တက်ဒရို့စ် အက်ဟာနွမ်

(Tedros Adhanom မှ ပြန်ညွှန်းထားသည်)

တက်ဒရို့စ် အက်ဟာနွမ် ဂေဘရီယီဆက်စ် (အင်္ဂလိပ်: Tedros Adhanom Ghebreyesus) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လက်ရှိ အကြီးအကဲ ညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။ အီသီယိုးပီးယား ဇီဝဗေဒပညာရှင်၊ ပြည်သူ့ကျန်းမာရေးသုတေသီနှင့် ကျန်းမာရေးဝန်ကြီးဟောင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်သည်။[၁] ၂၀၁၇ခုနှစ်မှစ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီးအကဲဖြစ်လာခဲ့သည်။ အာဖရိကန်လူမျိုးများမှ ပထမဆုံးသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲဖြစ်ပြီး ၎င်းကို အာဖရိကသမဂ္ဂမှ ထောက်ခံခဲ့သည်။ထိုနေရာသို့မရောက်မီက အီသီယိုးပီးယားအစိုးရအဖွဲ့တွင် ကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

တက်ဒရိုစ့် အက်ဟာနွမ်
Tedros Adhanom Ghebreyesus
ቴዎድሮስ አድሓኖም ገብረኢየሱስ
၂၀၁၈ခုနှစ်ကတွေ့ရစဉ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဇူလိုင် ၂၀၁၇
လက်ထောက်Zsuzsanna Jakab
ယခင်လူမာဂရက် ချန်း
နိုင်ငံခြားရေးဝန်ကြီး
တာဝန်သက်တမ်း
၂၉ နိုဝင်ဘာ ၂၀၁၂ – ၁ နိုဝင်ဘာ ၂၀၁၆
ဝန်ကြီးချုပ်[ Hailemariam Desalegn
ယခင်လူBerhane Gebre-Christos (ယာယီ)
ဆက်ခံသူWorkneh Gebeyehu
ကျန်းမာရေးဝန်ကြီး
တာဝန်သက်တမ်း
၁၂ အောက်တိုဘာ ၂၀၀၅ – ၂၉ နိုဝင်ဘာ ၂၀၁၂
ဝန်ကြီးချုပ်
  • Meles Zenawi
  • Hailemariam Desalegn
ယခင်လူKebede Tadesse
ဆက်ခံသူKesetebirhan Admasu
ကိုယ်ရေး အချက်အလက်များ
မွေးဖွားTedros Adhanom Ghebreyesus
(1965-03-03) ၃ မတ်၊ ၁၉၆၅ (အသက် ၅၉)
အီရီထရီးယားပြည်နယ်၊ အီသီယိုးပီးယားနိုင်ငံ (လက်ရှိ အီရီထရီးယားနိုင်ငံ)
သားသမီး
လက်မှတ်

ကိုးကား ပြင်ဆင်ရန်