ကရုဏာ[၁] သည် ပါဠိနှင့် သင်္ကကရိုက် ဘာသာစကားတစ်ခု ဖြစ်ပြီး ပုံမှန်အားဖြင့် "သနားကြင်နာခြင်း" ဟု ဘာသာပြန်လေ့ရှိသည်။ ကရုဏာတရားသည် ဗုဒ္ဓဘာသာနှင့် ဂျိန်းဘာသာတို့၏ ကျင့်စဉ်တစ်ခု ဖြစ်သည်။

ကရုဏာ၏ အသုံးများ ပြင်ဆင်ရန်

  • (၁) သနား ကြင်နာခြင်း (ကရုဏာ စေတသိက်)။
  • (၂) သနားချစ်ခင်ခြင်း(ရာဂ)။ [၂]
  • (၃) ကရုဏာရသ
  • (တိ) (၄) ကရုဏာနှင့်ယှဉ်သော (ကရုဏာဈာန်)။ [၃]
  • (၅) သနားစရာကောင်းသော။[၄]
  • (ကြိ၊ ဝိ)(၆) သနားစဖွယ်၊ သနား စရာကောင်းအောင်။ [၅][၆]

(၁) သနားကြင်နာခြင်း (ကရုဏာစေတသိက်) ပြင်ဆင်ရန်

(ကရုဏာဟူသည် ဆင်းရဲနွမ်းပါး ဒုက္ခိတသတ္တဝါများကိုမြင်လျှင် ထိုသူတို့ခံစား နေရသော ဒုက္ခကို ပယ်၍ ကယ်ဆယ်ချင်သောအားဖြင့် သူတော်ကောင်းတို့၏စိတ် နှလုံးကို တုန်လှုပ်ချောက်ချားအောင် ပြုတတ်သော သဘောတရားပင် ဖြစ်သည်၊ သူတစ်ပါးခံစားနေရသော ဒုက္ခကို ပယ်နိုင်သည် ဖြစ်စေ, မပယ်နိုင်သည်ဖြစ်စေ, ပျောက်သည် ဖြစ်စေ, မပျောက်သည်ဖြစ်စေ ထိုဒုက္ခကိုပယ်ရှားလိုခြင်း လက္ခဏာရှိသည်၊

သူတစ်ပါးဒုက္ခ ရောက်နေသည်ကို မြင်ရကြားရလျှင် သည်းမခံနိုင်ခြင်းကိစ္စ ရှိသည်၊ [၆]

ကရုဏာ၏ ဆန့်ကျင်ဘက်တရားများ ပြင်ဆင်ရန်

ဝိဟိံသာခေါ် ဒေါသသည် သူတစ်ပါးကို ညှဉ်းဆဲတတ်၏၊ ကရုဏာကား မညှဉ်းဆဲတတ်သည့်ပြင် ကယ်ဆင်ပင် ကယ်ဆယ်လိုသေး၏၊ ထို့ကြောင့် ကရုဏာသည် ဝိဟိံသာ၏ ဆန့်ကျင်ဘက်သဘောတရားဖြစ်သည်။ မိမိနှင့် နီးစပ်နေသူ ဆွေမကင်း မျိုးမကင်းဖြစ်သူများ ဒုက္ခရောက်နေသည်ကို မြင်လျှင် ကြားလျှင် ကရုဏာနှင့် ဆင်တူယိုးမှား လွန်စွာသနားမှုများ ဖြစ်တတ်သေး၏၊ ထိုသဘောတရားကား ကရုဏာစစ် မဟုတ်၊ စိုးရိမ်ကြောင့်ကြမှုပါသော “သောက” ခေါ် ဒေါမနဿဝေဒနာ (ကရုဏာတု) သာတည်း။ ကရုဏာအစစ်ကား စိုးရိမ်ကြောင့်ကြမှုမပါ၊ သူတစ်ပါးတို့ကို သနားသော်လည်း ကုသိုလ် တရားဖြစ်၍ စိတ်မညစ်ချေ၊ ကြည်ကြည်လင် လင်ပင် ဖြစ်သည်၊ သောကကား စိတ်ကိုညစ် စေပူပန်စေသည်။ [၇]

သာမန်ပုထုဇဉ်များအဖို့ ကရုဏာစစ်မဖြစ်ပဲ သောကဘက် ယိုင်သွားသည်က များမည်။ [၈] [၆]

(၃) ကရုဏာရသ ပြင်ဆင်ရန်

(ကရုဏာရသဟူရာ၌ ကရုဏာအစစ်ကိုမကောက်ရ၊ ဒုက္ခရှုပေယမာနန္ဒော၊ ကထံ နု ကရုဏာဒိကေ။ အလင်္ကာ။ ၃၅၅-ဂါထာလာ ဒုက္ခရူပေဟူသော ဝိသေသနကို ထောက်လျှင် သောကခေါ် ဒေါမနဿဝေဒနာကို အရကောက်ရမည်၊ သနားစရာ ကောင်းသော အကြောင်းအရာကို ဖွဲ့နွဲ့သီကုံး ထားသော ပျို့ကဗျာ လင်္ကာ ဂါထာများကို ဖတ်ရှုနားထောင်သူတို့စိတ်၌ ထိုအဖွဲ့အနွဲ့ကို နှစ်သက်သဘောကျမှုစိတ် ဖြစ်ပေါ်လာတတ်၏၊ ထိုသို့ ဖြစ်ပေါ်လာသောစိတ်ကို ကရုဏာရသ = သနားမှု အရသာဟု ခေါ်သည်၊ ထိုစိတ်မျိုးကို ဖြစ်ပေါ်လာစေသည့် အဖွဲ့အနွဲ့ မျိုးကိုလည်း ကရုဏာရသမြောက်သောအဖွဲ့ အနွဲ့မျိုးဟု မှတ်ရမည်။ ဝေဿန္တရာဇာတ်၌ ဇူဇကာပုဏ္ဏားက သားတော် သမီးတော်များအား ရိုက်နေသည်ကို မြင်ရ၍ ဝေဿန္တရာ မင်းကြီးသည် သောကဖြစ်ရှာ၏၊ သောက ဖြစ်လွန်းလှသဖြင့် ကျောင်းသင်္ခမ်းတွင်းသို့ ဝင်၍ ငိုကြွေးတော်မူရှာလေသည်၊ ဤသောကဖြစ်ခန်း အဖွဲ့အနွဲ့ကို နားထောင်ရသူသည် “အလွန်သနားစရာ ကောင်းတာပဲ”ဟု အဖွဲ့ အဖွဲ့ကို နှစ်သက်သဘောကျမှု ဖြစ်၏၊ ထိုသဘောကျမှုသည် ကရုဏာရသ မည်၏။ ဆဒ္ဒန် ဆင်မင်းဇာတ်၌ အလောင်းတော် ဆင်မင်းသည် အစွယ်ကို ဖြတ်လှူပြီးနောက် သောနုတ္တိုရ်မုဆိုးအား မှာကြားပုံ ရေးသားထား စကားများကို ဖတ်ရှုကြားနာရသူတို့လည်း ထို့အတူပင် ကရုဏာရသကို ခံစားကြ ရ၏။ (မာဂဓ သက္ကတဓာန်များ၌ ကရုဏာ-ရသဟောရာတွင် ပုလ္လိင်နှင့် ရှိသည်။) [၉] [၆]

ဗုဒ္ဓဘာသာ ပြင်ဆင်ရန်

ကရုဏာတရားသည် ဗုဒ္ဓဘာသာတို့အတွက် အထူးအရေးကြီးသည့် ထားရှိရမည့် တရားတစ်ခု ဖြစ်သည်။ ထေရဝါဒတွင် ကရုဏာတရားလက်ကိုင်ထားပါက ယခုလက်ရှိဘဝတွင် ပျော်ရွှင်ချမ်းမြေ့ရပြီး နောင်ဘဝတို့၌ အထက်အထက်သော ဘုံများသို့ ရောက်ရှိမည် ဖြစ်သည်။ မဟာယာနတွင်မူ ကရုဏာတရားသည် ဗောဓိသတ္တဖြစ်ရန်အတွက် လိုအပ်သည့်ကျင့်စဉ်တစ်ခု ဖြစ်သည်။

ထေရဝါဒ ပြင်ဆင်ရန်

ထေရဝါဒဗုဒ္ဓဘာသာတွင် ကရုဏာသည် ဗြဟ္မဝိဟာရတရားလေးပါးထဲတွင် တစ်ပါးအပါအဝင် ဖြစ်၏။ ထိုဗြဟ္မဝိဟာရတရားလေးပါးမှာ "မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ" တို့ ဖြစ်ကြသည်။

မဟာယာန ပြင်ဆင်ရန်

ဂျိန်းဘာသာ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ကရုဏာ (ထီ) [ကရ+ဥဏ(ရုဏ) + အာ။ ကီ+ ရုဏ+ အာ။ ကိရ+ယု (ရုဏ) + အာ။ ပရ-ဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ။ ကိဏာတိ ဝါ ပရဒုက္ခံ ဟိံသတိ ဝိနာသေတီတိ ကရုဏာ။ ကိရိယတိ ဝါ ဒုက္ခိတေသု ဖရဏဝသေန ပသာရိယတီတိ ကရုဏာ။ အဘိ၊ဋ္ဌ၊၁၊၂၃၇။ နီတိ၊ သုတ္တ၊ ၁၃၂၁။ က+ရုမိ+ဏ+အာ။ ကမိတိ သုခံ၊ တံ ရုန္ဓတီတိ ကရုဏာ။ ဒီ၊ဋီ၊၁၊၂။ သီ၊ဋီ၊သစ်၊၁၊၇။ နီတိ၊သုတ္တ၊၁၃၂၂။]
  2. (၂) သနားချစ်ခင်ခြင်း (ရာဂ)။ နတ္ထိ ဗုဒ္ဓဿ ဘဂဝတော ကရုဏာတိ၊ အာမန္တာ။ အဘိ၊က၊၄၀၇။ ရာဂေါဝ ကရုဏာ နာမ၊ သော စ ဘဂဝတော နတ္ထိ။ အဘိ၊ဋ္ဌ၊၃၊၂၆၂။
  3. (တိ) (၄) ကရုဏာနှင့်ယှဉ်သော (ကရုဏာဈာန်)။ ကရုဏံဈာနံ ဈာယတိ။ ဒီ၊၂၊၁၉၃။ ကရုဏံ ဈာနံ ဈာယီတိ ကရုဏာယ တိကစတုက္ကဈာနံ ဈာယိ။ ဒီ၊ဋ္ဌ၊၂၊၂၅၇။ ကရုဏာ (ဒီ၊ဋ္ဌ၊၃၊၁၆၄)တိ ကရုဏာဗြဟ္မဝိဟာရမာဟ။ ဒီ၊ဋီ၊၃၊၁၈၀။ ကရုဏေ-ဓိမုတ္တ-လည်း ကြည့်။
  4. (၅) သနားစရာ ကောင်းသော။ နမုစိ ကရုဏံ ဝါစံ၊ ဘာသမာနော ဥပါဂမိ။ သုတ္တနိ၊၃၄၁။ (အပ၊၂၊၁၂၃၊ ၃၉၄၊ ၄၀၃။) ကရုဏံ ဝါစန္တိ အနုဒ္ဒယာယုတ္တံ ဝါစံ။ သုတ္တနိ၊ဋ္ဌ၊၂၊၁၁၅။
  5. (ကြိ၊ ဝိ) (၆) သနားစဖွယ်၊ သနားစရာ ကောင်းအောင်။ ဝေဒယန္တိ သကံ ဒုက္ခံ၊ ကရုဏံ ပရိဒေဝယိ။ အပ၊၂၊၂၅၅။ (၃၉၅၊ ၄၀၃၊ ၄၀၈။)
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ တိပိဋကအဘိဓာန် အတွဲ-၅
  7. (အဘိ၊ဋ္ဌ၊၁၊၂၃၇-၈-၉။)
  8. (နေတ္တိ၊ဋ္ဌ၊၉၀။) ယာ တသ္မိံ သမယေ ကရုဏာ ကရုဏာယနာ။ အဘိ၊ဝိ၊၂၉၁။ (အံ၊၂၊၁၆၃။ နေတ္တိ၊၃၈။ နေတ္တိဝိ၊၃။)
  9. သိင်္ဂါရဟဿကရုဏာ (အလင်္ကာ။ ၃၅၄။) သိင်္ဂါရော ဟဿော ကရုဏာ စ။ အလင်္ကာ၊ဋီ၊၃၅၄။