ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Kayin National Democratic Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၁]

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
အင်္ဂလိပ် အမည်Kayin National Democratic Party
တည်ထောင်ခြင်း၂၂ ဖေဖော်ဝါရီ ၂၀၁၈ (၂၀၁၈-၀၂-၂၂)
ပူးပေါင်းကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ
ကရင်ဒီမိုကရက်တစ်ပါတီ
စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ
ဌာနချုပ်ဘားအံမြို့ကရင်ပြည်နယ်
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

သမိုင်းကြောင်း ပြင်ဆင်ရန်

ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီကရင်ဒီမိုကရက်တစ်ပါတီ နှင့် စည်းလုံးညီညွတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[၂]

ပါတီ ဥက္ကဋ္ဌ မှာ မန်းအောင်ပြည်စိုးဖြစ်ပြီး၊ပါတီအထွေထွေအတွင်းရေးမှူးမှာ စောချစ်သန်းဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပြင်ဆင်ရန်

၂၀၂၀ ရွေးကောက်ပွဲတွင် ကိုးကား အမှား - The opening <ref> tag is malformed or has a bad name ကရင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁၁)နေရာ၊ကိုးကား အမှား - The opening <ref> tag is malformed or has a bad name ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်( ၆)နေရာ၊ကိုးကား အမှား - The opening <ref> tag is malformed or has a bad name အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)နေရာကိုးကား အမှား - The opening <ref> tag is malformed or has a bad name တို့တွင် ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့သည်။နေရာ တစ်ခုမှာမှ ရွေးချယ်တင်မြှောက်မခံခဲ့ရပေ။သို့သော်လည်း ရရှိမဲအရေအတွက်မှာမူ ဆိုးဆိုးရွားရွားမဖြစ်ခဲ့ပေ။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်းဖြစ်ရပ်များ ပြင်ဆင်ရန်

၂၀၂၁ ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့်အစိုးရအဖွဲ့အတွင်း ပါဝင်ရန်ကမ်းလှမ်းခံခဲ့ရသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများထဲ   KNDP ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီလည်းပါဝင်ခဲ့ပြီး  ပါဝင်ဖို့ ကမ်းလှမ်းချက်ကို ပါတီဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက လက်ခံခဲ့သည်ဟု VOAကဖော်ပြသည်။ ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

လူတစ်ဦး၏အမည်စာရင်းအား ပေးပို့ခဲ့သည်ဟု ပြောဆိုထားမှုရှိခဲ့သော်လည်း  မည်သည့်နေရာ၊မည်သည့်တာဝန် ရယူခဲ့သနည်းဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

ယင်းအပြင် ၂၀၂၁ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်း အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်  နိုင်ငံရေးပါတီ ၅၉ ပါတီတို့ ၂၀၂၁ မေလ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီလည်း တက်ရောက်ခဲ့သည်။ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

၂၀၂၂ မေလ၁၂ရက်က  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)တို့ တွေ့ဆုံမှုလည်း ရှိခဲ့သည်။ [၃]

ကိုးကား ပြင်ဆင်ရန်