ဦးကိုကိုနိုင်(၁၉၆၁-၂၀၂၃) မြန်မာလူမျိုးသံအမတ်တစ်ဦးဖြစ်သည်။[၁] လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ရှိ မြန်မာသံရုံးတွင် သံအမတ်ကြီးတာဝန်ကို ထမ်းဆောင်နေရင်း ကွယ်လွန်ခဲ့သူဖြစ်သည်။၎င်းသည် တပ်မတော်သားဟောင်းတစ်ဦးဖြစ်သည်။

H.E.

ဦးကိုကိုနိုင်
လာအိုနိုင်ငံ ဆိုင်ရာသံအမတ်ကြီး
တာဝန်သက်တမ်း
၄ မေ ၂၀၁၇ – ၂၀ မတ် ၂၀၂၃
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၁
ရန်ကုန်
ကွယ်လွန်၂၀ မတ် ၂၀၂၃
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဗိုလ်ကြီးဒေါ်ခင်ဖုန်းဝေ(ငြိမ်း)
သွေးသားတော်စပ်သူသားသမီး ၃ဦး
မိခင်ကျောင်းစစ်တက္ကသိုလ်
ကျွမ်းကျင်မှုသံတမန်
ဆုတံဆိပ်များဝဏ္ဏကျော်ထင်ဘွဲ့
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

ရန်ကုန်မြို့နေ အဖဦးစောနိုင်၊ဒေါ်တင်မြတို့က မွေးဖွားပြီး မွေးချင်း၈ဦးအနက် အကြီးဆုံးသားဖြစ်သည်။ပညာရေးမှာ စစ်တက္ကသိုလ် အမှတ်စဉ်(၂၅)အား တက်ရောက်ခဲ့သည်။

သံအမတ်ကြီးဘဝ ပြင်ဆင်ရန်

သမ္မတဦးထင်ကျော် လက်ထက် ၂၀၁၇ တွင် ၎င်းသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ခံရသည်။[၂]၂၀၁၇ မေလ ၄ရက်ကစပြီး လာအိုသမ္မတထံ သံတမန်ခန့်အပ်လွှာပေးပြီး ထိုရာထူးတွင် တရားဝင်တာဝန်ထမ်းဆောင်သည်။ထိုတာဝန်ကို စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ၁ရက်နေ့ နောက်ပိုင်းတွင်လည်း ဆက်လက်ထမ်းဆောင်ခဲ့သည်။[၃]

ဘဝနိဂုံး ပြင်ဆင်ရန်

ဦးကိုကိုနိုင်သည် သံအမတ်ကြီးတာဝန်ထမ်းဆောင်နေရင်း ကျန်းမာရေးဖောက်ပြန်လာမှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siriraj ဆေးရုံတွင် တက်ရောက်ကုသနေရင်း ၂၀၂၃ မတ်လ ၂၀ရက်တွင် ကွယ်လွန်သည်။[၄]

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

အိမ်ထောင်သည်တစ်ဦးဖြစ်ကာ ဇနီးမှာ ဗိုလ်ကြီးဒေါ်ခင်ဖုန်းဝေ(ငြိမ်း)ဖြစ်သည်။သားသမီး ၃ဦးရှိသည်။

ရရှိခဲ့သည့် ဆု ပြင်ဆင်ရန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းကို ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်သည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအို အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယအကြီးအကဲ တွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ အချက်အလက်များ ဆွေးနွေးEleven Media Group (၂၄အောက်တိုဘာ၂၀၁၉)။ ၂၃မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. သံအမတ်ကြီးများအဖြစ်တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များ နိုင်ငံတော်သမ္မတထံမှ ဩဝါဒလမ်းညွှန်မှုခံယူကြေးမုံသတင်းစာ ၈မတ် ၂၀၁၇ နေ့ထုတ် ခေါင်းကြီးပိုင်းပါဖော်ပြချက် စာမျက်နှာ(၁) (၈မတ်၂၀၁၇)။ ၂၃မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. President Receives New Foreign Ambassadors to LaosLAO NEWS AGENCY (4May2017)။ 23March2023 တွင် ပြန်စစ်ပြီး။
  4. မြန်မာ့အလင်းသတင်းစာ ၂၁ရက်မတ်၂၀၂၃ထုတ် စာမျက်နှာ၃၁ပေါ်ပါ နာရေးကြော်ငြာဝဏ္ဏကျော်ထင်ဦးကိုကိုနိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အသက်(၆၂)နှစ် (၂၁မတ်၂၀၂၃)။ ၂၃မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဝဏ္ဏကျော်ထင်ဘွဲ့MWD Webportal (၁၇နိုဝင်ဘာ၂၀၂၂)။ ၂၃မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။