ASASSN-15lh
ASASSN-15lh (ဆူပါနိုဗာ အမည် SN 2015L[၂]) သည် တောက်ပသည့် နက္ခတ္တအရာဝတ္ထုဖြစ်ကာ ကနဦးတွင် အင်မတန်တောက်ပသည့် ဆူပါနိုဗာဟု တွေးခဲ့ကြသည်။ ယင်းအား All Sky Automated Survey for SuperNovae (ASAS-SN) အဖွဲ့က ၂၀၁၅ ခုနှစ်တွင် အင်းဒတ် ကြယ်စုတန်း၌ ၁၄ လက်မရှိ တယ်လီစကုပ်ဖြင့် ခြေရာခံမိခဲ့သည်။[၃] ရှာဖွေတွေ့ရှိမှုအား ASAS-SN အဖွဲ့က အခြားသော တယ်လီစကုပ်ပေါင်းများစွာဖြင့် အတည်ပြုခဲ့ပြီး[၁] Science ဂျာနယ်၌ ပုံနှိပ်ဖော်ပြခဲ့သည်။[၄] အခြားသော မြေပြင်အခြေစိုက် လေ့လာသူများက ယင်းသည် လည်ပတ်နေသော မဟာတွင်းနက်ကြီးဖြစ်ပြီး ထုထည်နည်းကြယ်အား ဖျက်ဆီးပစ်သည်ဟု အဆိုပြုခဲ့သည်။[၅][၆]
ASASSN-15lh | |
---|---|
လေ့လာရေး ဒေတာ (Epoch J2000) | |
ဆူပါနိုဗာ အမျိုးစား | ဆူပါနိုဗာ SLSNe (Type Ic) |
မိခင် ဂလက်ဆီ | APMUKS(BJ) B215839.70−615403.9 |
ကြယ်စုတန်း | အင်းဒတ် |
ညာဘက်တိမ်းစောင်းမှု | 22° 2′ 15.45″[၁] |
နိမ့်ဆင်းမှု | −61° 39′ 34.64″[၁] |
တွေ့ရှိရက်စွဲ | ၂၀၁၅ ဇွန် ၁၅ |
မြင်သာသောအရွယ်အစား (V) | ၁၆.၉ |
အနီရောင်အရွေ့ | z=၀.၂၃၂၄ |
အကွာအဝေး | ၁၁၇၁ Mpc ( ၃.၈၂ Gly) |
အမည်နာမများ | |
SN 2015L |
အကယ်၍ ဆူပါနိုဗာ ASASSN-15lh သည် အတောက်ပဆုံးဖြစ်ပါက ယင်းသည် နဂါးငွေ့တန်း ဂယ်လက်ဆီထက် အဆပေါင်း ၅၀ ပိုမိုတောက်ပမည်ဖြစ်သည်။[၇] စွမ်းအင်မှာ နေထက် အဆပေါင်း ၅၇၀ ဘီလီယံ ပိုမိုများပြားလှသည်။[၈][၉] ဆူပါနိုဗာ၏ အနီရောင်အရွေ့သည် ၀.၂၃၂၆ ရှိပြီး [၄] ကမ္ဘာမြေမှ အလင်းနှစ် ၃.၈ ဘီလီယံခန့် ဝေးကွာသည်။[၉] အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ Krzysztof Stanek ၏ အဆိုအရ အကယ်၍ ယင်းဆူပါနိဗာသည် မိမိတို့ဂယ်လက်ဆီအတွင်း ဖြစ်ပွားခဲ့ပါက ညဘက်ဟူသည် မရှိတောဘဲ လပြည့်ဝန်းထက် ပိုမိုတောက်ပကာ နေ့ခင်းဘက်၌ပင် လွယ်ကူစွာ မြင်ရမည်ဟုဆိုသည်။[၁၀]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ Young၊ Monica (July 12, 2015)။ The Most Luminous Supernova။ Sky & Telescope။ January 16, 2016 တွင် ပြန်စစ်ပြီး။
- ↑ S. Dong (24 July 2015). "SN 2015L" 4120. Central Bureau for Astronomical Telegrams. Bibcode: 2015CBET.4120....1D.
- ↑ Billings၊ Lee (January 14, 2016)။ Found: The Most Powerful Supernova Ever Seen။ Scientific American။ January 16, 2016 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ "ASASSN-15lh: A highly super-luminous supernova" (January 15, 2016). Science (journal) 351 (6270): 257–260. doi: . PMID 26816375. Bibcode: 2016Sci...351..257D.
- ↑ "'Brightest Supernova Ever' Was Actually Monster Black Hole's Violent Star Slashing"။
- ↑ "Kerr Black Hole Eating Sun-like Star Explains Superluminous Explosion ASASSN-15lh | Astronomy | Sci-News.com" (in en-US)။
- ↑ Most-luminous supernova ever discovered။ phys.org (January 14, 2016)။ January 15, 2016 တွင် ပြန်စစ်ပြီး။
- ↑ "Brightest-ever supernova still baffles astronomers" (January 14, 2016). Nature. doi: .
- ↑ ၉.၀ ၉.၁ Bhanoo၊ Sindya N.။ "Supernova Has Energy of Hundreds of Billions of Suns"၊ The New York Times၊ January 15, 2016။ January 16, 2016 တွင် ပြန်စစ်ပြီး။
- ↑ Boyle၊ Rebecca။ "We've found the brightest ever supernova but can't explain it"၊ New Scientist၊ January 14, 2016။ January 15, 2016 တွင် ပြန်စစ်ပြီး။
ထပ်မံဖတ်ရန်
ပြင်ဆင်ရန်- Superluminous Supernova Is The Brightest Ever Seen။ January 15, 2016 တွင် ပြန်စစ်ပြီး။