IC 10
IC 10 သည် ပုံစံအတည်တကျမရှိသော ဂယ်လက်ဆီတစ်ခုဖြစ်ပြီး Cassiopeia ကြယ်စုတန်းတွင် တည်ရှိသည်။ ယင်းအား ၁၈၈၇ ခုနှစ်တွင် Lewis Swift ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့သည်။[၃] Nicholas Mayall ဆိုသူက ယင်းဂလက်ဆီသည် ဂယ်လက်တိုင်ပြင်ပမှဟု ၁၉၃၅ ခုနှစ်တွင် ပထမဆုံး အကြံပေးခဲ့သည်။ အက်ဝင် ဟာဘယ်က ယင်းသည် Local Group ၏ ဂယ်လက်ဆီဟု သံသယရှိခဲ့သည်။ သို့သော် ဆယ်စုနှစ်ပေါင်းများစွာတိုင် မသေချာမရေရာလျက် ရှိနေခဲ့သည်။ IC 10 သည် နဂါးငွေ့တန်း ဂယ်လက်ဆီသို့ တစ်စက္ကန့်လျင် ၃၅ဝ ကီလိုမီတာနှုန်းဖြင့် ချဉ်းကပ်သောအလျင်အား ၁၉၆၂ ခုနှစ်တွင် တိုင်းတာခဲ့သည်။ ထို့ကြောင့် ယင်းသည် Local Group ၏ အဖွဲ့ဝင်ဟု ၁၉၉၆ ခုနှစ်တွင် အချောသတ် အတည်ပြုနိုင်ခဲ့သည်။
IC 10 | |
---|---|
Irregular Galaxy IC 10. | |
လေ့လာရေး ဒေတာ (J2000 epoch) | |
ကြယ်စုတန်း | Cassiopeia |
ညာဘက် တိမ်းစောင်းမှု | 00° 20′ 17.3″[၁] |
နိမ့်ဆင်းမှု | +59° 18′ 14″[၁] |
အနီရောင်အရွေ့ | -348 ± 1 km/s[၁] |
ကော့စမစ် အကွာအဝေး လှေကား | 2.2 ± 0.2 Mly (660 ± 60 kpc)[၂] |
ဂယ်လက်ဆီ ခွဲခြားမှု | dIrr IV/BCD[၁] |
ထောင့်ဖြတ် အချင်း (V) | 6′.8 × 5′.9[၁] |
မြင်သာသော အရွယ်အစား (V) | 10.4 ± 0.2[ကိုးကားချက်လိုသည်] |
သိသာသော ဂုဏ်အင်များ | mild starburst galaxy |
အခြား ဂုဏ်သတ္တိများ | |
UGC 192,[၁] PGC 1305[၁] | |
IC 10 နှင့် အင်ဒရိုမီဒါ ဂလက်ဆီတို့၏ ပကတိအကွာအဝေးသည် အင်ဒရိုမီဒါနှင့် ထရိုင်ဂူလယ် ဂယ်လက်ဆီတို့၏ အကွာအဝေးနှင့် ထပ်တူလောက်ကျသည်။ ထို့ကြောင့် IC 10 သည် M31 ၏ အဖွဲ့ဝင်အခွဲဟု အကြံပေးသည်။[၄] IC 10 သည် Local Group ၏ ဂယ်လက်ဆီများထဲတွင် တစ်ခုတည်းသော starburst အမျိုးအစား ဂယ်လက်ဆီဟု သိရှိထားသည်။ လက်ရှိအချိန်တွင် ဂယ်လက်ဆီသည် တစ်နှစ်လျင် နေထုထည်ပေါင်း ဝ.ဝ၄ မှ ဝ.ဝ၈ နှုန်းဖြင့် ကြယ်တာရာများအား မွေးထုတ်ပေးလျက် ရှိလေသည်။ ဆိုလိုသည်မှာ ဂယ်လက်ဆီထဲတွင် ဓာတ်ငွေ့သည် နှစ်ပေါင်းဘီလီယံ အနည်းငယ်မျှသာ ခံနိုင်တော့မည်ဖြစ်သည်။[၄]
ကျမ်းကိုး
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ NASA/IPAC Extragalactic Database။ Results for IC 10။ 2007-03-15 တွင် ပြန်စစ်ပြီး။
- ↑ Karachentsev, I. D.; Kashibadze, O. G. (2006). "Masses of the local group and of the M81 group estimated from distortions in the local velocity field". Astrophysics 49 (1): 3–18. doi: . Bibcode: 2006Ap.....49....3K.
- ↑ IC 10။ SEDS Messier Database။ 2006-05-15 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ Van den Bergh၊ Sidney (2000)။ Galaxies of the Local Group (1st ed.)။ Cambridge University Press။ ISBN 0-521-65181-6။