ကျိုတို မျှော်စင်
ကျိုတို မျှော်စင် (京都タワー Kyōto-tawā ) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် လေ့လာမှုဆိုင်ရာ မျှော်စင် တစ်ခုဖြစ်သည်။ အမြင့်ပေ သုံးရာနှစ်ဆယ့်ရှစ်တွင် လေ့လာမှုဆိုင်ရာ ကုန်းပတ်ရှိပြီး မိုးချွန်အမြင့်သည် ပေ လေးရာ့သုံးဆယ်ဖြစ်ကာ ကျိုတိုမြို့ရှိ အရှည်ဆုံး သံမဏိ မျှော်စင်ဖြစ်သည်။[၂] ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်တစ်လုံးနှင့် ဈေးဆိုင်များပါဝင်သည့် ကိုးထပ် အဆောက်အဦးပေါ်တွင် တန်ချိန် ရှစ်ရာရှိသည့် ၎င်းမျှော်စင်တည်ရှိသည်။ အဆောက်အဦတစ်ခုလုံးသည် ကျိုတို ဘူတာ၏ ဆန့်ကျင်ဘက်တွင်ရှိသည်။[၃]
ကျိုတို မျှော်စင် | |
---|---|
京都タワー | |
အထွေထွေ အချက်အလက်များ | |
အမျိုးအစား | လေ့လာမှုဆိုင်ရာ မျှော်စင် |
တည်နေရာ | 721-1 Karasuma-dori Higashi Shiokoji-cho Shimogyō-ku, ကျိုတိုမြို့ 600-8216 |
ကိုဩဒိနိတ် | 34°59′15″N 135°45′33″E / 34.98750°N 135.75917°Eကိုဩဒိနိတ်: 34°59′15″N 135°45′33″E / 34.98750°N 135.75917°E |
တည်ဆောက်မှု စတင် | ၁၉၆၃ |
ပြီးစီး | ၁၉၆၄ |
ဖွင့်လှစ် | ၂၈ ဒီဇင်ဘာ၊ ၁၉၆၄ |
ကုန်ကျငွေ | ¥သန်း ၃၈၀ (၁၉၆၃ တွင် ဒေါ်လာ ၁.၀၅၆ သန်း)[၁] |
အမြင့် | |
ကောင်းကင်တိုင် ခေါင်ချွန်း | ၁၃၁ မီတာ (၄၃၀ ပေ) |
ဒီဇိုင်းနှင့် တည်ဆောက်မှု | |
ဗိသုကာပညာရှင် | Mamoru Yamada ယာမာဒါ မာမိုရု |
အဆောက်အအုံ အင်ဂျင်နီယာ | Makoto Tanahashi တနဟရှိ မခိုတို |
သမိုင်းကြောင်း
ပြင်ဆင်ရန်ကျိုတို မျှော်စင်အား ၁၉၆၀ ပြည့်လွန် နှစ်များ အစောပိုင်းကတည်းက တည်ဆောက်ရန် ရည်ရွယ်ထားကာ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် ၁၉၆၄ ခုနှစ် နွေရာသီ အိုလံပစ်နှင့်တူ အချိန်မှီ တည်ဆောက် ပြီးစီးရန် စီစဉ်ခဲ့သည်။[၂] ၁၉၆၃ခုနှစ် တွင် ကျိုတိုမြို့၏ ဗဟိုစာတိုက်ဟောင်း တည်ရှိရာ နေရာတွင် စတင်ခဲ့ပြီး ၁၉၆၄ နှစ်အကုန်ပိုင်းတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။[၁] (တိုကျို မျှော်စင် ကဲ့သို့သော) အခြားသော မျှော်စင်များနှင့် မတူညီသည်မှာ သတ္တု ရာဇမတ်ကွက် ဘောင် (metal lattice frames) များဖြင့် တည်ဆောက်ထားသည်။[၄] ၎င်းကို အထူ ၁၂-၂၂ မီလီမီတာ (၀.၄၇ - ၀.၈၇ လက်မ) ရှိသည့် သံမဏိပြားများဖြင့် ဖုံးအုပ်ထားသည်။ ထို့နောက် ယင်းတို့ကို အတူတကွ ဂဟေဆက်ပြီး အဖြူရောင် ဆေးသုတ်ထားသည်။[၃] The intended overall effect was for the tower to resemble a Japanese ဖယောင်းတိုင်.[၄] ကျိုတို တက္ကသိုလ်၌ အင်ဂျင်နီယာ ပါရဂူတစ်ဦးဖြစ်သည့် ကျွမ်းကျင်သူ တနဟရှိ မကိုတို (Makoto Tanahashi) ၏ အကြံဉာဏ်နှင့်အတူ ယာမာဒါ မာမိုရု (Mamoru Yamada) သည်[၅] ငလျင်နှင့် တိုင်ဖွန်းမုန်တိုင်း၏ ပြင်းအားကို ခုခံနိုင်ရန် တည်ဆောက်ထားသည်။ မျှော်စင် စီးပွားရေးဌာနခွဲ၏ အကြီးအကဲ ဖြစ်သူ တမူရ ဆွတ်ယိုရှီ (Tsuyoshi Tamura) မှ တစ်နာရီလျှင် ၂၀၁မိုင်နှုန်းဖြင့် တိုက်ခိုက်နိုင်သည့်လေနှင့် ကိုဘေး သို့မဟုတ်တိုကျိုငလျင်များထက် မဂ္ဂနီကျူ့ ပိုမိုမြင့်မားသည့်ငလျင်မှ ရှင်ကျန်ရစ်နိုင်သည်ဟု အခိုင်အမာဆိုထားသည်။[၁] ၁၉၆၄ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် အများပြည်သူများ လာရောက်လည်ပတ်နိုင်ရန်အတွက် ဖွင့်လှစ်ပေးခဲ့သည်။[၄] ဖွင့်လှစ်ခဲ့သည့် ပထမတစ်နှစ်အတွင်းမှာပင် မျှော်စင်သို့ လူတစ်သန်း လာရောက်ခဲ့ကြသည်။ Throughout the years, the tower's draw as a tourist attraction has diminished. ၁၉၉၉ ခုနှစ်တွင် လက်မှတ်ရောင်းအားသည် တစ်နှစ်လျှင် လေးသိန်း အောက်သို့ကျဆင်းသွားသည်၊ သို့မဟုတ် တစ်နေ့လျှင် ၁၁၀၀ ခန့်ဖြစ်သည်။[၁]
အငြင်းပွားမှု
ပြင်ဆင်ရန်ကျိုတို မျှော်စင်သည် စီမံကိန်းရေးဆွဲစဉ် ကာလကတည်းက အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည်။ လူထု ဆန့်ကျင်မှုသည် မျှော်စင်၏ ကုန်ကျစရိတ် သန်း ၃၈၀ (၁၉၆၃တွင် ဒေါ်လာ ၁.၀၅၆ သန်း) သာမက ပင်အပ်ပုံစံ မိုးချွန်အမြင့်သည် ရှေးဟောင်းမြို့တော်အတွက် ခေတ်မီလွန်းသည်ဟု လူအများက ယုံကြည်ကြသည်။[၁]
Facilities
ပြင်ဆင်ရန်Kyoto Tower is split into two distinct structures. အဓိကတည်ဆောက်ပုံသည် အောက်တွင်ရှိသည့် အဆောက်အဦ၏အမိုးမှ စတင်သည့် steel spire ဖြစ်သည်။ ခရီးသွားများသည် လက်မှတ်များဝယ်ယူ၍ မျှော်စင်၏ ဓာတ်လှေကား ကိုးခုအနက်မှ တစ်ခုဖြင့် အမြင့်ပေ သုံးရာ့သုံးဆယ်ရှိ လူ ငါးရာဆန့်သည့် လေ့လာမှု့ဆိုင်ရာ ကုန်းပတ်သို့ လည်ပတ်နိုင်သည်။ ၎င်းနေရာတွင် ဂိမ်းစက်များ၊ အခမဲ့ ကြည့်ရှု့နိုင်သည့် တယ်လီစကုပ်များဖြင့် စီတန်းထားပြီး မြို့၏ မြင်းကွင်းကို ၃၆၀ ဒီဂရီ ကြည့်ရှု့နိုင်သည်။[၁] ထိုနေရာမှ ကျိုတို တစ်မြို့လုံးနီးပါးကို တွေ့မြင်နိုင်သည်။ မြောက်ဘက်ရှိ ခိတယာမ တောင်တန်းအား မြင်ရချိန်တွင် အရှေ့ဘက်နှင့် အနောက်ဘက်အသီးသီးမှ ဟီဂရှီယာမတောင်တန်းနှင့် အာရာရှီယာမ တောင်တန်းများကို မြင်နိုင်သည်။ နေသာသည့် နေ့များတွင် တောင်ဘက်မှနေ၍ အိုဆာကာရှိ အဆောက်အဦတချို့ကို တွေ့မြင်နိုင်သည်။[၂]
ဒုတိယဖွဲ့စည်းပုံသည် တန်ချိန် ရှစ်ရာရှိသည့်မျှော်စင်အား အပြည့်အဝ ထောက်ခံပေးထားသည့် အမြင့် ၃၀.၈ မီတာရှိသည့် ကိုးထပ်တိုက်ဖြစ်သည်။ အဆောက်အဦ၏ ပထမထပ်သည် စာအုပ်ဆိုင်တစ်ဆိုင်၊ ယန်း ၁၀၀ ဆိုင်တစ်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်တစ်ဆိုင်နှင့် သွားဆေးခန်းတခန်းတို့ပါဝင်သည်။ အဆောက်အဦ၏ မြေအောက်ထပ်တွင် spa တခုရှိသည်။ Floors 5–9 are devoted to the 160-room, three-star Kyoto Tower Hotel.[၃] အထပ်သုံးထပ်ပါ Sky Lounge "空" KUU အမည်ရှိ စားသောက်ဆိုင်သည် အဆောက်အဦ၏ထိပ်တွင်ရှိသည့် မျှော်စင်၏အောက်ခြေအား စက်ဝိုင်းပုံစံ ဝန်းရံထားသည်။
လေ့လာမှုဆိုင်ရာကုန်းပတ်သို့ ဘီးတပ်ကုလားထိုင်ဖြင့် တက်ရောက်နိုင်ရန် ဆင်ခြေလျှောနှင့် stair lift ကဲ့သို့သော အရာများကို ထည့်သွင်းစီစဉ်ထားသည်။[၆]
ပြခန်း
ပြင်ဆင်ရန်-
Kyoto Tower well lit-up at night on 24 December 2016.
File:Kyoto Tower 5.JPG
အခြားကြည့်ရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ Tegler, Gary (2002-02-07)။ Taking a more traditional view။ ဂျပန်တိုင်းမ်။ 6 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-08-17 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ Lindelauf, Perrin။ Rise Above: Perrin Lindelauf climbs to the top of Kansai's towers။ JapanVisitor.com။ 2008-08-17 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ Kyoto Tower (2008-05-02)။ February 26, 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-08-17 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ၄.၂ Kyoto Tower။ Kyoto City Tourism and Culture Information System။ 27 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-08-17 တွင် ပြန်စစ်ပြီး။
- ↑ Kyoto Tower – Kyoto Station
- ↑ Kyoto Tower | Accessible Japan
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- ကျိုတို မျှော်စင်၏ တရားဝင် စာမျက်နှာ (ဂျပန်ဘာသာဖြင့်)
- ကျိုတို ဟိုတယ်၏ တရားဝင် စာမျက်နှာ