ကီမိုတောင်
ကီမိုတောင် (အင်္ဂလိပ်: Kimo Mountain)သို့မဟုတ် ကျောက်ပန်းတောင် (အင်္ဂလိပ်: Flat-topped Rocky Mountain) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တည်ရှိသည်။[၂] တောင်အမြင့်မှာ ၄,၂၆၉ ပေ (၁,၃၀၁ မီတာ) ဖြစ်သည်။[၃][၁] ပလက်ဝမြို့မှ မိုင် ၂၀ အကွာ၊ ဆမီးမြို့မှ ၅ မိုင်အကွာ၊ ယောင်ဝရွာမှမိုင်(၁၀)အကြာတွင်တည်ရှိသည်။
ကီမိုတောင် | |
---|---|
ကျောက်ပန်းတောင် | |
အမြင့်ဆုံးအမှတ် | |
ပေါ်လွင်မှု | ၄,၂၆၉ ft (၁,၃၀၁ m)[၁] |
ကိုဩဒိနိတ် | 21°19′51″N 93°01′32″E / 21.330920°N 93.025689°Eကိုဩဒိနိတ်: 21°19′51″N 93°01′32″E / 21.330920°N 93.025689°E |
ပထဝီဝင် | |
တည်နေရာ | ချင်းပြည်နယ်၊ မြန်မာနိုင်ငံ |
ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တည်ရှိသည့် နေရာလည်း ဖြစ်သည်။
အမည်ရင်းမြစ်
ပြင်ဆင်ရန်ကျောက်ပန်းတောင်ကို ဒေသနေ ခူမီးလူမျိုး နှင့် ခေါင်စိုလူမျိုးက "ကီမိုတောင်"၊မြိုလူမျိုးတို့က "ကိမ်မာတောင်"၊ မတူချင်းလူမျိုးတို့က "ကီးမိုမိုတောင်"၊ ဒိုင်ချင်းလူမျိုးတို့က "ကြစ်မတောင်"၊ ရခိုင်လူမျိုးအချို့က "ချင်းမပန်းတောင်းတောင်"ဟုလည်း ခေါ်ကြသည်။[၁]
ကီမိုတောင်၏မူရင်းစကားသည် ခေါင်စိုအမျိုးသားတစ်ဦးနှင့် မြိုအမျိုးသားများ တောလမ်းခုလတ်တွင် တွေ့ဆုံစဉ် ကီမိုတောင်ကိုလက်ညှိုးထိုး၍ ခေါင်စိုစကားဖြင့် 'ကီးမာ' ဟုပြော၍၊ ကီးမာ၏ အဓိပ္ပာယ်သည် "မြင်လား" ဟုဖြစ်သည်။[၄]
မြေမျက်နှာသွင်ပြင်
ပြင်ဆင်ရန်ကျောက်ပန်းတောင်ထိပ်သည် နှစ်မိုင်နီးပါးကျောက်သားပြင်အဖြစ် တည်ရှိပြီး လခြမ်းပုံ (သို့) အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဌာန်ဖြစ်သည်။ တောင်ပတ်လည်တွင် ကျယ်ပြန့်လှသော ချောက်ကမ်းပါးကြီးနှင့် ဝန်းရံထားသည်။ တောင်၏ ၁၅ မိုင်အကွာအဝေးကို တစ်ဖက်တစ်ချက်စီတွင် တောင်ပူစာငယ် နှစ်လုံးဖြင့် ပိုင်းခြားထားသည်။[၁] အနောက်ဘက်ရှိ တောင်ပူစာငယ်၏ အမြင့် မှာ ၄၂၆၉ ပေ ရှိပြီး အရှေ့ဘက်တောင်ပူစာငယ်၏ အမြင့်မှာ ၃၃၇၃ ပေ ရှိသည်။ တောင်၏ ၁၅ မိုင်ဝန်းကျင် ပတ်လည်အတွင်း တစ်တောင်နှင့်တစ်တောင် အကွာအဝေးနှင့် အရွယ်အစားတူညီသည့် တောင်ပူစာငယ် ၈၈ လုံးဖြင့်လည်း ဝန်းရံထားသည်။[၁]
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ချင်းတောင်တန်းပေါ်မှ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြင့် ဒေသအကျိုးပြုနိုင်မည့် ကျောက်ပန်းတောင်းတောင်။ Myanmar Digital News (၃ မတ် ၂၀၁၈)။ ၁၄ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ပြည်သူ့လွှတ်တော် မေးခွန်း။ ၁၄ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ မောင်မော်ကွန်း(ပလက်ဝ) (၂၆ ဖေဖော်ဝါရီ ၂၀၁၈)။ ချင်းပြည်နယ်၊ပလက်ဝမြို့တည်နှစ်(၁၄၀)ပြည့်အထိမ်းအမှတ် ပလက်ဝမြို့ သမိုင်းအကျဉ်း။ ချင်းဝေါလ်။ BNI Multimedia Group။ 29 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ ဦးထာလုံ၊ ဦးတိန်ယာ ခေါင်စိုသမိုင်း (၂၀၀၆)