Beijing Genomics Institute
BGI (ဘီဂျီအိုင်) ၊ ယခုအခေါ်အဝေါ် BGI Group (ဘီဂျီအိုင် အုပ်စု) ၊ ယခင်အခေါ်အဝေါ် Beijing Genomics Institute သည် မျိုးရိုးဗီဇအစဉ်အတိုင်းလိုက်ခြင်း အချက်အလက်များ စူးစမ်းလေ့လာသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခု ဖြစ်သည်။ အခြေစိုက်ရုံးချုပ်မှာ တရုတ်နိုင်ငံ Guangdong ပြည်နယ် Shenzhen မြို့တွင် တည်ရှိသည် [၁][၂] ။
အမျိုးအစား | Private Company |
---|---|
လုပ်ငန်း | Genome sequencing ဇီဝနည်းပညာ |
တည်ထောင်သူများ | Wang Jian Yu Jun Yang Huanming Liu Siqi |
တည်နေရာ |
|
ဝန်ဆောင်မှု ဧရိယာ | Worldwide |
အရေးပါ ပုဂ္ဂိုလ်များ | Wang Jian (President, Chairman) |
ထုတ်ကုန်ပစ္စည်း | DNBseq Platform (next-generation sequencing platform), The NIFTY Test (a non-invasive prenatal test) |
ဝင်ငွေ | $251 million (2016) |
အသားတင် ဝင်ငွေ | $51.7 million (2016) |
ပိုင်ရှင်များ | Wang Jian |
အလုပ်သမားဦးရေ | ~ 6,000 (worldwide) |
ဌာနခွဲများ | BGI China (Mainland) BGI Asia Pacific BGI Americas BGI Europe (Europe and Africa) |
ကုမ္ပဏီခွဲ | List of subsidiaries:
|
လူသားမျိုးရိုးဗီဇဖွဲ့စည်းပုံ စူးစမ်းလေ့လာသော စီမံကိန်းတွင်မျိုးရိုးဗီဇသုတေသနဌာန တစ်ခုအဖြစ် ပါဝင်ရန် ၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။[၃] ထို့အပြင် အခြားတိရစ္ဆာန်များ၊ အပင်များနှင့် သေးငယ်သောဇီဝဗေဒသတ္တဝါများ၏ မျိုးရိုးဗီဇအစဉ်အတိုင်းလိုက်ခြင်း စူးစမ်းလေ့လာမှုကိုလည်း လုပ်ဆောင်သည်။[၄] ဤကုမ္ပဏီသည် ပန်ဒါဝက်ဝံများနှင့် စပါးပင်များ၏ မျိုးရိုးဗီဇကို အဓိပ္ပါယ်ဖော်သော သုတေသနဌာနမှပြောင်းလဲ၍ တိရစ္ဆာန်ပုံတူပွားခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် စာချုပ်သုတေသနများ တက်ကြွစွာလုပ်ဆောင်သော ကုမ္ပဏီအဖြစ် အသွင်ပြောင်းခဲ့သည်။ ကုမ္ပဏီ၏ အကျိုးအမြတ်မယူသော သုတေသနလုပ်ငန်းလုပ်ကိုင်မှုကို Beijing Institute of Genomics ၊ ၂၀၀၆ ခုနှစ်တွင် ခွဲထွက်သွားသော တရုတ်နိုင်ငံသိပ္ပံပညာဆိုင်ရာ သင်တန်းကျောင်းနှင့်အတူ BGI Research[၅] နှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် China National GeneBank တို့မှ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Lone Frank, High-Quality DNA, Apr 24, 2011, The Daily Beast
- ↑ Introduction။ BGI Group။
- ↑ https://www.wired.com/2017/05/chinese-genome-giant-sets-sights-uitimate-sequencer/
- ↑ https://www.forbes.com/sites/forbesasia/2013/08/28/genomic-dreams-coming-true-in-china/?sh=317b55db2760
- ↑ https://en.genomics.cn/en-research.html