[၁] ဤကာယသတိဝဂ်၌ သုတ်တော်ပေါင်း (၃၇)သုတ် ပါရှိပါသည်။ ကာယဂတာ သတိ-ကို ပွားများခြင်း၏ အကျိုးကျေးဇူးများကို ဘုရားရှင် ဟောတော်မူသည့်သုတ်များ ဖြစ်ပါသည်။ ပဌမသုတ်၌ မဟာသမုဒ္ဒရာကို ပမာပြု၍ ကာယဂတာသတိကို ပွားများအပ်, ကြိမ်ဖန်များစွာ လေ့လာအပ်သည်ရှိသော် ဝိဇ္ဇာဘာဂိယဖြစ်သော ကုသိုလ်တရားများ၌ ပါဝင်သွားပုံကို ဟောတော်မူပါသည်။

ဒုတိယသုတ်၌ -သဟောတ္တပ္ပ ဝိပဿနာဉာဏ်နှင့်တကွ ဉာဏ်များစွာဖြစ်ရန် ဖြစ်၏-ဟု ဟောတော်မူပါသည်။

တတိယသုတ်၌ -များစွာသောဖိုလ်ဉာဏ်လေးပါးဖြစ်ခြင်းအကျိုးငှာ ဖြစ်၏ဟု ဟောတော်မူပါသည်။

စတုတ္ထသုတ်၌ -မြင့်မြတ်သော ယောဂက္ခမဖြစ်သော နိဗ္ဗာန်သို့ရောက်ခြင်း အကျိုးငှာဖြစ်၏-ဟု ဟောတော်မူပါသည်။

ပဉ္စမသုတ်၌ -သတိ, သမ္ပဇဉ်ဖြစ်ရန် အကျိုးငှာဖြစ်၏-ဟု ဟောတော်မူပါသည်။

ဆဋ္ဌသုတ်၌ -ဒိဗ္ဗစက္ခုဉာဏ်ရရန်အကျိုးငှာ ဖြစ်၏-ဟု ဟောတော်မူပါသည်။

သတ္တမသုတ်၌ -ဒိဋ္ဌိဓမ္မသုခဝိဟာရအကျိုးငှာ ဖြစ်၏-ဟု ဟောတော်မူပါသည်။

အဋ္ဌမသုတ်၌ -ဝိဇ္ဇာဝိမုတ္တိဖိုလ်ကို မျက်မှောက်ပြုရန်အကျိုးငှာ ဖြစ်၏-ဟု ဟောတော်မူပါသည်။ ။

နဝမသုတ်၌ -နာမကာယ, ကရဇကာယ စိတ်တို့ ကိလေသာအပူငြိမ်းအေး၏၊ ဝိတက်, ဝိစာရတို့ ငြိမ်းကုန်၏၊ ဝိဇ္ဇာဘာဂိယဓမ္မဘာဝနာပြည့်စုံခြင်းသို့ရောက်၏-ဟု ဟောတော်မူပါသည်။

ဒမသသုတ်၌ -မဖြစ်သေးသော အကုသိုလ်တရားတို့ မဖြစ်ကုန်၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်အပ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူပါသည်။

ဧကာဒသမသုတ်၌ -မဖြစ်သေးသော ကုသိုလ်တရားတို့ ဖြစ်ရန်၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ လွန်စွာတိုးပွား ပြန့်ပွားရန် ဖြစ်၏-ဟု ဟောတော်မူပါသည်။

ဒွါသမသုတ်၌ -အဝိဇ္ဇာကို ပယ်အပ်၏၊ အရဟတ္တမဂ္ဂဝိဇ္ဇာ ဖြစ်၏၊ (၉-ပါးသော) အသ္မိမာနကို ပယ်အပ်၏၊ အနုသယတို့ အကြွင်းမဲ့ ပယ်ကွာခြင်းသို့ ရောက်ကုန်၏၊ သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏-ဟု ဟောတော်မူပါသည်။ ။

တေရသမသုတ်၌ -ပညာအထူးအပြားကိုသိရန် ဖြစ်၏-ဟု ဟောတော်မူပါသည်။

စုဒ္ဒသမသုတ်၌ -အနုပါဒါပရိနိဗ္ဗာန်ဝင်စံရန်အကျိုးငှာ ဖြစ်၏-ဟု ဟောတော်မူပါသည်။ ။

ပန္နရသမသုတ်၌ -အနေကဓာတုကို ထိုးထွင်း၍ သိနိုင်၏-ဟု ဟောတော်မူပါသည်။

သောဠသမသုတ်၌ -အနေကဓာတု (လက္ခဏာ)ကို ထိုးထွင်း၍ သိနိုင်၏ ဟု ဟောတော်မူပါသည်။

သတ္တရသမသုတ်၌ -အနေကဓာတုပဋိသမ္ဘိဒါ (ဓာတုပဘေဒ)ဉာဏ် ဖြစ်၏ဟု ဟောတော်မူပါသည်။

အဋ္ဌရသမသုတ်မှ ဧကဝီသတိမသုတ် အထိ -လေးသုတ်တို့၌ ဖိုလ်ဉာဏ် လေးပါးကို ကိုယ်ထိလက်ရောက် မျက်မှောက်ပြုခြင်းငှာ ဖြစ်၏-ဟု ဟောတော်မူပါသည်။

ဗာဝီသတိမသုတ်မှ သတ္တတိံသတိမသုတ် အထိ -(၁၆)သုတ်တို့၌ ပညာဉာဏ် ၁၆-မျိုးကို သိမြင်ရန် ဖြစ်၏-ဟု ဟောတော်မူပါသည်။ ။

အဋ္ဌကထာ၌-ဤသုတ်များ၌ ပါရှိသောပုဒ်တို့၏ ဖွင့်ဆိုချက် မှတ်သားဖွယ် အကျယ်များကို သိရှိနိုင်ပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၄၄-၆။ အံ၊မြန်၊၁၊၅၄-၆။ အံ၊ဋ္ဌ၊၁၊၄၁၀-၆။ အံ၊ဋီ၊၁၊၂၇၅-၂၈၈။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၉-ကာယဂတာသတိဝဂ္ဂ။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ