၂၀၃၀ အာရှ အားကစားပြိုင်ပွဲ

၂၀၃၀ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2030 Asian Games) သည် ကာတာနိုင်ငံဒိုဟာမြို့တွင် ကျင်းပမည့် (၂၁)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ကာတာနိုင်ငံသည် အာရှအားကစားပြိုင်ပွဲအား ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်ကာ ၂၀၀၆ပွဲတော်ကို ဒိုဟာမြို့၌ပင် ကျင်းပခဲ့သည်။[၁]

၂၀၃၀ အာရှ အားကစားပြိုင်ပွဲ
XXI Asian Games
အာရှအားကစားပြိုင်ပွဲ အမှတ်တံဆိပ်
ကျင်းပရာမြို့ကာတာနိုင်ငံဒိုဟာမြို့
ဆောင်ပုဒ်Your Gateway
(အာရပ်: بوابتك‎)
ပါဝင်သော နိုင်ငံများ၄၅ (ခန့်မှန်း)
ဝက်ဘ်ဆိုဒ်agdoha2030.qa
၂၀၂၆ ၂၀၃၄  >

လက်ခံကျင်းပခြင်း ပြင်ဆင်ရန်

အိမ်ရှင်ရွေးချယ်ခြင်း ပြင်ဆင်ရန်

အိမ်ရှင်လျှောက်ထားသည့် နိုင်ငံနှစ်နိုင်ငံအား ၂၀၃၀နှင့် ၂၀၃၄ပွဲတော်များကို လက်ခံကျင်းပခွင့်ပေးရန် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁၆ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေးမတိုင်မီက ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် အိုမန်နိုင်ငံတွင် ကျင်းပသည့် အစည်းအဝေး၌ မဲပေးကြရာ ဒိုဟာမြို့က မဲအများဆုံးရကာ ရီယာ့ဒ်မြို့က ဒုတိယ ရရှိခဲ့သည်။ ထို့ကြောင့် ၂၀၃၀ပွဲတော်များကို ဒိုဟာမြို့က ကျင်းပခွင့် ရရှိခဲ့သည်။[၂]

၂၀၃၀ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ်
မြို့ အမျိုးသားအိုလံပစ်ကော်မတီ ပထမအကျော့
ဒိုဟာမြို့   ကာတာ ၂၇
ရီယာ့ဒ်မြို့   ဆော်ဒီအာရေဗျ ၁၀
ကြား​နေ

ကိုးကား ပြင်ဆင်ရန်

  1. "Mabrouk: Doha to host 2030 Asian Games"၊ The Peninsula၊ 16 December 2020။ 
  2. "Saudi asks OCA to halt electronic vote on 2030 Asian Games bid - state TV"၊ Reuters၊ 16 December 2020။