ကော့ဆိုင်း မီးရထား သည် ရန်ကုန်မြို့မန္တလေးမြို့ နှင့် တောင်ကြီးမြို့တို့ကို ပြေးဆွဲခဲ့သော ပုဂ္ဂလိကမီးရထားလိုင်း တစ်ခုဖြစ်သည်။ ၁၉၉၇ခုနှစ်မှစပြီး မြန်မာ့မီးရထားနှင့် အကျိုးတူ ပူးပေါင်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၉၇ခုနှစ် နောက်ပိုင်း ရန်ကုန်-မန္တလေး နှင့် ရန်ကုန်-တောင်ကြီး ခရီးစဉ်များဖြင့် စတင်ခဲ့ပြီး အမှတ်(၁၅/၁၆) အစုန်အဆန် အထူးအမြန်ရထား (SE) ရထားတွဲ၏ နောက်ဆုံးမှ အထက်တန်းတွဲနှင့် အထူးအထက်တန်းတွဲ တွဲဆိုင်း(၂)တွဲချိတ်ဆွဲ ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။ ရထားတွဲဆိုင်းများမှာ လေအေးပေးစနစ်ပါဝင်သော တွဲဆိုင်းများဖြစ်ပြီး မနက်စာ ၊ ညစာ အကျွေးအမွေးများနှင့်တကွ ဝန်ဆောင်မှု ပေးခဲ့သည်။ ရန်ကုန်မှမန္တလေးကို ရထားဖြင့် ပြေးဆွဲပြီး ရန်ကုန်-တောင်ကြီး ခရီးစဉ်စီးနင်သူများအနေဖြင့် သာစည်ဘူတာမှ တစ်ဆင့် ကားဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ရပ်ဆိုင်း ပြင်ဆင်ရန်

နှစ်နှစ်ကြာ ဝန်ဆောင်မှုပေးပြီးနောက် ၁၉၉၉ခုနှစ်တွင် လုပ်ငန်းအရှုံးပေါ်၍ စိုင်အောင်မိန်း မီးရထားအား လက်လွှဲရောင်းချကာ ၎င်းမှာ ၁၉၉၉ခုနှစ်ကုန်အထိ လုပ်ကိုင်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်