ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၊ ကိုလံဘို

ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၊ ကိုလံဘို (သီဟိုဠ်: ලෝක වෙළෙඳ මධ්‍යස්ථානය, ရောမအက္ခရာ: Lōka Veḷen̆da Madhyasthānaya; တမီးလ်: உலக வர்த்தக மையம், ရောမအက္ခရာ: Ulaka Varttaka Maiyam) သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် တည်ရှိသည့် ၁၅၂ မီတာ (၄၉၉ ပေ) အမြင့်ရှိသည့် အမြွှာညီနောင်အဆောက်အဦ ဖြစ်သည်။ အထပ် ၃၉ ထပ်ပါဝင်သည့် တာဝါများတွင် ရောင်းချရန် အလွှာလေးခုပါဝင်သဖြင့် တာဝါတစ်ခုချင်းစီးတွင် အထပ် ၄၃ ထပ် ပါဝင်သည်။ ဟိုတယ်ကို Overseas Realty Ceylon PLC (ORCPLC) က စီမံခန့်ခွဲသည်။[၁][၂]

World Trade Center
ලෝක වෙළෙඳ මධ්‍යස්ථානය
உலக வர்த்தக மையம்
ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၊ ကိုလံဘို သည် Central Colombo တွင် တည်ရှိသည်
ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၊ ကိုလံဘို
Location in central Colombo
အထွေထွေ အချက်အလက်များ
တည်နေရာColombo, Sri Lanka
ကိုဩဒိနိတ်06°55′57″N 79°50′38″E / 6.93250°N 79.84389°E / 6.93250; 79.84389ကိုဩဒိနိတ်: 06°55′57″N 79°50′38″E / 6.93250°N 79.84389°E / 6.93250; 79.84389
တည်ဆောက်မှု စတင်September 1992
ပြီးစီး၁၉၉၆; ၂၈ နှစ် အကြာက (၁၉၉၆)
ဖွင့်လှစ်12 October 1997
ကုန်ကျငွေUS$ 130 million (1996)
ပိုင်ဆိုင်သူOverseas Realty Ceylon PLC
စီမံခန့်ခွဲမှုOverseas Realty Ceylon PLC
အမြင့်
အမိုး၁၅၂ m (၄၉၉ ft)
အသေးစိတ် အချက်အလက်များ
အထပ် အရေအတွက်43
ကြမ်းခင်း ဧရိယာ၇၀,၀၀၀ m2 (၇၅၀,၀၀၀ sq ft)
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်Anthony NG Architects
ဖွံ့ဖြိုးအောင် ဆောင်ရွက်သူOverseas Realty Ceylon PLC
အဓိက ကန်ထရိုက်တာTurner Steiner East Asia Ltd
ဝဘ်ဆိုဒ်
wtc.lk

ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (ကိုလံဘို) WTCC ကို စင်ကာပူလူမျိုး ကုန်ပစ္စည်း၊ ပင်လယ်ရေကြောင်းကုန်သွယ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သည့် Shing Kwan Group ၏ တည်ထောင်သူက Shing Pee Tao အကောင်အထည်ဖော်ရန် စိတ်ကူးရခဲ့သည်။ Tao သည် ကိုလံဘိုမြို့၊ Echelon Square တွင် တည်ရှိသည့် ကိုလံဘိုစတော့အိတ်ချိန်းတွင်ပါဝသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် ORCPLC ကို ဝယ်ယူခဲ့သည်။ တရားဝင်ခွင့်ပြုမှုကို ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလတွင် ရရှိခဲ့သည်။ မြေနေရာပြုပြင်ခြင်းများကို စက်တင်ဘာလတွင် လုပဆောင်ခဲ့သည်။[၃][၄]

အဆောက်အဦသည် တည်ဆောက်နေစဉ် ၁၉၉၆ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုဘဏ်ရှိ LTTE သေကြောင်းကြံတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည်။ ထိုဖြစ်ရပ်တွင် လူပေါင်း ၉၁ ဦး သေဆုံးခဲ့ပြီး ၁၄၀၀ ကျော် ဒဏ်ရာရခဲ့သည်။[၅][၆]

၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် သမ္မတ Chandrika Kumaratunga က တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်လှစ်ပြီး သုံးရက်အကြာ အောက်တိုဘာလ ၁၅ ရက် (ဗုဒ္ဓဟူး) နေ့တွင် တမီကျားလွတ်မြောက်ရေးတပ်မတော်က ဟိုတယ်၏ ကားပါကင်တင် ထရပ်ကားတစ်စီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ တာဝါ၏ အနောက်ဘက်နေရာကို ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ အဆောက်အဦမှာ ချွတ်ယွင်းမှုမရှိပဲ ကျန်ရှိနေခဲ့သည်။ တိုက်ခိုက်မှုသည် ၁၉၉၃ ခုနှစ် နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ဗုံးခွဲခံရမှုကဲ့သို့ ပုံစံမျိုးဖြစ်သည်။ နိုင်ငံ၏ အမြင့်ဆုံးနှင့် စီးပွားရေးအရ အမှတ်သင်္ကေတစင်တာတစ်ခု ဖြစ်နေသည့်အတွက် တမီကျားလွတ်မြောက်ရေးတပ်မတော် LTTE တို့၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ ခန့်မှန်းခြေ ၆ လအတွင်းတွင် ပြင်ဆင်မှုများကို အပြည့်အဝ ပြန်လည်လုပ်ဆောင်ခဲ့သည်။ အဆောက်အဦကိုလည်း ၁၉၉၈ ခုနှစ်၊ ဇွန်လတွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။[၇][၄]

လက်ရှိအချိန်တွင် ကိုလံဘိုစတော့အိတ်ချိန်း၊ သီရိလင်္ကာရင်းနှီးမြှုပ်နှံမှုအဖွဲ့နှင့် Securities Exchange Commission စသည်တို့သည် အခကြေးငွေပေးကာ ဖွင့်လှစ်ထားကြသည်။

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. World Trade Center။ 8 June 2017 တွင် ပြန်စစ်ပြီး။
  2. World Trade Center။ 8 June 2017 တွင် ပြန်စစ်ပြီး။
  3. "Fascinating insights on S.P.Tao’s entry to SL"၊ 20 October 2012။ [လင့်ခ်သေ]
  4. ၄.၀ ၄.၁ "World Trade Centre turns 15"၊ 22 October 2012။ 
  5. Chalk၊ Peter (2013)။ Encyclopedia of Terrorism: Volume 1။ ABC-CLIO။ p. 168-169။ ISBN 9780313308956
  6. Cooper၊ Kenneth J.။ "Bomb kills 60 in Sri Lanka's Capital"၊ 1 February 1996။ 
  7. Smith၊ Paul J. (2015)။ The Terrorism Ahead: Confronting Transnational Violence in the Twenty-First CenturyRoutledge။ p. 17။ ISBN 9781317454281