လေးဖြူ သည် မြန်မာ ရော့ခ် အဆိုတော် တစ်ဦး ဖြစ်ပြီး ၁၉၆၅-ခုနှစ်၊ မေလ(၁၉)ရက်တွင် မွေးဖွားခဲ့သည်။ အင်းလေးဇာတိ ဖြစ်သည်။ ရော့ခ် အဆိုတော် တစ်ဦးဖြစ်သည့် အငဲ ၏ အကို အရင်း ဖြစ်သည်။ မန္တလေးတက္ကသိုလ်မှ အင်္ဂလိပ်စာ အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

လေးဖြူ
၂၀၁၃ မေလတွင် ဖျော်ဖြေမှု ပြုလုပ်နေသော လေးဖြူ
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းဝင်းလှိုင်စိုး
မွေးဖွား (1965-05-19) ၁၉ မေ၊ ၁၉၆၅ (အသက် ၅၈)
မူလတိုင်းပြည်အင်းလေးရှမ်းပြည်နယ်မြန်မာနိုင်ငံ
ဂီတဟန်Hard rock, heavy metal, soft rock
အလုပ်အကိုင်ဂီတပညာရှင်၊ ဂီတထုတ်လုပ်သူ
တူရိယာဂစ်တာ၊ ဒရမ်
တက်ကြွသည့်နှစ်များ၁၉၉၂ - လက်ရှိ
တေးသံသွင်း ကုမ္ပဏီIron Cross Entertainment
ပူးတွဲ ပါဝင်မှုIron Cross, LMN

ပရိသတ် တောင်းဆိုမှု ပြင်ဆင်ရန်

လေးဖြူသည် ၂၀၀၆ ခုနှစ်ခန့်မှစ၍ စင်မြင့်ဂီတ ဖျော်ဖြေပွဲများ၌ ပါဝင် သီဆိုခွင့်မရရှိပဲ ခေတ္တရပ်နားခဲ့ရသည်။ ၂၀၀၉-ခုနှစ်မှ စ၍ စင်မြင့်ဖျော်ဖြေပွဲများ၌ Iron Cross Band နှင့်အတူ ဆက်လက် သီဆိုခွင့်ရရှိခဲ့သည် ။ နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ရည်ရွယ်ပြုလုပ်သော စင်မြင့်ဖျော်ဖြေပွဲ၌ အဆိုတော်လေးဖြူအား အားပေးကြိုဆိုသော သူ၏ အမာခံပရိသတ်များကြောင့် ရန်ပုံငွေ အများအပြား ရရှိခဲ့သည်။

မိသားစု ပြင်ဆင်ရန်

ဇနီးဖြစ်သူမှာ ဒေါ်နွယ်နွယ်သန်း ဖြစ်သည်။ သမီးကြီး ၏ အမည်မှာ ဆောင်းလေးဖြူ ဖြစ်ပြီး သားငယ်၏ အမည်မှာ တိမ်လေးဖြူ ဖြစ်သည်။

ထွက်ရှိပြီးသောသီချင်းခွေများ ပြင်ဆင်ရန်

  • ကန္တာရ လမင်း
  • ပင်လယ်အော်သံ
  • ကန္တာရ ပင်လယ် လမင်းအော်သံ(လိုက်ဖ်ရှိုး)
  • ဂီတ မဉ္ဇူရီ
  • ပါဝါ ၅၄ (Power 54)
  • ကမ္ဘာသစ်တေး
  • ကျိန်စာ
  • သားကောင်
  • ရာစုသစ် (မျိုးကြီးအငဲ တို့နှင့်တွဲဖက်၍)
  • အိပ်မက်ကဗျာ
  • လိပ်ပြာ
  • Iron Cross Band, Unplugged show
  • Iron Cross Band, Live show for 15th anniversary
  • Iron Cross Band, 15th anniversary celebration
  • မံမီများ
  • LMN (မျိုးကြီး၊ အငဲ နှင့်တွဲဖက်၍)
  • ခဏလေးများ
  • င်္ဂလား ပင်လယ်အော် (Bay of Bengal)
  • ဒိုင်ယာရီ
  • ဒါအချစ်လား (Single)
  • ကျောခင်းတံတားများ (Single)
  • မြူ (Single)
  • မိစ္ဆာမ (Single)
  • ဘဝ (single)
  • ဇာတိဘုံ (single)
  • လူ့အန္ဓ (single)
  • လုပ်လိုက် (single)

"ဘင်္ဂလားပင်လယ်အော်" စီးရီးမှာ မြန်မာနိုင်ငံတွင် Mobile Stero ဖြင့် ပထမဆုံးတီးခတ်အသံသွင်းပြုလုပ်ထားသော တေးစီးရီးဖြစ်သည်။ Mobile Stero မှာ ကမ်းခြေတစ်ခု (သို့) တစ်ခုခုသောနေရာ၏ အခန်းတစ်ခန်းထဲတွင် ကြိုတင်သီချင်းတိုက်ထားခြင်းမရှိပဲ ရင်ထဲကခံစားချက်အတိုင်း တီးခတ်သီဆိုပြီး အသံသွင်းခြင်းကို တစ်ပြိုင်နက်ပြုလုပ်ခြင်းဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ကိုလေးဖြူရဲ့ ၁၃ ခုမြောက် "ဘင်္ဂလားပင်လယ်အော်"[လင့်ခ်သေ]