ကော့တောင်ကျွန်းသည် ထိုင်းနိုင်ငံပိုင် ကျွန်းတကျွန်းဖြစ်ပြီး ချွမ်ဖိုကျွန်းစု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုင်းပင်လယ်ကွေ့၏ အနောက်ဘက်တွင် တည်ရှိသည်။ ကျွန်းအကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၂၁ကီလိုမီတာ ရှိသည်။ ဆူရတ်ဌာနီပြည်နယ် အမ်းဖိုးကော့ပငန်း၏ ခရိုင်ခွဲဖြစ်သည်။ ၂၀၀၆ခုနှစ် စစ်တမ်းများအရ လူဦးရေ ၁၃၈၂ ဦးခန့် နေထိုင်သည်။ အဓိက လူနေထိုင်ရာဒေသမှာ ဘန်းမဲဟတ် ဖြစ်သည်။[ကိုးကားချက်လိုသည်]

ကော့တောင် (Ko Tao)
เกาะเต่า
Subdistrict
Shark Bay, on the island's south side
Shark Bay, on the island's south side
ကော့တောင် (Ko Tao) သည် ထိုင်းနိုင်ငံ တွင် တည်ရှိသည်
ကော့တောင် (Ko Tao)
ကော့တောင် (Ko Tao)
ကိုဩဒိနိတ်: 10°5′24″N 99°50′17″E / 10.09000°N 99.83806°E / 10.09000; 99.83806
နိုင်ငံထိုင်းနိုင်ငံ
ပြည်နယ်ဆူရတ်ဌာနီ
ခရိုင်ကော့ပငန်း
ဧရိယာ
 • စုစုပေါင်း၂၁ စတုရန်းကီလိုမီတာ (၈ စတုရန်းမိုင်)
လူဦးရေ
 • စုစုပေါင်း၁,၃၈၂
အချိန်ဇုန်ICT (UTC+7)

၂၀၀၈ ခုနှစ်မှစ၍ သံသယဖြစ်ဖွယ် သို့ မဟုတ် မှုခင်းဆိုင်ရာ အခြေအနေများအောက်တွင် သေဆုံးခဲ့ရသော ခရီးသွား ဧည့်သည် အနည်းဆုံး ၁၀ ဦးခန့်အား တွေ့ရှိခဲ့ရပြီးနောက်ပိုင်း ဤကျွန်းအမည်ကို "သေမင်းကျွန်း"ဟု မီဒီယာများက ဖော်ပြကြသည်။[].

ဤကျွန်း၏အဓိက စီးပွားရေးမှာ ခရီးသွားလုပ်ငန်းဖြစ်ပြီး အထူးသဖြင့် ရေအောက်အဏ္ဏဝါလေ့လာရေးလုပ်ငန်း (Scuba diving) ဖြင့် ထင်ရှားသည်။

ပထဝီအနေအထား

ပြင်ဆင်ရန်

ကနဦးတွင် ဤကျွန်း၌ မည်သူမျှမနေထိုင်ချေ။ ကျွန်းပတ်ဝန်းကျင်ဒေသများမှ ငါးဖမ်းသမားနှင့် လှေများသာ မုန်တိုင်းခိုရန် လာရောက်နေထိုင်ကြသည်။ အနောက်တိုင်း မြေပုံဆွဲသူများနှင့် ရေကြောင်းခရီးသွားများ၏ ရှေးဟောင်းမြေပုံများတွင် ပူလို ဘာဒီယာ ကျွန်းအဖြစ် ရေးသားဖော်ပြထားပြီး မလအို-ပိုလီနီးရှားလူမျိုးများ ပထဦးစွာအခြေချနေထိုင်ကြောင်း ညွှန်းဆိုထားသည်။ မြေပုံဟောင်းများအရတောင်ဘက် - မြောက်ဘက်နှင့်မလေးကျွန်းဆွယ်၏အရှေ့ဘက်ကမ်းရိုးတန်းတွင်တည်ရှိပြီးကျွန်းသုံးကျွန်းရှိသည်။ ဤကျွန်းများထဲမှ မြောက်ဘက်အကျဆုံး နှင့်အသေးငယ်ဆုံးနေရာမှာ P. Bardia ဖြစ်ပြီး ဤအမည်အား၁၉၀၀ ပြည့်နှစ်များအစောပိုင်းအထိအသုံးပြုခဲ့သည်။ အကောင်းဆုံးမြေပုံသာဓကမှာ ၁၇၀၁ ရက်စွဲပါ John Thornton ၏ တတိယမြောက်စာအုပ် "အင်္ဂလိပ်လေယာဉ်မှူး" တွင် ဖော်ပြထားသော်လည်း စယမ်းပင်လယ်ကွေ့မြေပုံသည် ၁၆၇၇ ခုနှစ်ဝန်းကျင်ကတည်းက ရှိနေပြီးဖြစ်သည်။ ဝီလျံ ဒမ်ပီယာ၏ အရှေ့အင်ဒီးစ်မြေပုံများ(၁၆၉၇ခုနှစ်) တွင်လည်းကြည့်ရှုနိုင်ပါသေးသည်။ မျက်မှောက်ခေတ် တိကျမှန်ကန်မှုစံသတ်မှတ်ချက်အရ ထိုကျွန်းများကို အစောပိုင်းမြေပုံများတွင်တိကျစွာနေရာချထားခြင်းမရှိပါ။ ၁၇ ရာစုရေကြောင်းသွားလာမှုနှင့်မြေပုံရေးဆွဲမှုသည် ဤဒေသအတွင် လောင်ဂျီကျု ၁ ဒီဂရီ သို့ ရေမိုင် ၆၀ ခန့် တိကျသည့် Backstaff ကိရိယာ အသုံးပြု ရေးဆွဲခဲ့ကြသည်။ ၁၈၂၇ ခုနှစ်တွင်ထုတ်ဝေခဲ့သော (Edinburgh Gazetteer) သို့မဟုတ် ပထဝီဆိုင်ရာအဘိဓာန်စာအုပ်သည် ဤကျွန်းကိုဖော်ပြပြီး ပထဝီအနေအထားကိုဖော်ပြသည်။ Narrative of a Residence in Siam စာအုပ်တွင် ဘာဒီယာကျွန်းတွင် လူနှင့် တောရိုင်းတိရစ္ဆာန်များ အကြောင်းဖော်ပြထားသည်။ မှတ်တမ်း၏အဆိုအရ ကျွန်း၏အနောက်ဘက်ခြမ်း ပင်လယ်အော်ရှိ ရွာတစ်ရွာတွင်လယ်ယာမြေများနှင့်နွားများပင်ရှိသည်ဟူ၏။ ဤစာအုပ်တွင် ဘာဒီယာ ကျွန်း၏ တဲများနှင့်အုန်းပင်များကိုဖော်ပြသော ရုပ်ပုံများပါရှိသည်။ ၁၈၀၁ ခုနှစ်တွင် ဂျိုးဇက်ဟတ်ဒတ်က ကျွန်းများကိုသွားလာရန်ဤလမ်းညွှန်များကိုထည့်သွင်းခဲ့သည်။ အနောက်မြောက်တွင် ပူလိုကာနွန်နှင့် အမြင့်တူသည့် ကျွန်းနှစ်ရှိသည်။ ပထမကျွန်းအား စန်ကိုရီ ဟုခေါ်ပြီး ၇ လိဂ်(၃မိုင်) ဒုတိယကျွန်းအား ဘာဒါ သို့မဟုတ် ဘာဒီယာ ဟုခေါ်၍ စန်ကိုရီမှ ၇ လိဂ်ခွဲ ခန့်တွင် ရှိသည်ဟူ၏။ (၁ လိဂ် သည် ခန့်မှန်းချေ ရေမိုင် ၃ မိုင် သို့ ၅.၅ကီလိုမီတာ ရှိသည်) []

၁၈၉၉ ခုနှစ်ဇွန်လ ၁၈ ရက်နေ့တွင်ဘုရင် ချူလာလောင်ကွန်း သည် ကော့တောင်ကျွန်း သို့သွားရောက်ခဲ့ပြီး စိုင်လီ (Sairee) ကမ်းခြေအနီး ဂျော်ပေါလော်အော် ရှိ ကျောက်တုံးကြီးပေါ်တွင်သူ၏ ဘုရင့်တံဆိပ်တော် monogram ကိုသက်သေအဖြစ် ချန်ထားခဲ့သည်။ ယနေ့ခေတ်ထိ ဤနေရာအား လာရောက်ဖူးမြော်သူများရှိသည်။

၁၉၃၃ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများအား ဤကျွန်းတွင်ထားရှိသည်။ ၁၉၄၇ ခုနှစ် ခွန်အဖိုင်ဝေါင် အမည်ရှိ ဝန်ကြီးချုပ်သည် ကျွန်းရှိ အကျဉ်းသားအားလုံးအား တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ လွတ်မြောက်စေခဲ့သည်။ ထိုအကျဉ်သားအားလုံးကို ဆူရတ်ဌာနီပြည်နယ်သို့ ခေါ်ဆောင်ခဲ့ပြီး ကော့တောင်ကျွန်းသည်လည်း နောက်တကြိမ် စွန့်ပစ်ခြင်းခံခဲ့ရသည်။

၁၉၈၀ ခုနှစ်တွင် နိုင်ငံရပ်ခြား ခရီးသွားများလာရောက်လည်ပတ်ရာမှ ခရီးသွားဒေသအဖြစ်လျှင်မြန်စွာတိုးတက်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များအတွင်းတွင် ရေအောက်အဏ္ဏဝါလေ့လာစရာနေရာအဖြစ် ထင်ရှားလာခဲ့သည်။ [][]

 
ထိုင်းပင်လယ်ကွေ့ရှိ ကော့တောင်ကျွန်း

သဘာဝပတ်ဝန်းကျင်

ပြင်ဆင်ရန်

ဤကျွန်းသည် လိပ်စွန်နှင့် ပင်လယ်လိပ်စိမ်းများ၏ အဓိကကျက်စားရာနေရာဖြစ်သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုသည် ထိုစားကျက်များ၏ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေခဲ့သည်။ သို့သော် ၂၀၀၄ ခုနှစ်တွင် ထိုင်းတော်ဝင်ရေတပ်နှင့် ဒေသခံရေအောက်လေ့လာရေးစင်တာများ၏ညွန့်ပေါင်း KT-DOC တို့မှစီစဉ်သောမွေးမြူရေးအစီအစဉ်သည် ကျွန်း၏ဂေဟစနစ်သို့ ရာနှင့်ချီသောလိပ်သားပေါက်များ ပြန်လည်ထည့်သွင်းပေးခဲ့သည်။

Chumpon Pinnacle သည်ကျွန်း၏အနောက်ဘက်တွင်ရှိသောရေငုပ်သည့်နေရာတစ်ခုဖြစ်ပြီး ရေငုပ်သူများအတွက် ဝေလငါးမန်းနှင့် ကျွဲငါးမန်း(Bull Shark)များအားတွေရှိသည့် နေရာအဖြစ် ထင်ရှားသည်။ သို့သော်ပြီးခဲ့သည့်နှစ်ကပိုမိုပူနွေးသောရေအပူချိန်ကြောင့် ကျွဲငါးမန်းအမြောက်အမြားသည် ရေအေးရာဒေသများသို့ပြောင်းရွှေ့သွားခဲ့ကြသည်။ ဤကျွန်းပတ်ဝန်းကျင်တွင် သန္တာကျောက်တန်းမျိုးစိတ် ၁၃၀ ကျော်နှင့် ကျောက်ငါးမျိုးစု ၅၃ စုမှ သန္တာကျောက်တန်းငါးမျိုးစိတ် ၂၂၃ ခု ကျက်စားနေထိုင်လျက်ရှိသည်။ ရေအောက်အဏ္ဏဝါလေ့လာရေးအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဒေသခံများအား ပညာပေးလုပ်ငန်းများလုပ်ဆောင်နိုင်ခဲ့ရာ နှစ်အနည်းငယ်အတွင်း ရေအောက်အဏ္ဏဝါလေ့လာရေး အနေအခြေများ သိသိသာသာတိုးတက်ခဲ့သည်။ အယ်နီညိုရာသီဥတုအခြေအနေကြောင့်ရေပူနွေးလာသဖြင့် ကျွန်းအနီးရှိ ရေတိမ်ပိုင်းသန္တာကျောက်တန်းများစွာဆုံးရှုံးခဲ့သည်။ ထိုအချိန်ကတည်းက လျင်မြန်စွာ ပြန်လည်နာလန်ထူနိုင်ရန်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ ယခုအချိန်တွင် ကော့တောင်သည် ထိုင်းပင်လယ်ကွေ့၏ အကောင်းဆုံးသော ရေအောက်အဏ္ဏဝါလေ့လာရေးအချို့အတွက် အကောင်းဆုံးနေရာဖြစ်သည်။ ကျွန်းထိန်းသိမ်းရေးအဖွဲ့ Save Koh Tao ၏အကူအညီဖြင့်ကျွန်း၏ပတ်ဝန်းကျင်ဆိုင်ရာအလားအလာများတိုးတက်လာခဲ့သည်။

ကမ္ဘာ့လူကြိုက်အများဆုံးရေငုပ်သည့်နေရာတစ်ခုအနေဖြင့်သည့်အလျောက် ရေအောက်လေ့လာရေးလုပ်ငန်းများ၏ ဆိုးကျိုးများသည် ကော့တောင် ကျွန်းပတ်ဝန်းကျင်ရှိ သန္တာကျောက်တန်းများရှင်သန်ရေးအပေါ်ဆိုးကျိုးသက်ရောက်လာနိုင်သည့်အတွက် ပိုမိုသထိထားကိုင်တွယ်နေရသည်။ သဘာဝအကြောင်းအချက်များနှင့် ပတ်ဝန်းကျင်အား အလွန်အကျွံအသုံးပြုခြင်းတို့ကြောင့် ဒရူပီလာ ခရုများနှင့် ပခြုပ်ကောင်များ အကောင်ရေတိုးတက်များပြားလာခြင်းကို မကြာမီနှစ်များအတွင်း တွေ့ရှိခဲ့ရသည်။ ၂၀၁၂ခုနှစ် ကျွန်းအတွက်အဏ္ဏဝါဇုန်ခွဲခြားသတ်မှတ်ခြင်းနှင့်စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲခဲ့ပြီးနောက်ပိုင်းတွင် ဒေသဆိုင်ရာဥပဒေဖြစ်လာခဲ့သည်။ သို့သော်စီမံခန့်ခွဲမှုတိုးမြှင့်ခြင်း၏အပြုသဘောဆောင်သောအကျိုးသက်ရောက်မှုများကိုအကောင်အထည်ဖော်ရန်မရှိသေးပါ။[]

 
ဝပ်ကော့တောင် ကျောင်း

ကျွန်းပေါ်ရှိခရီးသွားလုပ်ငန်းနှင့်ဖွံ့ဖြိုးတိုးတက်မှုမှာလွန်ခဲ့သောဆယ်စုနှစ်များစွာကတဖြည်းဖြည်းတိုးတက်များပြားလာခဲ့သော်လည်း အများပြည်သူဆိုင်ရာအခြေခံအဆောက်အအုံများမှာအလွန်နောက်ကျကျန်ရစ်ခဲ့သည်။ လျှပ်စစ်မီးနှင့်ရေချိုရှားပါမှုသည် ပုံမှန်အခြေအနေဖြစ်ပြီး လုံလောက်သည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလည်းမရှိချေ။ ဤကျွန်းပေါ်တွင် နှစ်စဉ် အစိုင်အခဲနှင့် အရည် စွန့်ပစ္စည်း တန်ချိန် ၄၂၀၀၀ ခနန့် ထုတ်လုပ်သည်၊ ရလဒ်အနေဖြင့် စွန့်ပစ်အမှိုက်တန်ချိန် ၄၅၀၀၀ခန့်ရှိသည့် အမှိုက်တောင်ကြီးများအဖြစ် ရှိနေပြီး စွန့်ပစ်ပစ္စည်းစက်ရုံများမှာလည်း အလုပ်မလုပ်သည့်အနေအထားတွင် ရှိနေသည်။

 
စိုင်ရီး ကမ်းခြေ
 
အပြာရောင် အစက်အပြောက်များပါသည့် ငါးလိပ်ကျောက်

ခရီးသွားလုပ်ငန်း

ပြင်ဆင်ရန်

ထိုင်းနိုင်ငံ၏ ခရီးသွားအခန်းကဏ္ဍတွင် ကော့တောင်ကျွန်းသည် အထင်ကရနေရာတစ်ခုဖြစ်သည်။ ဘန်ကောက်ပို့စ် သတင်းစာက ဤကျွန်းသည် တစ်နှစ်လျှင် ခရီးသွား ၃သန်းမှ ၁၃၂၀၀၀ ခန့် လက်ခံရရှိသည်ဟု အတိအကျ မဆုံးဖြတ်နိုင်သည် ဖြစ်စေကာမူ ခရီးသွားဧည့်သည် အမြောက်အမြား လက်ခံရရှိသည်မှာ မုချအမှန်ဖြစ်သည်။

ကျွန်း၏ ရေအောက်အဏ္ဏဝါလေ့လာရေး(Scuba Diving) နှင့် ရေပေါ်မျော လေ့လာရေးများ(Snorkeling) ၊ တောင်တက်ခရီးများကြောင့် လူသိမျာထင်ရှားသည်။ ကမ္ဘာလှည့်ခရီးသည်များအတွက်အကျော်ကြားဆုံးနေရာမှာ ၁.၇ ကီလိုမီတာရှိသောအဖြူရောင်သဲသောင်ပြင်ရှိသည့် အနောက်ဘက်ကမ်းရိုးတန်းရှိ စိုင်ရီးကမ်းခြေ (Sairee) ဖြစ်သည်။ ကျောက်တုံးကြီးများနှင့်အလယ်အလတ်ဘတ်ဂျက်အပန်းဖြေစခန်းများနှင့် စားသောက်ဆိုင်များပြန့်ကျဲစွာတည်ရှိသည်။ ကျွန်း၏တောင်ဘက်ရှိ ချလောက် ဘန်း​ခေါင် သည် လူစုလူဝေးများမှ ဝေး၍ တိတ်ဆိတ်စွာနေချင်သူများအကြိုက် ရွေးချယ်စရာနေရာတစ်ခုအဖြစ် လူကြိုက်များလာသည်။ သစ်တောများအတွင်းနှင့် ကမ်းခြေများပေါ်တွင်တည်ရှိနေကြသည့် နှမ်းဖတ်ကျောက်တောင်ကျောက်တုံးကြီးများသည် တောင်တက်သမားများစွာကို ဆွဲဆောင်နေသည်။ ကော့တောင်တွင် ရေအောင်အဏ္ဏဝါ စူးစမ်းလေ့လာစရာ နေရာ ၂၅ ခုကျော်ရှိသည်။

ကော့တောင်ကျွန်းသည် ကော့စမွီနှင့် ကော့ပငန်းကျွန်းတို့ထက် ဖွံ့ဖြိုးမှုအား နည်းသော်လည်း ဈေးအတော်အတန်သင့်သည့် စကူးဘားဒိုက်ဘီး (ရေအောက်အဏ္ဏဝါလေ့လာရေးသင်တန်း) သင်တန်းလက်မှတ်လိုသည့်အထူးသဖြင့်အသက်၂၀ကျော်ပတ်ဝန်းကျင် ကျောပိုးအိတ်ဆွဲခရီးသွားများ(Backpacker) အတွက် အထူးရေပန်းစားလှသည်။ လွန်ခဲ့သော (၂) နှစ်တာကာလအတွင်းကျွန်း၏လူ ဦး ရေစာရင်းအရအသက်အရွယ်ကြီးလာသည်ကိုတွေ့ရသည်။ လွန်ခဲ့သော (၁၀)နှစ်ကျော်က ကျွန်းသို့ပထမဆုံးအကြိမ်လာရောက်လည်ပတ်သူများစွာသည် ယခုအခါ ၎င်းတို့၏မိသားစုများနှင့်အတူပြန်လည် လာရောက်လည်ပတ်တတ်ကြသည်။

သို့သော်လည်း ၂၀၀၁၄ခုနှစ်မှစ၍ လူသတ်မှုနှင့် မိမိကိုယ်မိမိ သတ်သေမှုများပါဝင်သည့် ခရီးသွားများသေဆုံးမှု ဖြစ်စဉ်များကြောင့် အချို့က ကော့တောင်ကျွန်းသို့ သွားရောက်လည်ပတ်ခြင်းကို ရှောင်ရှားရန်အကြံပေးလာကြသည်။

ဤကျွန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားလူထုအား ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် မြန်မာအလုပ်သမား ၃၀၀၀ မှ ၅၀၀၀ ခန့်အား ခန့်အပ်ထားသည်။ ထိုကျွန်းတွင် နေထိုင်သည့် ထိုင်းမိသားစုအများစုသည် ရေအောက်ငုပ်ခြင်းသင်တန်းကျောင်းများ၊ အပန်းဖြေစခန်းများနှင့် ဘားများ ပိုင်ဆိုင်ကြသည်။ []

ခရီးသွားလာရေး

ပြင်ဆင်ရန်

ခရီးသွားယာဉ်အဖြစ် မော်တော်ဆိုင်ကယ်ကို အဓိကအသုံးပြုကြသည်။ မည်သို့ပင်ဆိုစေ ခရီးသွားများရှိသည့် အဓိကနေရာများတွင် ထိခိုက်မှုများ ဖြစ်စေသည့် မော်တော်ဆိုင်ကယ်အား တာဝန်ယူမှုအပြည့်နှင့် မောင်းနှင်ရန်လည်း ဆော်အော်ထားကြသည်။

 
မင်းလမ်းကြီး၊ ကော့တောင်

ကူးတို့လှေ

ပြင်ဆင်ရန်

ကူးတို့လှေ ကုမ္ပဏီများမှာ လုံပရာရ(Lomprayah)၊ စီးထရန်(Seatran) နှင့် ဆောင်ဆမ်(Songserm) ကုမ္ပဏီတို့ ဖြစ်ကြပြီး ကော့တောင်မှ

  • ဆူရတ်ဌာနီ သို့ (နေ့အချိန်တွင် ၄နာရီခန့်၊ ညအချိန်တွင် ၉ နာရီခန့်ကြာမြင့်)
  • ချွန်ဖို (နေ့အချိန် တွင် ၁.၅-၃ နာရီခန့်၊ ညအချိန်တွင် ၇ နာရီခန့် ကြာမြင့်)
  • ကော့စမွီ သို့ (ခန့်မှန်းချေ ၂.၅ နာရီခန့်ကြာမြင့်)
  • ကော့ပငန်း သို့ (ခန့်မှန်းချေ ၁.၅-၂နာရီခန့်ကြာမြင့်) စသည်ဖြင့် အသီးသီးပို့ဆောင်ပေးသည်။

ကူးတို့လှေအားလုံးသည် ဘန်မဲ့ဟတ်တွင် ဆိုက်ကပ်သည်။ ခရီးချိန်မှာ ကူးတို့လှေကုမ္ပဏီက အသုံးပြုသည့် လှေအမျိုးအစားပေါ်တွင် မူတည်၍ ကြာမြင့်ချိန် ကွာသည်။

 
ရေအောက်အဏ္ဏဝါလေ့လာရေး အခြေစိုက်နေရာပြ မြေပုံ

လေကြောင်း

ပြင်ဆင်ရန်

ကော့တောင်ကျွန်းတွင် လေဆိပ်မရှိချေ၊ သို့သော် မြန်နှုန်းမြင့် ကတ္တမာရန် (Catamaran ဆိုသည်မှာ လှေငယ်နှစ်စင်း၏ တဖက်တချက်စီအား အလယ်ကိုယ်ထည်နှင့် ချိတ်ဆက်ထားသည် လှေအမျိုးအစား) နှင့် ကူးတို့လှေ ကုမ္ပဏီများချိတ်ဆက်ထားသည့် လေဆိပ် ၃ခုတွင် သွားရောက်စီးနင်းနိုင်သည်။

လေဆိပ်များမှာ

  • ချွန်ဖို လေဆိပ် (CJM)
  • ကော့စမွီလေဆိပ် (USM)
  • ဆူရတ်ဌာနီလေဆိပ် (URT) တို့ဖြစ်ကြသည်။

ချွန်ဖိုသို့ ကူးတို့လှေဖြင့် သွားရောက်ပြီး ထိုမှတဆင့် မီးရထား စီးနှင်နိုင်သည်။


  1. Mail၊ Pattaya (2020-06-16)။ Whale Shark spotted at Koh Tao, island in the Gulf of Thailand (in en-US)။ 2020-10-02 တွင် ပြန်စစ်ပြီး။
  2. The English Pilot, the Third Book။ 3 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 October 2020 တွင် ပြန်စစ်ပြီး။
  3. The Edinburgh Gazetteer, or Geographical Dictionary:...။ London: Longman, Rees, Orme, Brown, and Green။ 1827။ p. 3832015-01-04 တွင် ပြန်စစ်ပြီး
  4. Neale၊ Frederick Arthur (1852)။ Narrative of a Residence in Siam.။ London: Office of the National Illustrated Library။ p. 120။
  5. Lamb, Joleah (2014). "Scuba diving damage and intensity of tourist activities increases coral disease prevalence". Biological Conservation 178: 88–96. doi:10.1016/j.biocon.2014.06.027. 
  6. Campbell, Charlie (17 July 2015). "This Septic Isle: Backpackers, Bloodshed and the Secretive World of Koh Tao". Time. Retrieved 8 October 2017.