ကျိုင်းတုံဟော်နန်း သို့မဟုတ် ကျိုင်းတုံဟော် (ရှမ်း: ႁေႃလူင်ၵဵင်းတုင်) သည် ကျိုင်းတုံနယ်ကို အုပ်ချုပ်ခဲ့သော စော်ဘွားများ နေထိုင်ခဲ့ရာအဆောက်အဦး ဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သော် ကျိုင်းတုံဟော်ကို ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်အစိုးရက ဖြိုချခဲ့သည်။[]

ကျိုင်းတုံဟော်
Map
အထွေထွေ အချက်အလက်များ
လိပ်စာကျိုင်းတုံမြို့ရှမ်းပြည်နယ်မြန်မာနိုင်ငံ
ကိုဩဒိနိတ်21°17′28″N 99°36′04″E / 21.291°N 99.601°E / 21.291; 99.601ကိုဩဒိနိတ်: 21°17′28″N 99°36′04″E / 21.291°N 99.601°E / 21.291; 99.601
တည်ဆောက်မှု စတင်၁၉၀၃
ဖျက်ဆီး၁၉၉၁


သမိုင်းကြောင်း

ပြင်ဆင်ရန်

ဟော်နန်းကို ၁၉၀၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၁၉၀၆ ခုနှစ်တွင် ပြီးစီးခဲ့ကာ ဥရောပနှင့် အိန္ဒိယဟန်များ လွှမ်းမိုးထားပြီး ရှမ်းရိုးရာနှင့် မြန်မာ ဗိသုကာပုံစံကို ပေါင်းစပ်တည်ဆောက်ထားသည်။[][][] ၁၉၀၃ ခုနှစ်တွင် ဒေလီ သစ္စာခံပွဲသို့ တက်ရောက်ခဲ့သော စော်ဘွား စဝ်ကွန်ကျောက်အင်းတလျဲန်း က ဟော်နန်း၏ ဒီဇိုင်းကို ပုံထုတ်ခဲ့သည်။[]

ဟော်နန်းကို မြေးဖြစ်သူ စဝ်စိုင်းလုံ က ရှမ်းပြည်နယ်အစိုးရသို့ မလွှဲပြောင်းပေးမီ ၁၉၅၉ ခုနှစ်အထိ ဟော်နန်းတွင် စဝ်ကွန်ကျောက်၏ မိသားစုများ နေထိုင်ခဲ့သည်။[] ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရပြီးနောက် ဟော်နန်းအား အစိုးရရုံအဖြစ် အသုံးပြုခဲ့သည်။[]

မြန်မာ့ခရီးသွားနှစ်အတွက် ကြိုတင်ပြင်ဆင်ရန် အစိုးရက ဒေသခံများ ကန့်ကွက်နေသည့်ကြားမှ ဟော်နန်းအား ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖြိုချခဲ့ပြီး ဟိုတယ်အဖြစ် ဆောက်လုပ်ခဲ့သည်။[][][] ၁၉၉၆ ခုနှစ်တွင် ဟိုတယ်တည်ဆောက်ခြင်း ပြီးစီးခဲ့သည်။[] ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအရ ဟိုတယ်အား ဦးအောင်မျိုးမင်းဒင်က ပိုင်ဆိုင်သည်။[]

၂၀၁၇ ခုနှစ်တွင် ဒေသခံများက ဟော်နန်းပုံစံတူ ပြန်လည်ဆောက်လုပ်နိုင်ရန် ရည်ရွယ်၍ ဟော်နန်း ပြန်လည်ရရှိရေး ကော်မတီ ကို ဖွဲ့စည်းခဲ့သည်။[] ၂၀၁၉ ခုနှစ်တွင် ကော်မတီက ဟော်နန်းမြေအား ဒေသခံများအား ပြန်လည်ပေးရန် အစိုးရထံ တောင်းဆိုခဲ့သည်။[][]

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျိုင်တုံမြို့၊ နောင်တုံကန်အနီး မြေနေရာတွင် ဟော်နန်းပုံတူအား ပြန်လည်ဆောက်လုပ်ပေးမည်ဟု ကြေညာခဲ့သည်။[] ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် စတင်ခဲ့သည်။[]

  1. ၁.၀ ၁.၁ ၁.၂ Shan Community to Demand Return of Kengtung Palace Site (in en) (2019-08-08)။ 2023-12-27 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Forbidden Glimpses of Shan State (November 2009)။ 26 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 February 2024 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Withaya Huanok (2007-07-04)။ Kengtung: From minarets to muddy concrete (in en)။ 2023-12-27 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Lawi Weng။ "Shan Heritage Group to Petition Myanmar President for Return of Palace Land"၊ The Irrawaddy၊ 2019-08-07။ 
  5. ၅.၀ ၅.၁ ၅.၂ Curwen၊ Pippa (2020-02-29)။ Rejection of Kengtung Palace land appeal shows callous disregard for ethnic rights (in en)။ 2023-12-27 တွင် ပြန်စစ်ပြီး။
  6. Tindall၊ Jay (2013-04-16)။ Myanmar’s Kengtung: A Mecca Of Tribal Diversity (in en-US)။ 2023-12-27 တွင် ပြန်စစ်ပြီး။
  7. "Myanmar Junta Chief Hands Golden Triangle Resorts to Associates"၊ The Irrawaddy၊ 2022-02-28။ 
  8. ၈.၀ ၈.၁ Construction of Shan Palace in Keng Tung, overseen by Military Council, reaches 60% completion (in en-US) (2023-03-21)။ 2023-12-27 တွင် ပြန်စစ်ပြီး။