SWOT analysis

အားသာချက်၊ အားနည်းချက်၊ အခွင့်အရေးနှင့် ခြိမ်းခြောက်မှုများကို ခွဲခြမ်းစိတ်ဖြာခြင်း
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

SWOT ခွဲခြမ်းစိတ်ဖြာခြင်း (SWOT ဇယား) ဆိုသည်မှာ မဟာဗျူဟာရေးဆွဲသည့်နည်းစနစ်တစ်ခုဖြစ်ပြီး လုပ်ငန်း၏ ပြိုင်ဆိုင်မှုနှင့် ပရောဂျက်စတင်ရန်အတွက် လူတစ်ဦး (သို့) အဖွဲ့အစည်းတစ်ခု၏ အားသာချက်၊ အားနည်းချက်၊ အခွင့်အရေး နှင့် ခြိမ်းခြောက်မှုများကို ခွဲခြမ်းစိတ်ဖြာစမ်းစစ်ရာတွင်သုံးသည်။ [၁] 

A SWOT analysis, with its four elements in a 2×2 matrix.

အားသာချက်နှင့် အားနည်းချက်များသည် မိမိအဖွဲ့အစည်းနှင့် ပတ်သက်ပြီး အခွင့်အလမ်းနှင့် ခြိမ်းခြောက်မှုများသည် အဖွဲ့အစည်းနှင့်ဆက်စပ်နေသည့် ပတ်ဝန်းကျင်ကိုအဓိကထားသည်။

မိမိလုပ်ငန်းအတွင်း နှင့် လုပ်ငန်းပြင်ပအချက်လက်များ ပြင်ဆင်ရန်

ကိုယ့်အကြောင်းနဲ့ ရန်သူ့အအကြောင်းကို သိပြီဆိုရင် တိုက်ပွဲတစ်ရာကို တစ်ပွဲမှ မရှုံးပဲနိုင်နိုင်ပြီ။ ကိုယ့်အကြောင်းပဲသိပြီး ပြိုင်ဘက်အကြောင်းမသိရင် ရှုံးမလားနိုင်မလား တစ်ခုခုဖြစ်မယ်။ ကိုယ့်အကြောင်းလည်းမသိ ရန်သူ့အကြောင်းလဲ မသိဘူးဆိုရင်တော့ မင်းအမြဲ အန္တရာယ်နဲ့ရင်ဆိုင်ရမှာပဲ

စစ်သေနကဗျူဟာကျမ်း၊ ရေးသူ ဆွန်ဇူး"

"ကိုယ့်အကြောင်းနဲ့ ရန်သူ့အအကြောင်းကို သိပြီဆိုရင် တိုက်ပွဲတစ်ရာကို တစ်ပွဲမှ မရှုံးပဲနိုင်နိုင်ပြီ။ ကိုယ့်အကြောင်းပဲသိပြီး ပြိုင်ဘက်အကြောင်းမသိရင် ရှုံးမလားနိုင်မလား တစ်ခုခုဖြစ်မယ်။ ကိုယ့်အကြောင်းလည်းမသိ ရန်သူ့အကြောင်းလဲ မသိဘူးဆိုရင်တော့ မင်းအမြဲ အန္တရာယ်နဲ့ရင်ဆိုင်ရမှာပဲ" ဆွန်ဇူး - စစ်သေနကဗျူဟာကျမ်း

အသုံးပြုခြင်း ပြင်ဆင်ရန်

SWOT ခွဲခြမ်းစိတ်ဖြာခြင်းကို အကျိုးအမြတ်ရှာဖွေနေသည့်အဖွဲ့အစည်းများသာ အသုံးပြုနိုင်သည် မဟုတ်ပါ။ လိုချင်သည့် နောက်ဆုံးအခြေအနေအထိ ရောက်ရှိရန် ဆုံးဖြတ်ချက်ရသည့်အခြေအနေမျိုးတွင်လည်း အသုံးပြုသည်။ ဥပမာအားဖြင့် စီးပွားရေးအမြတ်အစွမ်းအတွက်လုပ်ကိုင်ခြင်းမဟုတ်သည့် Non-Profit အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် တစ်ဦးချင်းအတွက်လည်း သုံးနိုင်သည်။ ပြဿနာမဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်း၊ ကြိုတင်ကာကွယ်နိုင်ရန်အစီအမံများပြုလုပ်ခြင်းတို့တွင်သုံးသည်။ ဖြစ်နိုင်ခြေများလေ့လာပြီးအကြံပေးမှုများဆောင်ရွက်နိုင်ရန်အတွက်လည်း အသုံးပြုသည်။ 

မဟာဗျူဟာ ချခြင်း ပြင်ဆင်ရန်

အဖွဲ့အစည်း (သို့) မိမိအတွက် မဟာဗျူဟာချမှတ်ရာတွင် SWOT ကိုထိရောက်စွာအသုံးပြုနိုင်သည်။ မဟာဗျူဟာအတွက်ရည်ရွယ်၍ လုပ်ဆောင်ရမည့်အချက်များတွင် မိမိတို့တွင်ရှိသည့်အတွင်းပိုင်းအနေအထားနှင့်ပြင်ပအခြေအနေများကို (ထင်ရှားသည့် ၂-၂ ဇယားကိုအသုံးပြု၍) ဖော်ထုတ်သည်။ ထို့နောက် အလွန်အရေးပါသည့်အချက်များကို ရွေးချယ်၍ သုံးသပ်သည်။ အတွင်းပိုင်းနှင့် အပြင်ပိုင်း ဆက်စပ်မှု အခြေအနေများကို ထုတ်ဖော်သည်။ [၂]

ဥပမာအားဖြင့် မိမိတွင်ရှိသည့် အားသာချက်နှင့် ပြင်ပမှရရှိသည့်အခွင့်အလန်းများ၏ ဆက်နွှယ်မှုသည် အားကောင်းနေပါက ကုမ္ပဏီ၏အခြေအနေကောင်းမွန်သည်။ ထို့ကြောင့် aggressive strategy ကို သုံးခွင့်ပြုသည်။ သို့သော် မိမိတွင်ရှိသည့်အားနည်းချက်နှင့် ပြင်ပမှဖြစ်ပေါ်သည့် ခြိမ်းခြောက်မှုများ၏ ဆက်နွှယ်မှုသည် အားကောင်းနေပါက လုပ်ငန်းအတွက် စိတ်ပူစရာအခြေအနေဖြစ်ပြီး defensive strategy ကိုသုံးသင့်သည်။[၃]

ယှဉ်တွဲခြင်း နှင့် ပြောင်းပြန်ပြုလုပ်ခြင်း ပြင်ဆင်ရန်

SWOT ကို ယှဉ်တွဲခြင်း နှင့် ပြောင်းပြန်ပြုလုပ်ခြင်းတို့သုံးနိုင်သည်။ ယှဉ်တွဲခြင်းဆိုသည်မှာ competitive advantage ရရန် မိမိတွင်ရှိသည့် အားသာချက်နှင့် ပြင်ပမှအခွင့်အလန်းကို ယှဉ်တွဲခြင်းဖြစ်သည်။ နောက်တနည်းမှာ အားနည်းချက်နှင့် ခြိမ်းခြောက်မှုတို့ကို အားသာချက် (သို့) အခွင့်အလန်းအဖြစ်ပြောင်းလဲခြင်း နည်းဗျူဟာဖြစ်သည်။ conversion strategy ၏ဥပမာကိုပြရလျှင် ဈေးကွက်အသစ်ရှာဖွေခြင်ဖြစ်သည်။ အားနည်းချက် (သို့) ခြိမ်းခြောက်မှု များကို ပြောင်းပြန်မလုပ်နိုင်ပါက ရှောင်ရှားခြင်း (သို့) ဆုံးရှုံးမှုနည်းအောင်ပြုလုပ်ခြင်းတို့ကို လုပ်နိုင်သည်။[၄]

Corporate planning ပြင်ဆင်ရန်

လူမှုအဖွဲ့အစည်းများတွင် အသုံးပြုခြင်း ပြင်ဆင်ရန်

 
one example of a SWOT Analysis used in community organizing
 
A simple SWOT Analysis used in Community Organizing

Strengths and weaknesses (internal factors within an organization):[၅]

လူမှုအဖွဲ့အစည်းများတွင် အသုံးပြုခြင်း ပြင်ဆင်ရန်

ထည့်သွင်းစဉ်းစားရမည့်အချက်များ ပြင်ဆင်ရန်

လက်တွေ့အကောင်အထည်ဖော်ရန် အဆင့်များ ပြင်ဆင်ရန်

ဘယ်အချိန်မှာ အသုံးပြုမလဲ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. SWOT Analysis: Discover New Opportunities, Manage and Eliminate Threats (in en) (1006)။ 24 February 2018 တွင် ပြန်စစ်ပြီး။
  2. Blake၊ Martin။ "5 tips to grow your start-up using SWOT analysis"၊ 26 February 2015။ 10 August 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 28 February 2015။ 
  3. Osita, Christian (31 January 2014). "Organization's stability and productivity: the role of SWOT analysis" 2 (9): 23–32. International Journal of Innovative and Applied Research (2014). Retrieved on 17 March 2016.  Archived 19 November 2022 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 19 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 June 2018 တွင် ပြန်စစ်ပြီး။
  4. See for instance: Mehta, S. (2000) Marketing Strategy
  5. Community Toolbox: Section 14. SWOT analysis။ 2014-02-22 တွင် ပြန်စစ်ပြီး။