ကိုဩဒိနိတ်: Sky map 18h 38m 0s, +18° 0′ 0″

Local Void သည် Local Group နှင့် တစ်တန်းတည်း တည်ရှိသော အာကာသကြားခံနယ်မြေ၏ နယ်နမိတ်တစ်ခုဖြစ်သည်။[၃][၄] ယင်းအား Brent Tully နှင့် J. Richard Fisher ဆိုသူတို့မှ ၁၉၈၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။[၅] ယခုအချိန်တွင် Local Void အား Galaxy filament ဟုခေါ်ဆိုသည့် အပိုင်းသုံးခုဖြင့် ဖွဲ့စည်းထားသည်ဟု သိရှိရသည်။[၄] အကျယ်ကိုမူ မသိရပေ၊ သို့သော် အနည်းဆုံး ၄၅Mpc (အလင်းနှစ် ၁၅၀ မီလီယံ) ကျယ်ဝန်းပြီး[၆] ဒိုင်မင်းရှင်းအားဖြင့် ၇၀Mpc (အလင်းနှစ် ၂၃၀ မီလီယံ) ခန့် ရှည်လျားနိုင်ဖွယ်ရှိသည်။[၄] Local Void တွင် စံပြ နက္ခတ္တဗေဒမှ မျော်မှန်းသည်ထက် ဂယ်လက်ဆီပါဝင်မှုမှာ နည်းပါးလျက်ရှိသည်။[၇]

Local Void
အမျိုးအစားvoid[*]
လေ့လာရေး အချက်အလက်
(Epoch J2000.0 [၁])
ကြယ်စုတန်းဟာကျူးလီ
ညာဘက် နိမ့်ဆင်းမှု
18° 38′ [၁]
တိမ်းစောင်းမှု+18.0° [၁]

မြင်နိုင်သောအလင်းထဲတွင် (V)
အရွယ်အစား
၆၀ Mpc (၂၀၀ Mly) [၂]

တည်နေရာနှင့် ဒိုင်မင်းရှင်းများ ပြင်ဆင်ရန်

Void များဆိုသည်မှာ စကြဝဠာအား ဂလက်ဆီအစုအဝေးများအဖြစ် စုစည်းစေပေးသော ဒြပ်ဆွဲအားများ၏ ရလဒ်များဖြစ်ကြသည်။[၃][၈]နဂါးငွေ့တန်း ဂယ်လက်ဆီသည် Local Sheet ဟုခေါ်ဆိုသော (ယင်းသည်လည်း Local Void နှင့် ဆက်စပ်သည်) ဂယ်လက်ဆီများအစုတွင် တည်ရှိသည်ဟု နက္ခတ္တပညာရှင်များက မကြာသေးခင်က သတိပြုမိခဲ့ကြသည်။[၃] Local Void သည် Local Group အနားစွန်းမှအစပြုကာ ၆၀ megaparsec (၂၀၀ မဂ္ဂါအလင်းနှစ်) နီးပါးခန့် ကျယ်ပြန့်သည်။[၉] ကမ္ဘာမြေမှ Local Void အလယ်ဗဟိုသို့ အကွာအဝေးသည် အနည်းဆုံး ၂၃ megaparsec (၇၅ မဂ္ဂါအလင်းနှစ်) ရှိမည်ဟု ယုံကြည်ထားသည်။[၄] Local Void ၏ အရွယ်အစားအား ဂယ်လက်ဆီပုများ၏ သီးခြားတည်ရှိမှုဖြင့် တိုင်းတာခဲ့ကြသည်။ ကွက်လပ်ပြင် void များကြီးလေလေ ဒြပ်ဆွဲအားမှာ နည်းလေလေဖြစ်သည်။

ဘေးပတ်ဝန်းကျင်တွင် သက်ရောက်မှု ပြင်ဆင်ရန်

သိပ္ပံပညာရှင်များယုံကြည်သည်မှာ Local Void သည် ကြီးထွားနေပြီး Local Sheet သည် ကွက်လပ်ဗဟိုမှ တစ်စက္ကန့်လျင် ၂၆၀ ကီလိုမီတာနှုန်းဖြင့် ဝေးရာသို့ ပြေးလွှားနေသည်ဟုဆိုသည်။[၈] အရာဝတ္ထုများ စုစည်းနေခြင်းသည် သာမန်အားဖြင့် အတူတကွ စုစည်းဆွဲငင်စေသည်။ Local Void မှ နဂါးငွေ့တန်း၏ ပြေးလွှားသောအလျင်သည် ၂၇၀ kilometres per second (၆၀၀,၀၀၀ miles per hour) ဖြစ်သည်။[၃][၆]

void ဂလက်ဆီများစာရင်း ပြင်ဆင်ရန်

ဂလက်ဆီများ Void Filament မှတ်စု Comments
PC 1357+4641 Boötes void [၁၀] Emission-line Galaxy
IRAS 14288+5255 Boötes void [၁၀] AGN X-ray source
G 1432+5302 Boötes void [၁၁] Starburst galaxy
G 1458+4944 Boötes void [၁၁] LINER galaxy
G 1507+4554 Boötes void [၁၁] Starburst galaxy
G 1510+4727A & G 1510+4727B Boötes void [၁၁] Interacting galaxy pair
BHI 1514+3819 Boötes void [၁၀]
FSS 1515+3823 Boötes void [၁၀]
G 1517+3949 Boötes void [၁၁] Starburst galaxy
G 1517+3956A & G 1517+3956B Boötes void [၁၁] Interacting galaxy pair
IRAS 15195+5050 Boötes void [၁၀] AGN X-ray source
Markarian 845 Boötes void [၁၀] Seyfert 1 (X-ray source)
CG 547 Boötes void [၁၀] Emission-line Galaxy
CG 637 Boötes void [၁၀] Emission-line Galaxy
CG 922 Boötes void [၁၀] Emission-line Galaxy
MCG+01-02-015 [၁၂][၁၃][၁၄][၁၅] LEDA 1852 (Pisces)
Pisces A Local Void [၁၆]
Pisces B Local Void [၁၆]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ NAME LOCAL VOID -- Underdense region of the Universe။ SIMBAD။ 21 December 2014 တွင် ပြန်စစ်ပြီး။
  2. "Search and Redshift Survey for IRAS Galaxies behind the Milky Way and Structure of the Local Void" (1997). Astrophysical Journal Supplement 112. doi:10.1086/313039. Bibcode1997ApJS..112..245N. 
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ Shiga၊ David (1 June 2007)။ Dwarf-flinging void is larger than thought။ NewScientist.com news service။ 9 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-10-13 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ "Our Peculiar Motion Away from the Local Void" (2008). The Astrophysical Journal 676: 184. doi:10.1086/527428. Bibcode2008ApJ...676..184T. 
  5. Tully၊ R. Brent; Fisher၊ J. Richard (1987)။ Nearby Galaxy Atlas။ Cambridge University Press။
  6. ၆.၀ ၆.၁ Univ. of Hawaii Institute for Astronomy (12 June 2007)။ Milky Way moving away from void။ astronomy.com။ 2008-10-13 တွင် ပြန်စစ်ပြီး။
  7. "Nearby galaxies as pointers to a better theory of cosmic evolution" (2010). Nature 465 (7298): 565–569. doi:10.1038/nature09101. PMID 20520705. Bibcode2010Natur.465..565P. 
  8. ၈.၀ ၈.၁ I၊ Iwata; Ohta, K.; Nakanishi, K.; Chamaraux, P.; Roman, A.T.။ The Growth of the Local Void and the Origin of the Local Velocity Anomaly။ Nearby Large-Scale Structures and the Zone of Avoidance (329 ed.)။ Astronomical Society of the Pacific။ p. 59။ 18 June 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး26 October 2016 တွင် ပြန်စစ်ပြီး
  9. Tully၊ Brent။ Our CMB Motion: The Local Void influence။ University of Hawaii, Institute for Astronomy။ 28 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-10-13 တွင် ပြန်စစ်ပြီး။
  10. ၁၀.၀ ၁၀.၁ ၁၀.၂ ၁၀.၃ ၁၀.၄ ၁၀.၅ ၁၀.၆ ၁၀.၇ ၁၀.၈ The Astrophysical Journal Letters, "Detection of X-Ray Emission from Galaxies inside the Bootes Void", Chulhee Kim, Th. Boller, Kajal K. Ghosh, Douglas A. Swartz, Brian D. Ramsey, 'Volume 546, Number 2', 10 January 2001, doi:10.1086/318868
  11. ၁၁.၀ ၁၁.၁ ၁၁.၂ ၁၁.၃ ၁၁.၄ ၁၁.၅ The Astronomical Journal, "Spectroscopy of Galaxies in the Bootes Void", Shawn Cruzen 1, Tara Wehr, Donna Weistrop, Ronald J. Angione, Charles Hoopes, 'Volume 123, Number 1', 2002 January, doi:10.1086/324739
  12. SIMBAD, MCG+01-02-015
  13. The loneliest of galaxies။ Hubble Space Telescope (9 November 2015)။ 10 November 2015 တွင် ပြန်စစ်ပြီး။
  14. Sci-News, "NASA’s Hubble Space Telescope Focuses on Lonely Galaxy", 9 November 2015
  15. SpaceDaily, "Hubble Views a Lonely Galaxy", 18 November 2015
  16. ၁၆.၀ ၁၆.၁ "Hubble Sees Two Dwarf Galaxies in Pisces"၊ Sci-News၊ 15 August 2016။