YGN နိုင်ငံခြားသားမှတ်ပုံတင်

ပြည်ပနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ ပြည်ဝင်ဗီဇာ တစ်မျိုးမျိုးဖြင့် ဝင်ရောက်ခဲ့ပြီး၊ ရက်ပေါင်း ၉၀ ကျော်လွန်နေထိုင်သူများသည် ၁၉၄၈ နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ် ၆ (၁)(ခ)(ဂ)တို့အရ YGN သင်္ကေတဖြင့် ထုတ်ပေးသည့် နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်ကို ကိုင်ဆောင်ကြရသည်။ ၎င်း လက်မှတ်သည် နှစ်စဉ် နိုဝင်ဘာ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးပြီး၊ ၁၉၄၈ နိုင်ငံခြားသားများမှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ် ၇(၂)(ဂ)အရ သက်တမ်းကုန်ဆုံးသည့် နေ့မှ ရက်ပေါင်း သုံးဆယ်အတွင်း နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် လဲလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာ၌ နှစ်စဉ် ဒီဇင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း သတ်မှတ်အခငွေ ကန် ၉ ဒေါ်လာ ပေးသွင်း၍ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် လဲလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရသည်။ ထိုသို့ သတ်မှတ်ကာလကုန်ဆုံးသွားပြီး ဇန်နဝါရီ အတွင်း လာရောက်လဲလှယ်ပါက၊ နည်းဥပဒေ အပိုဒ် ၁၇(၃)အရ ကျသင့်ငွေ၏ နှစ်ဆ ပေးဆောင်ရသည်။

၂၀၂၀ ကပ်ရောဂါကာလတွင် လက်မှတ်ကိုင်ဆောင်သူ နိုင်ငံခြားသားများ အဆင်ပြေအောင် နိုဝင်ဘာ ၁၆ ရက်သို့ ပြောင်းရွှေ့လိုက်ကာ၊ ရန်ကုန် ကျောက်တံတားမြို့နယ်ပန်းဆိုးတန်းလမ်းရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတွင် ဆောင်ရွက်ရသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. "YGN သင်္ကေတဖြင့် နိုင်ငံခြားသားမှတ်ပုံတင် လက်မှတ် ကိုင်ဆောင်ထားသူများ နှစ်စဉ်လက်မှတ်သက်တမ်း အတည်ပြုလဲလှယ်ခြင်း..."၊ မြန်မာ့အလင်း60 (17)၊ p. 2၊ ၂၀၂၀ အောက်တိုဘာ ၁၇ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)