မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

The Sceptical Chymist: or Chymico-Physical Doubts & Paradoxes သည် ရောဘတ် ဘွိုင်းလ်၏ ၁၆၆၁ တွင် လန်ဒန်မြို့၌ ထုတ်ဝေခဲ့သောစာအုပ်၏ အမည်ဖြစ်သည်။ စကားအချီအချဟန်ဖြင့် ရေးသားထားသော ဤစာအုပ်သည် ဘွိုင်းလ်၏ အနုမာနအဆို (အဆိုကြမ်း) ဖြစ်သော "ဒြပ်ဆိုသည်မှာ အလွန်သေးငယ်သောအမှုန်များ၊ ရွေ့လျားနေသော အလွန်သေးငယ်သည့် အမှုန်အစုအဝေးများဖြင့် ဖွဲ့စည်းထားပြီး ဖြစ်စဉ်ဖြစ်ရပ်တိုင်းသည် ထိုရွေ့လျားနေသော အမှုန်ကလေးများ တိုက်မိ/ဆောင့်မိခြင်းကြောင့် ဖြစ်ကြသည်" ဟူ၍ ဖော်ပြရှင်းလင်းထားသည်။ အရစ္စတိုတယ်နှင့် ပါရာဆဲလ်ဆပ်စ်တို့ တင်ပြခဲ့သည့် အခြေခံအရာဝတ္ထုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ငြင်းပယ်ခဲ့ကာ အခြေခံအရာဝတ္ထုဆိုသည်မှာ လုံးဝဥဿုံ အချင်းချင်း ရောယှက်မှုမရှိသော အရာများဟု ဖွင့်ဆိုခဲ့သည်။ ဤအချက်များကြောင့်ပင် ရောဘတ်ဘွိုင်းလ်ကို ခေတ်သစ်ဓာတုဗေဒပညာရပ်၏ တည်ထောင်သူဟုလည်း ခေါ်ဆိုသတ်မှတ်ကြပေသည်။[၁]

The Sceptical Chymist
Title page
စာရေးသူရောဘတ် ဘွိုင်းလ်
နိုင်ငံအင်္ဂလန်
ဘာသာစကားအင်္ဂလိပ်
အကြောင်းအရာဓာတုဗေဒ
ထုတ်ဝေသူJ. Cadwell
ထုတ်ဝေသည့်ရက်
၁၆၆၁

ကိုးကား ပြင်ဆင်ရန်

  1. Partington၊ J. R. (1951)။ A Short History of Chemistry။ Macmillan။ p. 67။ (2nd edition)