ဒဂုံမန်း မီးရထား
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဒဂုံမန်း မီးရထား သည် ရန်ကုန်မြို့ မှ မန္တလေးမြို့ သို့ အစုန်အဆန်ပြေးဆွဲခဲ့သော ပုဂ္ဂလိမီးရထားလိုင်း တစ်ခုဖြစ်သည်။ ၁၉၉၀ခုနှစ်နောက်ပိုင်း မှစတင်ပြီး မြန်မာ့မီးရထား နှင့် အကျိုးတူလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ရွှေမန်းမေမီးရထားမှ ဂျပန်စစ်လျော်ကြေး မှ ရရှိသော ရထားတွဲအဟောင်းများကို မြန်မာ့မီးရထားထံမှ ငှားရမ်းကာ ကုမ္ပဏီဘက်မှ အကုန်ကျခံ ပြန်လည်ပြုပြင်ပြီး ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်အဖြစ် ပြေးဆွဲခဲ့သည်။ ရထားတွဲများမှာ တီဗီ၊ ရေခဲသေတ္တာနှင့် အထူးတွဲများတွင် လေအေးပေးစနစ်များ ပါဝင်လာခဲ့ပြီး နောက်ပိုင်း ၁၉၉၄ခုနှစ်တွင် အမှတ်(၁၇) အဆန် အမြန်ရထား အဖြစ် ပြောင်းလဲ ပြေးဆွဲခဲ့သည်။ ထိုစဉ်က အထက်တန်းတွဲ ၊ အထက်တန်းအိပ်စင်တွဲ နှင့် စားသောက်တွဲများသာ ပါဝင်ကာ လမ်းဘူတာအဖြစ် တောင်ငူ၊ ပျဥ်းမနားနှင့် သာစည်တွင်ရပ်တန့်ပြီး ပြေးဆွဲကြာချိန် (၁၂)နာရီဖြင့် ပြေးဆွဲနိုင်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်ဤ မြန်မာနိုင်ငံရှိ သယ်ယူပို့ဆောင်ရေး ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |