လေးဖြူ
လေးဖြူ သည် မြန်မာ ရော့ခ် အဆိုတော် တစ်ဦး ဖြစ်ပြီး ၁၉၆၅-ခုနှစ်၊ မေလ(၁၉)ရက်တွင် မွေးဖွားခဲ့သည်။ အင်းလေးဇာတိ ဖြစ်သည်။ ရော့ခ် အဆိုတော် တစ်ဦးဖြစ်သည့် အငဲ ၏ အကို အရင်း ဖြစ်သည်။ မန္တလေးတက္ကသိုလ်မှ အင်္ဂလိပ်စာ အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။
လေးဖြူ | |
---|---|
![]() ၂၀၁၃ မေလတွင် ဖျော်ဖြေမှု ပြုလုပ်နေသော လေးဖြူ | |
ကိုယ်ရေး အချက်အလက်များ | |
အမည်ရင်း | ဝင်းလှိုင်စိုး |
မွေးဖွား | ၁၉ မေ၊ ၁၉၆၅ |
မူလတိုင်းပြည် | အင်းလေး၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ |
ဂီတဟန် | Hard rock, heavy metal, soft rock |
အလုပ်အကိုင် | ဂီတပညာရှင်၊ ဂီတထုတ်လုပ်သူ |
တူရိယာ | ဂစ်တာ၊ ဒရမ် |
တက်ကြွသည့်နှစ်များ | ၁၉၉၂ - လက်ရှိ |
တေးသံသွင်း ကုမ္ပဏီ | Iron Cross Entertainment |
ပူးတွဲ ပါဝင်မှု | Iron Cross, LMN |
ပရိသတ် တောင်းဆိုမှု ပြင်ဆင်ရန်
လေးဖြူသည် ၂၀၀၆ ခုနှစ်ခန့်မှစ၍ စင်မြင့်ဂီတ ဖျော်ဖြေပွဲများ၌ ပါဝင် သီဆိုခွင့်မရရှိပဲ ခေတ္တရပ်နားခဲ့ရသည်။ ၂၀၀၉-ခုနှစ်မှ စ၍ စင်မြင့်ဖျော်ဖြေပွဲများ၌ Iron Cross Band နှင့်အတူ ဆက်လက် သီဆိုခွင့်ရရှိခဲ့သည် ။ နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ရည်ရွယ်ပြုလုပ်သော စင်မြင့်ဖျော်ဖြေပွဲ၌ အဆိုတော်လေးဖြူအား အားပေးကြိုဆိုသော သူ၏ အမာခံပရိသတ်များကြောင့် ရန်ပုံငွေ အများအပြား ရရှိခဲ့သည်။
မိသားစု ပြင်ဆင်ရန်
ဇနီးဖြစ်သူမှာ ဒေါ်နွယ်နွယ်သန်း ဖြစ်သည်။ သမီးကြီး ၏ အမည်မှာ ဆောင်းလေးဖြူ ဖြစ်ပြီး သားငယ်၏ အမည်မှာ တိမ်လေးဖြူ ဖြစ်သည်။
ထွက်ရှိပြီးသောသီချင်းခွေများ ပြင်ဆင်ရန်
- ကန္တာရ လမင်း
- ပင်လယ်အော်သံ
- ကန္တာရ ပင်လယ် လမင်းအော်သံ(လိုက်ဖ်ရှိုး)
- ဂီတ မဉ္ဇူရီ
- ပါဝါ ၅၄ (Power 54)
- ကမ္ဘာသစ်တေး
- ကျိန်စာ
- သားကောင်
- ရာစုသစ် (မျိုးကြီး၊ အငဲ တို့နှင့်တွဲဖက်၍)
- အိပ်မက်ကဗျာ
- လိပ်ပြာ
- Iron Cross Band, Unplugged show
- Iron Cross Band, Live show for 15th anniversary
- Iron Cross Band, 15th anniversary celebration
- မံမီများ
- LMN (မျိုးကြီး၊ အငဲ နှင့်တွဲဖက်၍)
- ခဏလေးများ
- ဘင်္ဂလား ပင်လယ်အော် (Bay of Bengal)
- ဒိုင်ယာရီ
- ဒါအချစ်လား (Single)
- ကျောခင်းတံတားများ (Single)
- မြူ (Single)
- မိစ္ဆာမ (Single)
- ဘဝ (single)
- ဇာတိဘုံ (single)
- လူ့အန္ဓ (single)
- လုပ်လိုက် (single)
"ဘင်္ဂလားပင်လယ်အော်" စီးရီးမှာ မြန်မာနိုင်ငံတွင် Mobile Stero ဖြင့် ပထမဆုံးတီးခတ်အသံသွင်းပြုလုပ်ထားသော တေးစီးရီးဖြစ်သည်။ Mobile Stero မှာ ကမ်းခြေတစ်ခု (သို့) တစ်ခုခုသောနေရာ၏ အခန်းတစ်ခန်းထဲတွင် ကြိုတင်သီချင်းတိုက်ထားခြင်းမရှိပဲ ရင်ထဲကခံစားချက်အတိုင်း တီးခတ်သီဆိုပြီး အသံသွင်းခြင်းကို တစ်ပြိုင်နက်ပြုလုပ်ခြင်းဖြစ်သည်။ [၁]