မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

LanguageTool သည် သဒ္ဒါစည်းမျဉ်းများ စစ်ဆေးပေးသည့် အခမဲ့နှင့် ပွင့်လင်းရင်းမြစ် ဆော့ဝဲတစ်ခု ဖြစ်သည်။ ၎င်းကို ဒေါင်းလုပ်ရယူကာ အသုံးပြုနိုင်သည်။ LanguageTool ဝဘ်ဆိုက်သည်လည်း ညီအစ်မပရောဂျက်တစ်ခုဖြစ်သည့် LanguageTool Plus နှင့် ချိတ်ဆက်ထားသည်။ LanguageTool Plus သည် အင်္ဂလိပ်နှင့် ဂျာမန်ဘာသာစကား အမှားများကို စစ်ဆေးရှာဖွေဖြေရှင်းပေးသည့် အလုပ်ကို လုပ်ဆောင်ပေးသည်။

LanguageTool
LanguageTool WikiCheck
ဆော့ဖ်ဝဲလ်ရေးသူ(များ)Daniel Naber and Marcin Miłkowski
ပထမဆုံး ဖြန့်ချိခြင်း၁၅ ဩဂုတ် ၂၀၀၅; ၁၈ နှစ် အကြာက (၂၀၀၅-၀၈-15)
ရီပိုစစ်တရီgithub.com/languagetool-org/languagetool
ပရိုဂရမ်းမင်း
ဘာသာစကား
Java
ပလက်ဖောင်းJava SE
ဆိုဒ်
ဆော့ဖ်ဝဲလ် အမျိုးအစားGrammar checker
လိုင်စင်GNU LGPL v2.1+
ဝက်ဘ်ဆိုဒ်languagetool.org

၎င်းဆော့ဝဲကို Daniel Naber က ၎င်းဒီ ဒီပလိုမာစာတမ်းအတွက် ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့သည်။ ၎င်းကို Python ဘာသာစကားဖြင့် ရေးသားထားသည်။[၃] ယခုအခါ ဘာသာစကား ၃၁ မျိုးကို ထောက်ပံ့ပေးထားသည်။ ဘာသာစကားတစ်ခုချင်းစီသည် မိခင်ဘာသာစကားပြောသည့် လုပ်အားပေးကူညီသူများက တီထွင်ထားခြင်း ဖြစ်သည်။ အမှားများကို စုံစမ်းစစ်ဆေးသည့် လုပ်ဆောင်မှုပေါ် အခြေခံကာ စည်းမျဉ်းများကို ဖန်တီးကာ စာသားများကို မှန်မမှန် စစ်ဆေးသည်။[၄]

App သည် free and open-source ဖြစ်ကာ offline အနေဖြင့် အသုံးပြုရန် ဒေါင်းလုတ်ပြုလုပ်နိုင်သည်။ အချို့ဘာသာစကားများတွင် 'n-gram' ဒေတာကို အသုံးပြုထားသည်။ 'n-gram' ဒေတာဆိုသည်မှာ ကြီးမားပြီး စွမ်းရည်လုပ်ဆောင်မှုနှင့် I/O speed များအတွက် လိုအပ်သည်များကို ထိန်းသိမ်းပေးသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။ ဝဘ်ဘရောက်ဆာကို အသုံးပြုကာ LanguageTool ကို ဝဘ်ဝန်ဆောင်မှုတစ်ခုအနေဖြင့် အသုံးပြုနိုင်ပြီး ဆာဗာလုပ်ဆောင်မှုဘက်ခြမ်းတွင် 'n-grams' ဒေတာလုပ်ဆောင်မှုကို လုပ်ဆောင်သည်။ LanguageTool Plus သည်လည်း n-grams ကို ဖရီမီယံလုပ်ငန်းသုံးအတွက် အစိတ်အပိုင်းတစ်ခုအနေဖြင့် အသုံးပြုသည်။ [၅]

LanguageTool ဝဘ်ဝန်ဆောင်မှုကို ဝဘ်ဘရောက်ဖြင့် ဝဘ်အသွင်အပြင်မှတစ်ဆင့် အသုံးပြုနိုင်သည်။ ၎င်းကို Microsoft Office, LibreOffice, Apache OpenOffice, Vim, Emacs, Firefox, Thunderbird, and Google Chrome တို့တွင် client-side plug-ins တစ်ခုအဖြစ် အသုံးချနိုင်သည်။ ၎င်း၏ ဝဘ်အပ်သည်လည်း ဝဘ်ဆိုက်များနှင့်အတူတကွ ပူးတွဲကာ လုပ်ဆောင်နိုင်သည်။[၆]

ကိုးကား ပြင်ဆင်ရန်

  1. Index of /download/
  2. Index of /download/ngram-data/
  3. Daniel Naber။ A Rule-Based Style and Grammar Checker။ 30 June 2018 တွင် ပြန်စစ်ပြီး။
  4. Supported languages (28 December 2016)။ 29 December 2016 တွင် ပြန်စစ်ပြီး။
  5. N-Gram Data Download Page (2019-03-30)။ 2019-03-30 တွင် ပြန်စစ်ပြီး။
  6. Integration On Websites – LanguageTool Wiki (2014-04-15)။ 2014-05-03 တွင် ပြန်စစ်ပြီး။