မြလေးစိန်

အားကစားသမားနှင့် ဒုတိယဝန်ကြီး​

ဒေါက်တာမြလေးစိန် သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ၏ ကြက်တောင်ရိုက်အားကစားသမား တစ်ဦး ဖြစ်သည်။[၁] သူမ၏ ပညာရပ်များနှင့် ကြိုးပမ်းမှုများကြောင့် ကမ္ဘာ့အားကစားလောကတွင် ထင်ရှားသူ ဖြစ်သည်။ အာရှကြက်တောင်ကောင်စီ၏ women in badminton ကော်မတီ၏ ဒုဥက္ကဋ္ဌလည်းဖြစ်သည်။


ဒေါက်တာမြလေးစိန်
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၂ ဇူလိုင် ၂၀၁၈ – ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးဝင်းမြင့်
ဝန်ကြီးဒေါက်တာမြင့်ထွေး
ယခင်လူဦးသောင်းထိုက်
ဆက်ခံသူမျိုးလှိုင်
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
မိခင်ကျောင်းဆေးတက္ကသိုလ် (၁) ရန်ကုန်
နယူးဆောက်ဝေးတက္ကသိုလ်
အလုပ်အကိုင်အားကစားဆရာဝန်
ဒုဝန်ကြီး

ပညာ​ရေး ပြင်ဆင်ရန်

သူမသည် ငယ်စဉ်ကပင် မြန်မာနိုင်ငံအားကစားကဏ္ဍတွင် ပါဝင်ခဲ့ပြီး ၁၉၈၂ ခုနှစ်၌ ရန်ကုန်ဆေးတက္ကသိုလ် ၁ မှ M.B.B.S ဘွဲ့ရရှိခဲ့သည်။ ထိုစဉ်ကတည်းက အားကစားဆေးပညာနယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့သည်။ စင်ကာပူအားကစားကောင်စီမှ Postgraduate Training Sports Medicine၊ နယူးဆောက်ဝေးတက္ကသိုလ်မှ MSpMed (Master of Sports Medicine) နှင့် PhD (Sports Medicine & Shoulder) ဘွဲ့များ ရရှိခဲ့သည်။

ဒေါက်တာမြလေးစိန်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိကျောင်းများ၊ စစ်ဆေးတက္ကသိုလ်၊ ပညာရေးဝန်ကြီးဌာနလက်အောက်မှ ဒဂုံနှင့်ရတနာပုံတက္ကသိုလ် စသည့်ကျောင်းများမှ ဘွဲ့ကြိုကျောင်းသားများ၊ ဘွဲ့လွန်ကျောင်းသားများ၊ ဆရာဝန်များကို ပြင်ပပညာရှင်အဖြစ် ပို့ချလျက်ရှိသည်။ ထို့အပြင် ပြည်တွင်းပြည်ပအားကစားအဖွဲ့ချုပ်များကိုပါ အကူအညီပေးလျက်ရှိသည်။[၂]

အားကစားကဏ္ဍ ပြင်ဆင်ရန်

သူမသည် အားကစားနှင့်ပက်သက်လျှင် အမြဲတက်ကြွသူဖြစ်ကာ နိုင်ငံတကာတွင် မြန်မာ့ကိုယ်စားပြုအဖြစ် ၁၅နှစ်တာ ယှဉ်ပြိုင်ခဲ့သည်။ မြန်မာကြက်တောင်အားကစားအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်ခဲ့သည်။ ဒေါက်တာမြသည် ဘောလုံး၊ကြက်တောင်၊အလေးမအားကစားများနှင့် အိုလံပစ်ပြိုင်ပွဲတို့တွင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးသည်။၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် ဆေးကော်မတီ၏ ဥက္ကဋ္ဌ၊တားမြစ်ဆေးကော်မတီဥက္ကဋ္ဌ နှင့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆေးဘက်ဆိုင်ရာအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သူမသည် နိုင်ငံတကာ အားကစားလောကတွင် တာဝန်ထမ်းဆောင်ခဲ့သည်သာမက မြန်မာပြည်၏အားကစားတိုးတက်ရေးကိုလည်း ကြိုးပမ်းနေသူလည်းဖြစ်သည်။ အားကစားဝန်ကြီးဌာန အားကစားကျန်းမာ​ရေးဌာနတွင် ညွှန်ကြား​ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။[၃]၂၀၁၆ခုနှစ်နောက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ အားကစားရေးရာ ကျွမ်းကျင်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၄] ဝန်ကြီးဌာန ၂ ခုကို ပူးပေါင်းပြီး အနည်းငယ်လစ်ဟာနေသော အားကစားပိုင်းဆိုင်ရာကို[၅] ဝန်ကြီးကိုယ်စား စွမ်းစွမ်းတမံဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် ဇူလိုင် ၂ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဒုဝန်ကြီးအဖြစ် သမ္မတဦးဝင်းမြင့်က ခန့်အပ်ခဲ့သည်။[၆][၇]မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် တွင်လည်း နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။[၈]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုတွင် ဒုတိယဝန်ကြီးအဖြစ်မှ ရပ်စဲခံခဲ့ရသည်။[၉]

ကိုးကား ပြင်ဆင်ရန်

  1. အောင်မြင်ကျော်ကြား တက္ကသိုလ်အားကစား
  2. Mya Lay Sein- the Vice Minister of Health and Sports of Myanmar
  3. ဒေါက်တာမြလေးစိန်ကို ကျန်းမာရေးနှင့်အားကစား ဒုဝန်ကြီးအဖြစ်ခန့်အပ်ဒီဗွီဘီ သတင်းဌာန
  4. မြန်မာ့အားကစားလောက ယခုထက် ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအဖွဲ့ချုပ်များနှင့် ပွင့်လင်းမြင်သာစွာတွေ့ဆုံညှိနှိုင်းဆွေးနွေးသည့်အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပြောကြားသည့်အဖွင့်မိန့်ခွန်း[လင့်ခ်သေ]
  5. ဝေသူဝေ ကြွေသူကြွေခဲ့သည့် ၂၀၁၇ မြန်မာ့အားကစား။ 28 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2021 တွင် ပြန်စစ်ပြီး။
  6. ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်းMyanmar President office။ 18 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
  7. DR. MYA IN THE DRIVER'S SEAT - SPORTS MEDICINE AND HEALTH
  8. ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော HEALTHY AND HAPPY LIFE IN THE NEW NORMAL ERA PANEL DISCUSSION သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်
  9. ဒုတိယဝန်ကြီး ၂၄ ဦးအား တာဝန်မှရပ်စဲကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်