ဗ် မိုက်ခရိုကျောက်လွှာချပ် (Gonave Microplate) မှ ကာရစ်ဘီယံကျောက်လွှာချပ်ကို ကွဲကွာသွားစေ၏ ။[၁၀] ဘယ်ဖက်သို့ ဘေးတိုက်ရေပြင်ညီပြတ်ရွေ့(ရွေ့လျားခြင်း)သည် ၁၇၅၁ နှင့် ၁၇၇၀ ဟေတီငလျင်များ၏ အရင်းအမြစ်ဟု ယူဆကြ၍ ထိုငလျင်များသည် ပေါ့တ်-အို-ပရင့်စ် မြို့တော်ကို အကြီးကျယ် ဖျက်ဆီးခဲ့လေသည်။[၁၁] မကြာသေးမီကလည်း ဤဘူမိအသွင်အပြင်ကြောင့် ၂၀၁၀ ဟေတီငလျင် ကိုဖြစ်ပေါ်စေခဲ့၍ လူပေါင်း ၁၀၀,၀၀၀ နှင့် ၃၁၆,၀၀၀ တို့ကြား အရေအတွက်ကို သေကြေစေခဲ့သည်။
ငလျင်ပြင်းအားသည် လေးကေးဒေသတွင် MMI စကေး ၇ ၊ မြို့တော်တွင် MMI စကေး ၆ အထိရောက်ရှိခဲ့သည်။[၁၂] ဂျမေကာနိုင်ငံတွင်လည်း ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားမိကြ၍ ဂျမေကာနိုင်ငံ၏မြို့တော် ကင်းစတန်တွင် MMI စကေး ၄ အထိရောက်ရှိသည်။[၁၃][၁၂]
ဆူနာမီသတိပေးချက်ကို ဟေတီအတွက် ထုတ်ပြန်ကြေညာခဲ့သော်လည်း ထိုနေ့တွင်ပင် ကြေညာချက်ကို ရုပ်သိမ်းခဲ့သည်။[၁၄]
နောက်ဆက်တွဲငလျင်များ
ပြင်ဆင်ရန်အဓိကငလျင်ကြီးပြီးနောက် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများကို မှတ်တမ်းတင်ခဲ့ကြရာ၌ အပြင်းဆုံးသည် Mw ၅.၈ မဂ္ဂနီကျု ဖြစ်၍ တီဘာရွန်ကျွန်းဆွယ်၏ အနောက်ဘက် ၆၅ ကီလိုမီတာ ဝေးသောနေရာကို ဗဟိုပြုခဲ့သည်။
Date and time (UTC) | Location | M | MMI | Ref |
---|---|---|---|---|
2021-08-14 12:29:08 | 13 km SSE of Petit Trou de Nippes | 7.2 | VIII | [၁] |
2021-08-14 12:49:33 | 20 km WNW of Cavaillon | 5.2 | V | [၁၅] |
2021-08-14 16:08:03 | 10 km NW of Baradères | 5.1 | VII | [၁၆] |
2021-08-14 17:05:19 | 2 km ESE of Baradères | 5.2 | VII | [၁၇] |
2021-08-14 18:11:10 | 12 km NNE of Baradères | 5.1 | III | [၁၈] |
2021-08-15 02:37:53 | 11 km NW of Petit Trou de Nippes | 5.0 | III | [၁၉] |
2021-08-15 03:20:45 | 12 km NNE of Chardonnière | 5.8 | VII | [၂၀] |
ထိခိုက်မှုပျက်စီးမှုများ
ပြင်ဆင်ရန်ဟေတီ၏ တတိယအကြီးဆုံး လေးကေးမြို့သည် ငလျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ်ရာ ပြည်သူပိုင်အဆောက်အဦများ၊ ဝတ်ပြရှိခိုးကျောင်းတော်များ၊ နေအိမ်များအပါအဝင် ထိခိုက်ပျက်စီးမှု အလွန်များပြားခဲ့၏ ။[၂၁] ဟေတီမြို့တော်ကာကွယ်ရေး အေဂျင်စီအရဆိုလျှင် အနည်းဆုံးနေအိမ် ၃၇,၃၀၀ (သို) ယင်းအရေအတွက်၏ အထက် လုံးဝပျက်စီးပြီး နေအိမ် ၄၆,၀၀၀ ထိခိုက်မှုရှိခဲ့သည်။[၂၂][၂၃] ပြင်းထန်စွာပျက်စီး၊ ပြိုလဲခဲ့သည့်အထဲတွင် ဟိုတယ်အမြောက်အမြားလည်းပါဝင်သည်။[၂၄]
ဘာသာရေးအဆောက်အဦ
ပြင်ဆင်ရန်၁၉၀၇ တွင် ဆောက်လုပ်ခဲ့ကာ သမိုင်းဝင်အထင်ကရနေရာဖြစ်သည့်၊ လေး အန်ဂလာယစ် (Les Anglais) မြို့၏ "Immaculee Conception" ဘုရားရှိခိုးကျောင်းသည် ပြိုလဲခဲ့ရသည်။ လူအများဝတ်ပြုနေစဉ် လှုပ်ခတ်ခြင်းဖြစ်သည်။[၂၅] အရှေ့ဘက်မျက်နှာစာ ပြိုလဲမှုသည် အသက် ၃ နှစ် နှင့် ၂၄ နှစ်ကြားရှိ လူပေါင်း ၁၇ ဦးကို သေကျေစေခဲ့ပြီး အုတ်ပုံအောက်ပိတ်မိနေသော နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြလေသည်။[၂၆]
လေးကေးမြို့ အပြင်ရှိ တွိုင်ရာခ် (Toirac) ရွာ၌ "St. Famille du Toirac" ဘုရားရှိခိုးကျောင်းတော်ပြိုကျမှု ကြောင့် ဈာပနပွဲရှိ လူ ၂၀ သေဆုံးခဲ့ရသည်။[၂၇]
သေကြေမှုများ
ပြင်ဆင်ရန်ဟေတီ ဝန်ကြီးချုပ် အေရီယယ်လ် ဟန်နရီက ထိုသို့ သေကျေ၊ ပျက်စီး၊ ထိခိုက်မှုများကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာခဲ့ရသည်။[၂၈] အနည်းဆုံ ၁,၉၁၄ ဦးသေဆုံးခဲ့ရ၏ ။[၂][၂၉][၃၀] လေးကေးရှိ "Hôtel Le Manguier" ပြိုကျပျက်စီးခဲ့ကာ (လေးကေးမြို့တော်ဝန်ဟောင်း)အထက်လွှတ်တော်အမတ်တစ်ဦး အပါအဝင် လူအချို့သေကျေခဲ့ကြသည်။[၃၁][၃၂] ကတ်သလစ်ဘုန်းတော်ကြီးနေအိမ်အပိုင်းများ ပြိုကျမှုကြောင့် ဘုန်တော်ကြီးတစ်ပါးနှင့် အလုပ်သမားနှစ်ဦး ကွယ်လွန်ခဲ့သည်။[၃၃] သေဆုံးအရေအတွက်အပြင် အနည်းဆုံး ၉,၉၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အများအပြားလည်း ပျောက်ဆုံးလျက် ရှိသည်။[၃၄]
ကယ်ဆယ်မှု
ပြင်ဆင်ရန်ဟေတီရဲတပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအသင်းများ၊ ကျန်းမာရေးဌာနလုပ်သားများကို စေတနာ့ဝန်ထမ်းများက လာရောက်ပူးပေါင်း ကူညီခဲ့ကြသည်။[၃၅] နိုင်ငံခြားမှ ရန်ပုံငွေအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အခြားစေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက ကူညီရှာဖွေ ကယ်ဆည်ထူထောင်ရေးအတွက် အလုပ်သမားများ၊ ထောက်ပံ့ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများကို ပေးပို့ခဲ့ကြသည်။[၃၆]
တုံ့ပြန်ဆောင်ရွက်မှုများ
ပြင်ဆင်ရန်ပြည်တွင်း
ပြင်ဆင်ရန်ဟေတီဝန်ကြီးချုပ်အရ ငလျင်လှုတ်ခတ်မှုပြီးနောက် ဒေသဆိုင်ရာဆေးရုံများ၌ ဒဏ်ရာရလူများကို လက်ခံရန်ပင် နေရာမရှိခဲ့လေသည်။ ထို့နောက် ဝန်ကြီးချုပ်က ချက်ချင်းပင် နိုင်ငံတော်၏ အရေးပေါ်အခြေအနေကို တစ်လကာလသတ်မှတ် ကြေညာခဲ့သည်။[၂၁]
နိုင်ငံတကာ
ပြင်ဆင်ရန်အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ၊ ကနေဒါ၊ အာဂျင်တီးနား၊ မက္ကဆီကို၊ ပီရူး၊ ချီလီနှင် ဗင်နီဇွဲလား၊ အီကွေဒေါနိုင်ငံများက ကူညီခဲ့ကြသည်။
အခြားကြည့်ရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ M 7.2 - 12 km NE of Saint-Louis du Sud, Haiti။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2021 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ "Haiti quake death toll surges to nearly 2,000, survivors clamor for aid"၊ Reuters၊ 17 August 2021။
- ↑ "Haiti struck by deadly 7.2-magnitude earthquake"၊ 14 August 2021။
- ↑ European-Mediterranean Seismological Centre။ Earthquake, Magnitude 7.2 - HAITI REGION - 2021 August 14, 12:29:09 UTC။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2021 တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ Major earthquake in Haiti felt across Caribbean, high casualties expected (14 August 2021)။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2021 တွင် ပြန်စစ်ပြီး။
- ↑ "Live updates: 7.2 magnitude earthquake hits near Haiti"၊ 14 August 2021။
- ↑ Haiti: Earthquake - Flash Update No. 2 (16 August 2021) - Haiti (in en) (2021)။ 2021-08-16 တွင် ပြန်စစ်ပြီး။
- ↑ "Haiti quake death toll surges to nearly 2,000, survivors clamor for aid"၊ Reuters၊ 2021-08-17။
- ↑ Haiti: Earthquake - Flash Update No. 2 (16 August 2021) - Haiti (in en) (2021)။ 2021-08-16 တွင် ပြန်စစ်ပြီး။
- ↑ Magnitude 7.2 Earthquake in Haiti။ USGS။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
- ↑ "Why Haiti Is Prone to Devastating Earthquakes"၊ 16 August 2021။
- ↑ ၁၂.၀ ၁၂.၁ M 7.2 - 13 km SSE of Petit Trou de Nippes, Haiti။ 15 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-08-14 တွင် ပြန်စစ်ပြီး။
- ↑ 'The longest ever': Jamaicans react after quake rattles island။ Jamaicaobserver.com။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-08-14 တွင် ပြန်စစ်ပြီး။
- ↑ Paz၊ Isabella Grullón။ "Haiti quake prompted tsunami warning that was later rescinded."၊ The New York Times၊ 2021-08-14။
- ↑ M 5.2 - 20 km WNW of Cavaillon, Haiti။ USGS။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
- ↑ M 5.1 - 10 km NW of Baradères, Haiti။ USGS။ 15 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
- ↑ M 5.2 - 2 km ESE of Baradères, Haiti။ USGS။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
- ↑ M 5.1 - 12 km NNE of Baradères, Haiti။ USGS။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
- ↑ M 5.0 - 11 km NW of Petit Trou de Nippes, Haiti။ USGS။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
- ↑ M 5.8 - 12 km NNE of Chardonnière, Haiti။ USGS။ 15 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2021 တွင် ပြန်စစ်ပြီး။
- ↑ ၂၁.၀ ၂၁.၁ "Haiti Earthquake Death Toll Climbs Past 300"၊ 14 August 2021။
- ↑ "Death toll of powerful earthquake in Haiti soars to 1,297"။
- ↑ Haiti: Earthquake - Flash Update No. 2 (16 August 2021) - Haiti (in en) (2021)။ 2021-08-16 တွင် ပြန်စစ်ပြီး။
- ↑ "Hunt for survivors goes on after earthquake leaves at least 304 dead in Haiti"။
- ↑ Parishoners killed in quake-damaged historic Haiti church (in en) (2021-08-17)။ 2021-08-17 တွင် ပြန်စစ်ပြီး။
- ↑ "Parishioners Killed In Quake-damaged Historic Haiti Church"၊ Barron's၊ 16 August 2021။
- ↑ "Haiti mourners tell of church collapse horror during quake"၊ Reuters၊ 17 August 2021။
- ↑ Haiti earthquake causes several deaths, 'enormous damage': PM။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-08-14 တွင် ပြန်စစ်ပြီး။
- ↑ "7.2 magnitude earthquake hits Haiti; at least 304 killed"၊ ABC News၊ 14 August 2021။ 18 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 14 August 2021။
- ↑ At least 227 dead as Haiti struck by 7.2-magnitude earthquake (2021-08-14)။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-08-14 တွင် ပြန်စစ်ပြီး။
- ↑ "Haïti-Séïsme: Jean Gabriel Fortuné est mort" (in fr)၊ 14 August 2021။ 18 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 14 August 2021။
- ↑ Tremblement de terre: l'ancien sénateur Gabriel Fortuné parmi les personnes tuées (in fr)။ Le Nouvelliste (2020-09-15)။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-08-14 တွင် ပြန်စစ်ပြီး။
- ↑ "Cardinal injured, priest dead after earthquake in Haiti"၊ Catholic News Agency၊ 14 August 2021။
- ↑ "Haiti quake death toll rises as crews scramble to find survivors"၊ al-Jazeera၊ 2021-08-15။
- ↑ "Death toll from massive Haiti earthquake soars"၊ Washington Post။
- ↑ Arnesen၊ Ingrid။ "Death toll from massive Haiti earthquake soars past 700"၊ Washington Post၊ August 15, 2021။