ကယားလူမျိုးစုဒီမိုကရေစီပါတီ

ကယားလူမျိုးစုဒီမိုကရေစီပါတီ (အင်္ဂလိပ်: Kayah Unity Democracy Party၊ အတိုကောက် KUDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီဟောင်းတစ်ခုဖြစ်သည်။ ၂၀၁၂ နှစ်ကုန်ပိုင်းတွင် ပါတီဖွဲ့စည်းရန် စတင်လှုပ်ရှားခဲ့ပြီး ၂၀၁၃ နှစ်ကုန်ပိုင်း၌ ပါတီကို တရားဝင်ဖွဲ့စည်းခဲ့သည်။ ပါတီဝင်အရေအတွက် ၂၅,၀၀၀ ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ် ခုနစ်မြို့နယ်၏ ၂၆ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၂]

ကယားလူမျိုးစုဒီမိုကရေစီပါတီ
အင်္ဂလိပ် အမည်Kayah Unity Democracy Party
ဥက္ကဋ္ဌဦးစောဒယ်နီယယ်
ဆောင်ပုဒ်အနာဂတ်လူမှုဘဝ မျှော်မှန်းချက်၊ ပြောင်းလဲခြင်းနှင့် ဖော်ဆောင်ရွက်
တည်ထောင်ခြင်းဩဂုတ် ၉၊ ၂၀၁၃ (၂၀၁၃-၀၈-၀၉)[၁]
ဖျက်သိမ်းခြင်း၈ စက်တင်ဘာ ၂၀၁၇
ဌာနချုပ်မင်္ဂလာရပ်ကွက်၊ လွိုင်ကော်မြို့ကယားပြည်နယ်
အဖွဲ့ဝင်၂၅,၀၀၀[၁]
နိုင်ငံရေး သဘောတရားဖက်ဒရယ်ပြည်ထောင်စုစနစ်
ဖွံ့ဖြိုးတိုးတက်ရေး
အရောင်အနီ၊ အဝါ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် နည်းဥပဒေ ၂၅ နှင့် ညွှန်ကြားချက် အမှတ် (၁/၂ဝ၁၃)အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကယားလူမျိုးစုဒီမိုကရေစီပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ကယားလူမျိုးစုဒီမိုကရေစီပါတီ။ Vote4Myanmar။ 17 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၃ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. ကယားလူမျိုးစုဒီမိုကရေစီပါတီ။ ၇ ရက်သတင်းဂျာနယ် (၁၀ စက်တင်ဘာ ၂၀၁၅)။ 25 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီများစာရင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ 5 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။