ဘိုင်ယွန်တက်ခ်

ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ
(BioNTech မှ ပြန်ညွှန်းထားသည်)

ဘိုင်ယွန်တက်ခ် (/ˈb.ɒn.ˌtɛk/; BioNTech; Biopharmaceutical New Technologies ၏ အတိုကောက်) သည် ဂျာမနီနိုင်ငံ၊ မိုင်းန်ဇ်မြို့ (Mainz) အခြေစိုက် ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ ဖြစ်ပြီး၊ ကိုယ်ခံအားကို ပြောင်းလဲခြင်းဖြင့် ရောဂါကုသမှု ပြုလုပ်ခြင်း သို့မဟုတ် ကိုယ်ခံအားအခြေပြုကုထုံး (Immunotherapy) ကုထုံးစနစ်မှ ကိုယ်ခံအားကို ဆွဲထုတ်ခြင်း၊ ဆပွားစေခြင်း နည်းလမ်းများကို လူနာတစ်ဦးခြင်းစီအတွက် သီးသန့်တီထွင်ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။ အဲမ်အာရ်အဲန်အေ (mRNA) အခြေခံသည့် စမ်းသပ်ဆဲအဆင့်ဆေး (pharmaceutical candidates)များကို လူနာတစ်ဦးခြင်းစီအတွက် သီးသန့်ထုတ် ကိုယ်ခံအားအခြေပြု ကင်ဆာကုထုံး (cancer immunotherapies)များအတွက် လည်းကောင်း၊ ကူးစက်ရောဂါကာကွယ်ဆေးများ (vaccines) အတွက် လည်းကောင်း၊ ရှားပါးသောရောဂါများအတွက် ပရိုတိန်းအစားထိုး ကုသမှုများအတွက် လည်းကောင်း စမ်းသပ်တီထွင် ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။

ဘိုင်ယွန်တက်ခ်
(BioNTech SE)
အမျိုးအစားအများပိုင် (Societas Europaea)
လုပ်ငန်းဇီဝနည်းပညာ (Biotechnology)
တည်ထောင်သူများ
ဝန်ဆောင်မှု ဧရိယာတစ်ကမ္ဘာလုံး
အရေးပါ ပုဂ္ဂိုလ်များ
ထုတ်ကုန်ပစ္စည်းBNT162b2
ဝန်ဆောင်မှုကိုယ်ခံအားအခြေပြုကုထုံး (Immunotherapy)
ဝင်ငွေDecrease €121.5 million
ရင်းနှီးမြှုပ်နှံမှုIncrease €797.7 million
စုစုပေါင်း ရှယ်ယာတန်ဖိုးIncrease €232.3 million
အလုပ်သမားဦးရေIncrease 1,323
ကိုးကား SEC report[၁]

၂၀၂၀ ပြည့်နှစ်တွင် နယူးယောက်မြို့အခြေစိုက် ဖိုင်ဇာဆေးကုမ္ပဏီ (Pfizer Pharmaceuticals) နှင့် တွဲဖက်၍ တီထွင်ထားသော ၎င်း၏ ကိုဗစ်–၁၉ ကာကွယ်ဆေးဖြစ်သည့် စမ်းသပ်ဆဲအဆင့်ဆေး (pharmaceutical candidates) BNT162b2 ကို အမေရိကန်ပြည်ထောင်စုတွင် ဆေးအသစ်စမ်းသပ်ဆင့် ၃ (Phase III clinical trials) သို့ ရောက်ရှိကာ လက်တွေ့စမ်းသပ်မှုများ ဆက်လက်ပြုလုပ်နေသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. BioNTech SE (9 September 2019)၊ Form F-1 (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ U.S. Securities and Exchange Commission၊ 14 February 2021 တွင် မူရင်း အား မော်ကွန်းတင်ပြီး23 September 2020 တွင် ပြန်စစ်ပြီး
  2. "Covid vaccine: First 'milestone' vaccine offers 90% protection" (in en-GB)၊ BBC News၊ 9 November 2020။